အင်းစိန်ဗဟိုအကျဉ်းထောင် အချုပ်သားများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေး

 

ရန်ကုန်    ဩဂုတ်       ၂၆


ရန်ကုန်တိုင်းဒေသကြီး   အင်းစိန်မြို့နယ်  အင်းစိန်(ဗဟို)   အကျဉ်းထောင်အတွင်း  ထိန်းသိမ်းထားရှိသော အကျဉ်းသား၊ အကျဉ်းသူ/  အချုပ်သား၊ အချုပ်သူများအား လတ်တလော   ဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း ကာလအတွင်း  ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့်   ကူးစက်ပျံ့နှံ့မှု   မရှိစေရေးအတွက်   ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ဆေး     ဒုတိယအကြိမ်   ထိုးနှံပေးခြင်းကို      ယနေ့နံနက်ပိုင်းတွင်    အဆိုပါ အကျဉ်းထောင်အတွင်းရှိ   ကဇာတ်ရုံ၌     ထိုးနှံဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


အားလုံးကို ထိုးနှံပေး


“ ဒီကနေ့       အင်းစိန်ဗဟို အကျဉ်းထောင်အတွင်း ထိန်းသိမ်း ထားတဲ့  အကျဉ်းသူ၊ အကျဉ်းသား/ အချုပ်သူ၊   အချုပ်သားတွေကို ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ဆေး ထိုးနှံပေးမှုဟာ  ဒုတိယအကြိမ် ဖြစ်ပါတယ်။   ပြောရရင်  နောက် ရက်တွေမှာလည်း ပထမအကြိမ် ထိုးပြီးသားသူတွေကို  ထပ်မံထိုး ပေးသွားမှာဆိုတော့ ဒီကနေ့ဟာ တစ်ကျော့ပြန်   စတင်ထိုးပေးတဲ့ ပထမဆုံးနေ့ပါ။  ပထမအကြိမ် ထိုးနှံတာက  စုစုပေါင်း   ၇၂၀၀ ဝန်းကျင်ဆိုတော့    သုံးလေးရက် လောက်တော့   ရက်ဆက်ထိုးနှံ ပေးရမယ့်   သဘောရှိပါတယ်။ အားလုံးကို ထိုးနှံပေးသွားမှာပါ” ဟု အင်းစိန် ဗဟိုအကျဉ်းထောင် မှ      တာဝန်ရှိသူတစ်ဦးက   ပြော   သည်။ 


ဒုတိယအကြိမ် ထိုးနှံ


ထိုသို့     ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး   ဒုတိယအကြိမ် ထိုးနှံ   ဆောင်ရွက်ပေးရာတွင် အကျဉ်းထောင်      (အင်းစိန်)ရှိ အကျဉ်းသား၊      အချုပ်သား စုစုပေါင်း၂၄၁၇ဦးအား ကျန်းမာ ရေးဝန်ကြီးဌာနက       ချမှတ် လမ်းညွှန်ထားသော  ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး စည်းကမ်း ချက်များနှင့်အညီ     ဒုတိယအကြိမ် ထိုးနှံပေးခဲ့ခြင်းဖြစ်သည်။


ယခုဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး  ထိုးနှံပေးသူ များသည်    ပြီးခဲ့သော  ဇူလိုင် ၂၈ ရက်က  ပထမအကြိမ်  ထိုးနှံခဲ့သူ များဖြစ်သည်။ 
ယင်းသို့      ကာကွယ်ဆေး ထိုးနှံပေးရာတွင်    အကျဉ်းဦးစီး ဌာနမှ     ရန်ကုန်တိုင်းဒေသကြီး  ဦးစီးမှူး      ညွှန်ကြားရေးမှူး     ဦးမျိုးဦးနှင့်  အင်းစိန်   ဗဟိုအကျဉ်း ထောင်  တာဝန်ခံအရာရှိ  ဒုတိယ ညွှန်ကြားရေးမှူး  ဦးဇော်လင်း အောင်တို့က  အနီးကပ်ကြီးကြပ် ဆောင်ရွက်ပြီး  အကျဉ်းထောင် ဆေးရုံမှ ဆေးရုံအုပ် လက်ထောက် ညွှန်ကြားရေးမှူး       ဒေါက်တာ စံလင်းထွန်းနှင့်      ဆရာဝန်များ၊   သူနာပြုများ၊ ကျန်းမာရေးမှူးများ၊ ဆေးမှူးများက     ဆေးထိုးနှံပေး ကြောင်း  သိရသည်။  


သတင်း-မြင့်မိုရ် 
ဓာတ်ပုံ-မင်းထက်