
ကွာလာလမ်ပူ သြဂုတ် ၂၁
မလေးရှားနိုင်ငံ၏ ဒုတိယ ဝန်ကြီးချုပ်ဟောင်း အစ္စမေးလ် ဆာဘရီယာကော့ဗ်သည် မလေး ရှားနိုင်ငံ၏ ဝန်ကြီးချုပ်သစ် အဖြစ် ယနေ့တွင် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ကြောင်း သိရသည်။
အမျိုးသားနန်းတော်၌ မလေးရှား ဘုရင် ဆူလ်တန်အဗ်ဒူလာ ဆူလ်တန်အာမက်ရှာ၏ ရှေ့မှောက် တွင် မလေးရှားရိုးရာ ဝတ်စုံဝတ်ဆင် ပြီး ကျမ်းသစ္စာကျိန်ဆိုနေသည့်အစ္စမေးလ်ဆာဘရီ၏ ပုံများကို ရုပ်သံလွှင့်ဌာနတွင် တိုက်ရိုက် ထုတ်လွှင့်ခဲ့သည်။
အသက် ၆၁ နှစ်အရွယ် အစ္စ မေးလ်ဆာဘရီသည် ယူနိုက်တက် မလေးလူမျိုးများ အမျိုးသားအဖွဲ့ ၏ ဒုတိယဥက္ကဋ္ဌဖြစ်ပြီး ဇူလိုင် လက ဒုတိယဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခန့်အပ်ခြင်း မခံရမီ မလေးရှား ဝန်ကြီးချုပ်ဟောင်း မူဟစ်ဒင်ယာဆင်၏ အစိုးရအဖွဲ့ တွင် ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
ဆာဘရီသည် ၎င်း၏ ယူနိုက်တက် မလေးလူမျိုးများ အမျိုးသားပါတီနှင့် မူဟစ်ဒင် အစိုးရ၏ ထောက်ခံမဲများကို လက်ခံရရှိခဲ့ကြောင်း သိရသည်။
အစ္စမေးလ် ဆာဘရီသည် မလေးရှား အောက်လွှတ်တော် တွင် အမတ်အများစု၏ ထောက်ခံ မှုမရရှိခဲ့ခြင်းကြောင့်် သြဂုတ် ၁၆ ရက်က ရာထူးမှ နုတ်ထွက်ခဲ့ သည့်မူဟစ်ဒင်ယာဆင်း၏ ရာထူး နေရာကို ဆက်ခံမည်ဖြစ်ကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - ဂျေတီ