တောင်ကိုရီးယားနိုင်ငံ၌ ကိုဗစ် -၁၉ ကူးစက်ခံရသူပေါင်း ၁၈၈၀ ထပ်မံတွေ့ရှိ

ဆိုးလ် ဩဂုတ် ၂၁
တောင်ကိုရီးယားနိုင်ငံတွင် ဩဂုတ် ၂၁ ရက်က နောက်ထပ် ကိုဗစ်-၁၉ ကူးစက်ခံရသူဦးရေ ၁၈၈၀ ထပ်မံတွေ့ရှိခဲ့ပြီး စုစုပေါင်းကူးစက်ခံရသူ ၂၃၄၇၃၉ ဦးအထိ  ရှိလာခဲ့သည်။  နေ့စဉ်   ကူးစက်မှုနှုန်းမှာ ၂၀၀၀ အောက်     လျော့ကျလာပြီဖြစ်သော်လည်း ၁၀၀၀ အထက်တွင်   ရှိနေသည်မှာ   ၄၆  ရက် ဆက်တိုက်ရှိနေပြီဖြစ်သည်။
ပြီးခဲ့သည့်သီတင်းပတ်အတွင်း  ပျမ်းမျှနေ့စဉ် ကူးစက်မှုနှုန်းမှာ ၁၈၀၅ ဦး ရှိသည်။  နောက်ထပ် ကူးစက်ခံရသူများထဲတွင် ၅၁၈  ဦးမှ    ဆိုးလ်မြို့ ဒေသခံများဖြစ်ပြီး ဂယောင်းဂီပြည်နယ်တွင်  ၅၈၅ ဦးနှင့် အနောက်ပိုင်းဆိပ်ကမ်းမြို့ဖြစ်သည့် အင်ချွန်း တွင် လူဦးရေ ၉၀ ကူးစက်ခံထားရသည်။
မြို့ပြဒေသမှမဟုတ်ဘဲ ကူးစက်ခံရသူ ၆၂၁ ဦး ရှိပြီး ဒေသတွင်းကူးစက်မှု၏ ၃၄ ဒသမ ၂ ရာခိုင်နှုန်း ရှိသည်ဟုသိရသည်။ ပြည်ပမှ ကူးစက်ခံလာရသူ ၆၆ ဦးရှိပြီး   စုစုပေါင်းပြည်ပမှ  ကူးစက်ခံလာရသူ ပေါင်း ၁၃၁၁၁ ဦး ရှိသည်။  
ကိုဗစ်-၁၉  နှင့်   ဆက်စပ်ပြီး   နောက်ထပ် သေဆုံးသူ ငါးဦး ထပ်တိုးခဲ့သည့်အတွက် သေဆုံးသူ စုစုပေါင်းမှာ ၂၂၀၂ ဦးရှိသည်။ သေဆုံးမှုရာခိုင်နှုန်းမှာ ၀ ဒသမ ၉၄ ရာခိုင်နှုန်းရှိသည်။ 
ဆေးရုံမှ  ဆင်းသွားသည့်   လူနာ ၁၇၄၃  ဦး ထပ်တိုးလာခဲ့သည်။ တောင်ကိုရီးယားတွင် ဖေဖော် ဝါရီ ၂၆ ရက်မှစတင်ကာ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးပေးခဲ့ပြီး  ကာကွယ်ဆေးတစ်ကြိမ်ထိုးပြီးသူ ၂၅၅၀၁၉၉၀ ရှိသည်။ ၁၁၄၃၉၀၉၃ ဦး မှာ နှစ်ကြိမ် ကာကွယ်ဆေးထိုးပြီးဖြစ်ကြောင်း သိရသည်။ 
ဆင်ဟွာ