
ကဘူးလ်မြို့တွင် ပိတ်မိနေသည့် အာဖဂန်နစ္စတန် အားကစားသမား များမှာ တိုကျိုမသန်စွမ်းအိုလံပစ် အားကစားပြိုင်ပွဲသို့ လာရောက် ယှဉ်ပြိုင်နိုင်ခြင်းမရှိတော့ဟု အပြည် ပြည်ဆိုင်ရာ မသန်စွမ်းအားကစား ကော်မတီဥက္ကဋ္ဌက ဩဂုတ် ၁၈ ရက်တွင် ပြောသည်။ ပါဝင်ယှဉ်ပြိုင် မည့်အမျိုးသမီးအားကစားသမား တစ်ဦးထံမှ တိုကျိုသို့ လာရောက် နိုင်ရေး အကူအညီတောင်းခံသည့် ဗီဒီယိုကိုလည်း တွေ့မြင်ရသည်။ ကဘူးလ်မြို့ လေဆိပ်အခြေအနေမှာ ဆိုးရွားနေပြီး အရပ်ဘက် လေယာဉ်ခရီးစဉ်များလည်းမရှိတော့ ကြောင်း ၎င်းကပြောသည်။ ထို့ ကြောင့် အာဖဂန်မှ လာရောက် ယှဉ်ပြိုင်မည့် အားကစားသမား များကို တိုကျိုသို့ ခေါ်ဆောင်ရန် မဖြစ်နိုင်တော့ဟု အပြည်ပြည်ဆိုင်ရာမသန်စွမ်းအားကစားကော်မတီ ဥက္ကဋ္ဌအန်ဒရူးပါဆန်က ပြောသည်။
တိုင်းပြည်အတွင်း ဖရိုဖရဲအခြေ အနေများကြောင့် ဩဂုတ် ၂၄ ရက် တိုကျိုတွင်ကျင်းပမည့် မသန်စွမ်း အိုလံပစ်အားကစားပြိုင်ပွဲသို့ အာဖဂန် အားကစားသမားများ လာရောက် ယှဉ်ပြိုင်နိုင်တော့မည် မဟုတ်ဟု အာဖဂန် မသန်စွမ်း အားကစား ကော်မတီကပြောသည်။ တိုက်ကွမ်ဒို အားကစားသမား ဇာခီရာခူဒတ်ဒါဒီ နှင့် ပြေးခုန်ပစ်အားကစားသမား ဟိုစိန် ရာဆူလီတို့မှာ ဩဂုတ် ၁၇ ရက်တွင် တိုကျိုသို့ ရောက်ရှိရန် စီစဉ်ထားခဲ့သည်။ အိုလံပစ် အားကစားပြိုင်ပွဲမှာ ယခုလ အစော ပိုင်းတွင် ပြီးဆုံးသွားခဲ့ပြီး မသန်စွမ်း အားကစားပြိုင်ပွဲကို ပွဲကြည့် ပရိသတ်မပါဘဲ ကျင်းပသွားမည် ဖြစ်သည်။
စီအင်န်အင်န်