ပြည်တွင်းစစ်ရဲ့အကျိုးဆက် ယီမင်မြောက်ပိုင်း ကလေးငယ်များ ကာကွယ်ဆေးထိုးနှံရေး အခက်ကြုံ

 

လင်းဟန်သစ်

ယီမင်နိုင်ငံမြောက်ပိုင်း ဝန်းရံခံထားရတဲ့ ဟာဂျာပြည်နယ်ရဲ့ ခရိုင်ဒေသတွေမှာ ကလေးငယ် ၁၁၃၅၀ ခန့်ဟာ သုံးနှစ်ကျော်လာသည့်တိုင် ရောဂါတွေကို ခုခံကာကွယ်ပေးမယ့် ကာကွယ်ဆေးတွေ မထိုးရသေးပါဘူး လို့ ဒေသကျန်းမာရေးအာဏာပိုင်တွေက ပြောကြားလိုက်ပါတယ်။ အဲဒီထဲမှာ အသက်သုံးနှစ်ရှိပြီဖြစ်တဲ့ အာမာနီလည်း ပါဝင်ပါတယ်။ 
ဘာကာကွယ်ဆေးမှ မထိုးရသေးဘူး 
‘‘ကျွန်တော့်သမီးလေးဟာ    ရောဂါ ကူးစက်နိုင်ခြေများနေပါတယ်။    သူဟာ မွေးကတည်းက   အခုချိန်အထိ   ပိုလီယို ရောဂါကာကွယ်ဆေး သို့မဟုတ် တခြား ဘယ်ကာကွယ်ဆေးမှ မထိုးရသေးပါဘူး။ ကျွန်တော့်သမီးရဲ့      ကျန်းမာရေးနဲ့ ပတ်သက်ပြီး    စိုးရိမ်ပူပန်မိတယ်’’လို့ စိတ်မကောင်းစွာနဲ့   ပြောလာတဲ့သူက တော့ သူ့အဖေ အဗ္ဗဒူလာ ဖာရက်ပဲဖြစ်ပါ တယ်။ သူတို့ဟာ  မြောက်ပိုင်း  ဟေရန် ခရိုင်မှာနေထိုင်ကြပါတယ်။ 
‘‘အလုပ်အကိုင်လည်းမရှိဘူး။ အစား အစာလည်းမရှိဘူး။ ဆေးလည်းမရှိဘူး။ ကြောက်ရွံ့ခြင်းတွေသာ ကျွန်တော်တို့ကို လွှမ်းခြုံထားတယ်’’လို့ သူကပြောပါတယ်။
စစ်ပွဲကြောင့်       ရွှေ့ပြောင်းစခန်းကို ထွက်ပြေးကြရ  
ဖာရက်ရဲ့ မိသားစုဟာ စစ်ပွဲကြောင့် ရွှေ့ပြောင်းစခန်းကို   ထွက်ပြေးလာရတဲ့ မိသားစုတွေထဲက  သနားစရာ  မိသားစု တစ်စုဖြစ်ပါတယ်။ အဲဒီ ရွှေ့ပြောင်းစခန်း ဟာ ဆော်ဒီနယ်စပ်နားမှာရှိပါတယ်။
စစ်ဘေးရှောင်မိသားစုထဲမှာ ပါဝင် နေတဲ့   သူတို့မိသားစုဟာ  ဒီနှစ်ထဲမှာ ဟေရန်ဒေသမှာရှိတဲ့   သူတို့ရဲ့ရွာကို ပြန်သွားမယ်ဆိုရင်တော့ စိတ်မကောင်း စွာနဲ့  တွေ့လိုက်ရမှာကတော့  စစ်ပွဲ အတွင်းမှာ လုံးဝကို ပျက်စီးခဲ့တဲ့ သူတို့ရဲ့ အိမ်တွေပဲဖြစ်ပါတယ်။
ဒုက္ခနွံအတွင်းသက်ဆင်းခဲ့တဲ့ယီမင် 
အီရန်   ကျောထောက်နောက်ခံပြု ထားတဲ့      ဟူသီပြည်သူ့စစ်တွေက နိုင်ငံရဲ့မြောက်ပိုင်းပြည်နယ်   အများစုကို ထိန်းချုပ်လိုက်ပြီး   နိုင်ငံတကာအသိ အမှတ်ပြု အစိုးရဖြစ်တဲ့ သမ္မတ အက်ရာ ဘူးမန်ဆော်ဟာဒီကို မြို့တော် ဆာနား က ထွက်ခွာစေခဲ့တဲ့ ၂၀၁၄ ခုနှစ် နှောင်းပိုင်း ပြည်တွင်းစစ်ဖြစ်ကတည်းက ယီမင်ဟာ ဒုက္ခနွံအတွင်းသက်ဆင်းခဲ့ရပါတယ်။
ယီမင်ပြည်တွင်း          စစ်ကြောင့် လူပေါင်း  ထောင်ချီအသက်ဆုံးရှုံးခဲ့ရပါ တယ်။ လူပေါင်း လေးသန်းကျော် ပြောင်း ရွှေ့မှုများ   လုပ်ဆောင်ခဲ့ရပြီး   ယီမင် ပြည်သူတွေကို   ငတ်မွတ်ခေါင်းပါးမှု တောထဲ တွန်းပို့လိုက်ပါတော့တယ်။
ကာကွယ်ဆေးမထိုးရတာ သုံးနှစ်ကျော် ကာလထဲ ဝင်ရောက်လာ  
နောက်ထပ်      ယီမင်တစ်ဦးဖြစ်တဲ့ အာလီအက်ဒီက  သူ့သမီးဆီဟန်လည်း လွန်ခဲ့တဲ့သုံးနှစ်    သူ့ကိုမွေးခဲ့တဲ့အချိန် ကစပြီး    အခုချိန်အထိ    ဘာကာကွယ် ဆေးမှ မထိုးရသေးဘူးလို့ စိတ်မကောင်း စွာ ပြောကြားခဲ့ပါတယ်။ 
အစိုးရထိန်းချုပ်ထားတဲ့ မြောက်ပိုင်း ခရိုင်တွေမှာရှိတဲ့     တစ်နှစ်အောက် ကလေးငယ် ၂၄၅၀  နီးပါးနဲ့   ငါးနှစ် အောက်ကလေးငယ်    ၈၉၀၀   တို့ဟာ အခုချိန်အထိ    ပိုလီယိုရောဂါကာကွယ် ဆေးအပါအဝင် ဘယ်ကာကွယ်ဆေးမှ မထိုးရတာ   သုံးနှစ်ကျော်ကာလထဲ ဝင်ရောက်လာပြီလို့           ဟေရန်ခရိုင် ကျန်းမာရေးရုံး     ညွှန်ကြားရေးမှူး ဒေါက်တာ တာရစ်မီ ဆဝက်ခ်ဟီဘာက ပြောပါတယ်။
ကိုယ်ဝန်ဆောင်အများစု     အသက် အန္တရာယ်နဲ့ရင်ဆိုင်နေရ  
ကာကွယ်ဆေးထိုး      အဖွဲ့တွေနဲ့ ဆေးဝါးတွေ          ပြတ်လပ်မှုကြောင့် ကိုယ်ဝန်ဆောင်အများစုလည်း ကျန်းမာ ရေးစောင့်ရှောက်မှု   မရရှိတဲ့အတွက် အသက်အန္တရာယ်နဲ့    ရင်ဆိုင်နေရပါ တယ်လို့ သူက ပြောပါတယ်။ 
ယီမင်မှာလုပ်ကိုင်ဆောင်ရွက်နေတဲ့ အပြည်ပြည်ဆိုင်ရာ     ဒုက္ခသည်ကူညီ စောင့်ရှောက်ရေး  အဖွဲ့အစည်းတွေကို ကျန်းမာရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး အဲဒီကာကွယ်ဆေးတွေကို အဝိုင်းခံထား ရတဲ့ ခရိုင်ဒေသတွေဆီ အရောက်ပို့ပေးပို့ အနူးအညွတ်မေတ္တာရပ်ခံ   ပန်ကြားလို ပါတယ်လို့ သူက ဆက်ပြောခဲ့ပါတယ်။
ဟေရန်ခရိုင်အပြင်      အစိုးရဟာ အိမ်နီးချင်းခရိုင်တွေဖြစ်တဲ့ မီဒီ၊ ဟာရက်၊ အက်ဘ်တို့ကို   ထိန်းချုပ်ထားပါတယ်။ အဲဒီခရိုင်တွေကတော့   ဟာဂျာပြည်နယ် မြောက်ပိုင်းမှာ တည်ရှိပါတယ်။ 
ပိုလီယိုကာကွယ်ဆေးဟာ ကလေးငယ် တွေအတွက် အလိုအပ်ဆုံး 
ဟေရန်ကျန်းမာရေးရုံးရဲ့  ထုတ်ပြန် ဖော်ပြချက်အရ   အဲဒီခရိုင်ဒေသတွေမှာ ရှိတဲ့   လူနာပျမ်းမျှ   အယောက်  ၃၀၀ လောက်ဟာ ကျန်းမာရေးဌာနကို  လာ ရောက်ကြရတယ်လို့     သိရပါတယ်။ အဲဒီထဲမှာ အများစုကတော့ ကလေးတွေ နဲ့ အမျိုးသမီးတွေပဲဖြစ်ပါတယ်။
ပိုလီယိုကာကွယ်ဆေးဟာ  အဲဒီခရိုင် ဒေသတွေမှာရှိတဲ့ ကလေးတွေအတွက် အလိုအပ်ဆုံး   ကာကွယ်ဆေးတစ်ခုဖြစ် ပါတယ်။ ဒါ့အပြင် ဆုံဆို့နာ၊ ဝက်သက်၊ အသည်းရောင်အသားဝါ ဘီ၊  ကြက်ညှာ ချောင်းဆိုးနဲ့ ဂျိုက်သိုးရောဂါ ကာကွယ် ဆေးတွေလည်း       လိုအပ်ပါတယ်လို့ ဟေရန်ကျန်းမာရေးရုံးရှိ   ဒေါက်တာ မိုဟာ  မက်အယ်လ်ဖာဟီဒီက   ပြောပါ တယ်။
ရေညစ်ညမ်းခြင်းနဲ့ အာဟာရမပြည့်ဝ ခြင်းကြောင့် ရောဂါကူးစက်ပြန့်ပွား  
ဒီကာကွယ်ဆေးတွေ မထိုးဘူးဆိုရင် အပြင်းအထန်  နေမကောင်းဖြစ်နိုင်ပြီး ဒုက္ခိတဘဝတောင်   ရောက်နိုင်တယ်လို့ သူက အသိပေးပြောကြားပါတယ်။ 
တစ်ရုံးတည်းအတူနေ   ဒေါက်တာ မိုဟာမက်   အယ်လ်ရှာရဘီကလည်း ဒီဒေသတွေမှာ ရောဂါကူးစက်ပြန့်ပွားရ တဲ့     အဓိကအကြောင်းရင်းကတော့ ရေညစ်ညမ်းခြင်းနဲ့  အာဟာရမပြည့်ဝ ခြင်းတို့ကြောင့်ပဲ     ဖြစ်တယ်လို့ပြော ကြားလိုက်ပါတယ်။
နာရီအနည်းငယ်အတွင်းမှာ အကြောသေ
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးဖြစ်တဲ့ (ဒဗလျူအိတ်ချ်အို) က   ပိုလီယိုဗိုင်းရပ်စ် ဟာ အသက်ငါးနှစ်အောက်ကလေးတွေ ရဲ့   အာရုံကြောစနစ်ထဲ   ဝင်ရောက်ပြီး နာရီအနည်းငယ်အတွင်းမှာ သွက်ချာပါဒ လိုမျိုး လေငန်းဖမ်းခြင်း၊ အကြောသေ သွားခြင်း လေဖြတ်ခြင်းတွေဖြစ်စေတယ် လို့ဆိုထားပါတယ်။  
အဲဒီဗိုင်းရပ်စ်ဟာ  ညစ်ညမ်းတဲ့ရေနဲ့ အစားအစာကတစ်ဆင့်   ကလေးတွေ ကြားထဲမှာ   ကူးစက်ပျံ့နှံ့စေပါတယ်။ အဲဒီဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့ ကလေး အယောက် ၂၀၀ လောက်မှာ တစ်ယောက် လောက်ဟာ     ခြေထောက်    ထာဝရ အကြောသေခြင်းကို ဖြစ်ပေါ်စေပါတယ်။
ကုလသမဂ္ဂကလေးများ ရန်ပုံငွေ အဖွဲ့ (ယူနီဆက်ဖ်)က ဇွန်လအစီရင်ခံစာ မှာ      ကာကွယ်ဆေးတားဆီးနိုင်တဲ့ ရောဂါဖြစ်ပွားမှုကြောင့်      ယီမင်မှာ ဆယ်မိနစ်ကို   ကလေးတစ်ယောက်နှုန်း သေဆုံးနေတယ်လို့  ဖော်ပြထားပါတယ်။ အစီရင်ခံစာအရ ယူနီဆက်ဖ်နဲ့ ဒဗလျူ အိတ်ချ်အိုတို့ဟာ     သုံးရက်အတွင်းမှာ ပြည်နယ်ပေါင်း  ၁၄  ခုမှာရှိတဲ့ အသက် ငါးနှစ်အောက်      ကလေးငယ်ပေါင်း ၃၇၉၁၅၁၁   ဦးကို   ကာကွယ်ဆေးတွေ ထိုးပေးခဲ့တယ်။     အဲဒီကာကွယ်ဆေး ထိုးပေးခဲ့တဲ့  ပမာဏဟာ  ကာကွယ်ဆေး ထိုးပေးရမယ့် စုစုပေါင်း ပမာဏရဲ့ ၈၉ ရာခိုင်နှုန်းရှိခဲ့ပါတယ်။     ။


ကိုးကား - ဆင်ဟွာ