ထိုင်းနိုင်ငံ၌ ကိုဗစ် - ၁၉ ကူးစက်ဖြစ်ပွားမှု တစ်သန်းကျော်လွန်လာပြီး သေဆုံးသူ ၈၈၂၆ ဦး ရှိလာ

 

ဘန်ကောက်   သြဂုတ်  ၂၀

 

ထိုင်းနိုင်ငံ၌    သြဂုတ်  ၂၀ ရက်က    ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ   တစ်သန်းကျော်လွန်လာခဲ့ပြီ ဖြစ်သည်။  အထူးသဖြင့်   ကူးစက်မြန်ပြင်းထန် ဒယ်လ်တာကိုဗစ်-၁၉ အသွင်ပြောင်းမျိုးစိတ်သစ်ကူးစက်ပျံ့နှံ့မှုကြောင့် ထိုသို့ ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားသူ များလာခြင်းဖြစ်သည်။ 
ထိုင်းနိုင်ငံတွင် သြဂုတ် ၂၀ ရက်က ကိုဗစ်-၁၉ ထပ်မံကူးစက်ဖြစ်ပွားသူ ၁၀ ရက်အတွင်း ၂၀၀၀၀ အောက် ပထမဆုံးအကြိမ်ကျဆင်းခဲ့ပြီး ၁၉၈၅၁ ဦး ရှိကြောင်း ဖော်ပြမှုနှင့်အတူ နိုင်ငံအတွင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူပေါင်း ၁၀၀၉၇၁၀ အထိ ရောက်ရှိ လာခဲ့ကြောင်း ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သော  စာရင်းဇယားများအရ  သိရ သည်။  
လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားမှုကြောင့်   ၂၄၀ ထပ်မံသေဆုံးမှုနှင့်အတူ စုစုပေါင်း ကိုဗစ်-၁၉ ကြောင့်သေဆုံးသူ ၈၈၂၆ ဦး ရှိလာပြီဖြစ်သည်။
ဧပြီအစောပိုင်းက ထိုင်းနိုင်ငံ မြို့တော်ဘန်ကောက် တွင် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားချိန်မှစကာ ထိုင်း နိုင်ငံတွင်  ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူပေါင်းမှာ ၉၇ ရာခိုင်နှုန်းကျော် ရှိလာပြီဖြစ်သည်။
ထပ်မံတွေ့ရှိခဲ့သော ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု များမှာ များသောအားဖြင့် ကိုဗစ်-၁၉ အသွင်ပြောင်း မျိုးစိတ်များဖြစ်သည့် အယ်လ်ဖာနှင့် ဒယ်လ်တာ တို့ကြောင့်ဖြစ်သည်။ ဒယ်လ်တာကိုဗစ်-၁၉ အသွင် ပြောင်းမျိုးစိတ်သစ်သည်   ယခုအခါတွင်   မျိုးစိတ် အားလုံးကို  လွှမ်းမိုးလာပြီး  အလျင်အမြန်ကူးစက် ပျံ့နှံ့လာပြီဖြစ်သည်။ 
နိုင်ငံတစ်ဝန်း လတ်တလော ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားသူပေါင်း ၂၀၅၀၇၉ ဦးရှိလာပြီး ၎င်းတို့အနက် ၅၃၈၈ ဦးမှာ စိုးရိမ်ဖွယ်အခြေအနေရှိကာ ၁၁၆၁ ဦး မှာ အသက်ရှူအထောက်အကူပြုကိရိယာ လိုအပ် လျက်ရှိကြောင်း သိရသည်။ ဆေးရုံတက်ရောက်ကုသ ရသော ကိုဗစ်-၁၉ လူနာအရေအတွက် အနည်းငယ် ကျဆင်းလာသော်လည်း   နိုင်ငံ၏ ဆေးဘက်ဆိုင်ရာ အဆောက်အအုံများအနေဖြင့် ဝန်ပိလျက်ရှိကြောင်း သိရသည်။   
အစိုးရသည် ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ပိုမိုထိုးပေးနိုင်ရေး ကြိုးစားလျက်ရှိသည်။ ယခုနှစ် ကုန်တွင် လူဦးရေ သန်း ၇၀ နီးပါး၏ ၇၀ ရာခိုင်နှုန်းကို ကိုဗစ်-၁၉   ကာကွယ်ဆေးထိုးပေးရန်  စီစဉ်ထား ကြောင်း သိရသည်။
သြဂုတ် ၁၉    ရက်အထိ   ထိုင်းနိုင်ငံတစ်ဝန်း ကိုဗစ်- ၁၉ ကာကွယ်ဆေးထိုးပြီးသူ ၂၅ ဒသမ ၈ သန်းရှိလာပြီဖြစ်ကြောင်းသိရပြီး စုစုပေါင်းလူဦးရေ၏ ရှစ်ရာခိုင်နှုန်းမှာ ကာကွယ်ဆေးအပြည့်အဝထိုးပေးပြီးဖြစ်ကြောင်း သိရသည်။ 

ဆင်ဟွာ