အစ္စရေးနိုင်ငံတွင် အသက် ၄၀ အထက်များကို ကိုဗစ်-၁၉ ကာကွယ်ဆေး တတိယအကြိမ်ထိုးပေးရန် ကမ်းလှမ်း

 

ဂျေရုဆလင်   ဩဂုတ်   ၂၀


အစ္စရေးနိုင်ငံသည် ကိုဗစ်-၁၉ ကာကွယ်ဆေးကို    တတိယ အကြိမ်    ထိုးပေးရန်အတွက် ထိုးနိုင်ခွင့်ရှိသူ    အသက်အပိုင်း အခြားကို အသက် ၅၀ မှ အသက် ၄၀ အထိ   သတ်မှတ်သွားရန် ဩဂုတ် ၁၉ ရက်တွင်    ဆုံးဖြတ် ခဲ့သည်။ 
ကာကွယ်ဆေး     နှစ်ကြိမ် ထိုးပြီးသား   အသက် ၄၀   နှင့် အထက်များကိုပါ     နောက် တစ်ကြိမ် ကာကွယ်ဆေး   ထပ် ထိုးပေးရန် အစ္စရေးကျန်းမာရေး ဝန်ကြီးဌာန   ကျွမ်းကျင်သူများ ကော်မတီက    ထောက်ခံပေးခဲ့ သည်။ 
ထို့ပြင်   တိုင်းပြည်အတွင်း ကူးစက်မှုများ များပြားနေသည့် အတွက် ကျောင်းဆရာများကိုပါ ကာကွယ်ဆေး     ထိုးပေးရန်  ထောက်ခံချက်     ပေးခဲ့သည်။ ကျန်းမာရေး      ဝန်ကြီးဌာန၏ ညွှန်ကြားရေးမှူးချုပ်ထံမှ ခွင့်ပြု ချက်ရပါက ဩဂုတ် ၂၀ ရက်တွင် ပင် စတင်ထိုးပေးနိုင်ရေး မျှော်လင့် ထားကြသည်။ 
ယခုအချိန်အထိ   အစ္စရေး နိုင်ငံတွင်ကိုဗစ် -၁၉ ကာကွယ် ဆေး  တတိယအကြိမ်   ထိုးပြီးသူ လူပေါင်း ၁ ဒသမ ၂၅ သန်း ရှိပြီ ဖြစ်သည်။ ၎င်းတို့ထဲမှ ၁ ဒသမ ၉  သန်းမှာ  အသက်   ၅၀  နှင့် အထက်များဖြစ်ကြပြီး   လွန်ခဲ့ သည့်   ငါးလက   ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးထားကြသူများ ဖြစ်သည်။ 
အစ္စရေးနိုင်ငံတွင် တစ်ကြိမ် ကာကွယ်ဆေး   ထိုးပြီးသူ  ၅ ဒသမ ၈၈သန်း  တိုင်းပြည်လူဦးရေ ၏ ၆၃ ရာခိုင်နှုန်းရှိပြီး နှစ်ကြိမ် ကာကွယ်ဆေး   ထိုးပြီးသူ   အရေ အတွက်မှာ ၅ ဒသမ  ၄ သန်း ရှိသည်။         

ဆင်ဟွာ