
နေပြည်တော် ဩဂုတ် ၄
နိုင်ငံတော်အတွင်း ဆူပူအကြမ်းဖက်သူ လူအုပ်စု များက နိုင်ငံတော်ပိုင်အဆောက်အအုံများ၊ အေးချမ်းစွာ နေထိုင်လိုသော ပြည်သူလူထုအချို့၏ နေအိမ်များ၊ အများပြည်သူသွားလာလှုပ်ရှားနေသော လမ်းမကြီးများပေါ်တွင် လက်လုပ်ဗုံးများ ပစ်ဖောက် ခြင်း၊ မိုင်းထောင်ထားခြင်းများ စသည့် အဖျက် အမှောင့် လုပ်ရပ်များကို ကျူးလွန်လျက်ရှိသည်။
ထိုသို့ အဖျက်အမှောင့်လုပ်ရပ်များ ပြုလုပ်လျက် ရှိရာ ဩဂုတ် ၃ ရက် မွန်းလွဲ ၁ နာရီ ၄၅ မိနစ်ခန့်တွင် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့ နန့်ဟူးရပ်ကွက် ဖယ်ခုံ-လွိုင်ကော် သွား ကားလမ်းဘေးရှိ ဖယ်ခုံမြို့ အတွင်း ရေပေးဝေသည့်စက် ဝင်းအတွင်း ပေါက်ကွဲမှု ဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင် များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါရေပေးဝေ သည့် ရေစက်ဝင်းအတွင်း ရေပေးဝေသည့်စက်တွင် အသုံးပြုသည့် 100 KVA Transformer ကို အကြမ်းဖက်သူများက လက်လုပ် Remote မိုင်း တစ်လုံးဖြင့် ဖောက်ခွဲခဲ့သဖြင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှုကြောင့် 100KVA Transformer တစ်လုံး၊ ကြွေသီးကိုးလုံး၊ Transformer အထိုင်ပြုလုပ်ထား သည့် ၆ ပေ ပတ်လည် ကွန်ကရစ် အုတ်ခုံတစ်ခု၊ Power Meter တစ်လုံး၊ အရှည်ပေ ၁၀၀ ခန့်ရှိ 95 mm Cable ကြိုးတစ်ချောင်း၊ အရှည်ပေ ၁၆၀ ခန့်ရှိ 70 mm Cable ကြိုးတစ်ချောင်း၊ မိုးကြိုးလွှဲတစ်ခု၊ ရေပေးဝေသည့် စက်ခန်းအမိုးသွပ် ၁၄ ချပ်၊ သစ်သား တံခါးရွက် ၁၂ ရွက်တို့ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရ သည်။
အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်မှုလုပ်ရပ် ကျူး လွန်သူများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူ နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ် လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်