
နေပြည်တော် ဇူလိုင် ၂၄
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ၂၀၂၁ ခုနှစ် ဇူလိုင် ၂၀ ရက်တွင် (ကြားနာစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာ အမှုများ ပိတ်သိမ်းခြင်း) အတွက် အမိန့်အမှတ် (၁၄၇/၂၀၂၁)ကို ထုတ်ပြန်ခဲ့ရာ အမိန့်ပါ စာပိုဒ်(၂)တွင် ပါရှိသည့် အကျုံးဝင်သော အမှုအမျိုးအစားများအား (တရားရုံးစစ်ဆေးဆဲအမှုများ စိစစ်ဆေးရေးအဖွဲ့) ဖွဲ့စည်း၍ စနစ်တကျ အသေးစိတ်ကြီးကြပ်စစ်ဆေးခဲ့သည်။
ဖော်ပြပါ စိစစ်ရေးအဖွဲ့၏ စိစစ်မှုအပေါ် အကျုံးဝင်သူများ အား ၂၀၂၁ ခုနှစ် ဇူလိုင် ၂၂ ရက် နှင့် ဇူလိုင် ၂၃ ရက်များတွင် သက်ဆိုင်ရာအကျဉ်းထောင်များအသီးသီးမှ ပြန်လည်စေလွှတ် ပေးခဲ့ရာ စေလွှတ်ပေးခဲ့သူ အရေ အတွက် အနေဖြင့် ပြည်ထောင်စု နယ်မြေ၊ နေပြည်တော်တွင် အမျိုးသား ၅၃ ဦး၊ အမျိုးသမီး ၆ ဦး၊ ပေါင်း ၅၉ ဦး၊ ကချင်ပြည်နယ်မှ အမျိုးသား ၁၂၈ ဦး၊ အမျိုးသမီး ၂၀ ဦး၊ ပေါင်း ၁၄၈ ဦး၊ ကယား ပြည်နယ်မှ အမျိုးသား ၃၄ ဦး၊ အမျိုးသမီးနှစ်ဦး၊ ပေါင်း ၃၆ ဦး၊ ကရင်ပြည်နယ်မှ အမျိုးသားရှစ်ဦး၊ အမျိုးသမီးသုံးဦး၊ ပေါင်း ၁၁ ဦး၊ ချင်းပြည်နယ်မှ အမျိုးသားနှစ်ဦး၊ အမျိုးသမီးတစ်ဦး၊ ပေါင်းသုံးဦး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ အမျိုး သား ၅၀၀ ဦး၊ အမျိုးသမီး ၅၈ ဦး၊ ပေါင်း ၅၅၈ ဦး၊ တနင်္သာရီတိုင်း ဒေသကြီးမှ အမျိုးသား ၁၉၁ ဦး၊ အမျိုးသမီး ၂၇ ဦး၊ ပေါင်း ၂၁၈ ဦး၊ ပဲခူးတိုင်းဒေသကြီးမှ အမျိုးသား ၃၀၈ ဦး၊ အမျိုးသမီး ၃၃ ဦး၊ ပေါင်း ၃၄၁ ဦး၊ မကွေးတိုင်းဒေသကြီးမှ အမျိုးသား ၈၃ ဦး၊ အမျိုးသမီး ငါးဦး၊ ပေါင်း ၈၈ ဦး၊ မန္တလေးတိုင်း ဒေသကြီးမှ အမျိုးသား ၅၂၈ ဦး၊ အမျိုးသမီး ၅၄ ဦး၊ ပေါင်း ၅၈၂ ဦး၊ မွန်ပြည်နယ်မှ အမျိုးသား ၂၅၂ ဦး၊ အမျိုးသမီး ၂၅ ဦး၊ ပေါင်း ၂၇၇ ဦး၊ ရခိုင်ပြည်နယ်မှ အမျိုးသား ၃၃ ဦး၊ အမျိုးသမီးတစ်ဦး၊ ပေါင်း ၃၄ ဦး၊ ရန်ကုန်တိုင်းဒေသကြီးမှ အမျိုး သား ၁၅၀၃ ဦး၊ အမျိုးသမီး ၁၄၈ ဦး၊ ပေါင်း ၁၆၅၁ ဦး၊ ရှမ်းပြည်နယ် မှ အမျိုးသား ၁၁၉ ဦး၊ အမျိုးသမီး ၁၂ ဦး၊ ပေါင်း ၁၃၁ ဦး၊ ဧရာဝတီ တိုင်းဒေသကြီးမှ အမျိုးသား ၁၃၇ ဦး၊ အမျိုးသမီး ၂၃ ဦး၊ ပေါင်း ၁၆၀ ဦး၊ ပြန်လည်စေလွှတ်ပေးခဲ့သူ စုစုပေါင်းအနေဖြင့် အမျိုးသား ၃၈၇၉ ဦး၊ အမျိုးသမီး ၄၁၈ ဦး၊ ပေါင်း ၄၂၉၇ ဦး ဖြစ်သည်။
ပြန်လည် စေလွှတ်ပေးခဲ့သူ များအား သက်ဆိုင်ရာနယ်မြေ အလိုက် တာဝန်ရှိသူများမှ တွေ့ဆုံ အားပေးမှာကြားခဲ့ပြီး လိုအပ် သည့်အုပ်ချုပ်မှုကိစ္စရပ်များအား သက်ဆိုင်ရာဌာနများမှ ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်