ကိုဗစ်အတည်ပြုလူနာများကုသရာတွင် အသုံးပြုရန် လီတာ ၄၀ အောက်ဆီဂျင်အိုး အလွတ်ဘူး ၁၂၀၀ နှင့် အောက်ဆီဂျင်အရည် ၅ တန် လှူဒါန်း

 

မန္တလေး   ဇူလိုင်   ၂၃


မန္တလေးတိုင်းဒေသကြီး    စီမံအုပ်ချုပ်ရေးကောင်စီနှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တို့၏  ကြီးကြပ်မှု၊ ပြည်သူ့ကျန်းမာရေးနှင့် မန္တလေးမြို့ပြဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုရန်ပုံငွေ ရှာဖွေရေးကော်မတီ အစီအစဉ်ဖြင့် အလှူရှင်များမှ ကိုဗစ်လူနာများကုသရာတွင်အသုံးပြုရန် လီတာ ၄၀ အောက်ဆီဂျင်အိုး အလွတ်ဘူး ၁၂၀၀နှင့် အောက်ဆီဂျင်အရည် ၅  တန်လှူဒါန်းခြင်းကို   ယနေ့ ညနေ ၄  နာရီတွင်   မန္တလေး အထွေထွေရောဂါကုဆေးရုံကြီးတွင် ပြုလုပ်သည်။

 

လှူဒါန်းရာသို့ မန္တလေးတိုင်း ဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဝင်များဖြစ်ကြသည့်  ဗိုလ်မှူးကြီး ကျော်ကျော်မင်း၊   ဦးမျိုးအောင်၊ ဦးသိန်းဌေး၊ မန္တလေးအထွေထွေ ရောဂါကုဆေးရုံအုပ်ကြီး ဒေါက်တာ သက်အောင်နှင့်   တာဝန်ရှိသူများ၊ ပြည်သူ့ကျန်းမာရေးနှင့် မန္တလေး မြို့ပြဖွံ့ဖြိုးတိုးတက်ရေး အထောက် အကူပြု         ရန်ပုံငွေရှာဖွေရေး ကော်မတီမှ     တာဝန်ရှိသူများ တက်ရောက်ကြသည်။ 

 


ဦးစွာ ပြည်သူ့ကျန်းမာရေးနှင့် မန္တလေးမြို့ပြဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ရန်ပုံငွေရှာဖွေ ရေးကော်မတီမှ   လှူဒါန်းသည့် လီတာ ၄၀     အောက်ဆီဂျင်အိုး အလွတ်ဘူး ၁၂၀၀ နှင့်  ကိုးကန့် လူမှုဖွံ့ဖြိုးရေးအသင်းမှ အရည် သယ်ယာဉ်ဖြင့်  ဝယ်ယူလှူဒါန်း သည့် အောက်ဆီဂျင်အရည် ၅တန် တို့နှင့် ပတ်သက်သည့်       စာရွက် စာတမ်းများကို  ပြည်သူ့ကျန်းမာ ရေးနှင့် မန္တလေးမြို့ပြဖွံ့ဖြိုးတိုးတက် ရေးအထောက်အကူပြု  ရန်ပုံငွေ ရှာဖွေရေးကော်မတီမှ တာဝန်ရှိသူ များက       လွှဲပြောင်းပေးအပ်ရာ တိုင်းဒေသကြီး  စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် မန္တလေး အထွေထွေရောဂါကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးတို့က     လက်ခံ ရယူပြီး ကျေးဇူးတင်စကား ပြောကြားသည်။ 

 


ဝယ်ယူလှူဒါန်း


မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးရှိ   ကိုဗစ်အတည်ပြု လူနာများအား ကုသပေးရာတွင်  အောက်ဆီဂျင်ပြတ်လပ်မှုမရှိစေ ရန် အလှူရှင်များမှ လှူဒါန်းလျက် ရှိရာ  အဆိုပါဆေးရုံကြီးရှိ LIQUID OXYGEN PLANT သို့ ဇူလိုင် ၁၇ ရက်တွင် ပြည်သူ့ကျန်းမာရေးနှင့် မန္တလေးမြို့ပြဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုရန်ပုံငွေရှာဖွေရေးကော်မတီက တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ      အောက်ဆီဂျင် အရည် ၂၆ တန်ကို လည်းကောင်း၊ ဇူလိုင်  ၂၁  ရက်တွင်    အလှူရှင် ဦးခိုင်ဇော်ဆွေနှင့် ဇနီး  ဒေါ်သက် သက်လှိုင် မိသားစုက  မြဝတီမှ   အောက်ဆီဂျင်အရည် တန် ၂၀  ကို   လည်းကောင်း      ဝယ်ယူလှူဒါန်း ခဲ့ပြီးဖြစ်သည်။      

  
သတင်းစဉ်