
ဝါရှင်တန် ဇူလိုင် ၂၂
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် ယူကရိန်းသမ္မတ ဗိုလော့ဒိုင်မာ ဇီလန်စကီကို အိမ်ဖြူတော်၌ သြဂုတ် ၃၀ ရက်တွင် လက်ခံတွေ့ဆုံမည်ဖြစ်ကြောင်း အိမ်ဖြူတော် ပြန်ကြားရေးတာဝန်ခံ ဂျန်ဆာကီက ဇူလိုင် ၂၁ ရက်က ပြောကြားလိုက်သည်။
အဆိုပါခရီးစဉ်တွင် အမေရိကန်ပြည်ထောင်စု၏ ယူကရိန်းအချုပ်အခြာနှင့်ပိုင်နက် တည်မြဲမှုကို မဆုတ်မနစ် ထောက်ခံသွားမည့်အရေးကို ဆွေးနွေး သွားမည်ဖြစ်သည်။
ထို့ပြင် ခေါင်းဆောင်နှစ်ဦးတို့သည် စွမ်းအင် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုနှင့် ယူကရိန်း၏ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးကိစ္စများကို ဆွေးနွေးကြမည်ဖြစ်သည်။
အမေရိကန်ပြည်ထောင်စုနှင့် ဂျာမနီတို့သည် နော့ဒ်စထရင်းမ်- ၂ ဓာတ်ငွေ့ပိုက်လိုင်းကိစ္စ သဘော တူညီမှုရပြီးနောက် ယခုလို ယူကရိန်းသမ္မတနှင့် တွေ့ဆုံရန် ကြေညာချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။
လာမည့်လတွင် ပြီးဆုံးမည်ဖြစ်သော ၁၂၃၀ ကီလိုမီတာ ရှည်လျားသော ဓာတ်ငွေ့ပိုက်လိုင်းသည် ဘောလ်တစ်ပင်လယ်ပြင်ကိုဖြတ်ပြီး ရုရှားမှတစ်ဆင့် ဂျာမနီသို့ ဆက်သွယ်ထားပြီး နှစ်စဉ် ဓာတ်ငွေ့ ၅၅ ဘီလီယံ ကုဗမီတာ ပို့ဆောင်ပေးမည်ဖြစ်ကြောင်း သိရသည်။
ဆင်ဟွာ