ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ မဏိရတနာကျောက်စိမ်းခန်းမတွင် ဖွင့်လှစ်ဆောင်ရွက်မည့် ကိုဗစ်-၁၉ Positive Center ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ လှည့်လည်ကြည့်ရှုစစ်ဆေး

နေပြည်တော်   ဇူလိုင်   ၂၂


သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး   ဦးခင်မောင်ရီ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ဇော်မျိုးတင်၊    ဒုတိယဝန်ကြီး     ဦးမင်းမင်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်နှင့် တာဝန်ရှိသူများ သည် ယနေ့ညနေ ၄ နာရီတွင်   နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမတွင်       ဖွင့်လှစ် ဆောင်ရွက်မည့်     ကိုဗစ်-  ၁၉  Positive Center ပြင်ဆင်ဆောင်ရွက်ထားရှိမှုကို        လှည့်လည်   ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို    မှာကြား သည်။


နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကိုဗစ်- ၁၉ အတည်ပြုလူနာများထားရှိရန် ခုတင် ၁၅၂၆ လုံး ပြင်ဆင်လျက်ရှိရာ အမျိုးသမီးဆောင် အဖြစ် ခုတင် ၆၁၆ လုံး၊ ခန်းမဘေးရှိ ကျောက်စိမ်း ပြခန်းများတွင် နယ်မြေ (၁၊ ၂) သတ်မှတ်ပြီး အမျိုး သားဆောင်အဖြစ်  နယ်မြေ(၁) တွင်  ခုတင် ၆၅၇ လုံး၊ နယ်မြေ(၂)တွင် ခုတင် ၂၅၃ လုံး ထားရှိမည် ဖြစ်သည်။


နေပြည်တော်တွင် အထူးကုဆေးရုံကြီးငါးရုံနှင့် ပြည်သူ့ဆေးရုံ ၁၇ ရုံတို့တွင် ကိုဗစ်ရောဂါ ဖြစ်ပွားနေ သည့် ပြည်သူများကို အထူးကြပ်မတ်ကုသပေးလျက် ရှိသည်။ ကိုဗစ်ရောဂါဖြစ်ပွားနေသည့် ပြည်သူများကို စည်ပင်ဧည့်ရိပ်သာ (၁)၊(၂)နှင့် လယ်ဝေး အားကစား ကွင်း၌ ကုသပေးလျက်ရှိပြီး မဏိရတနာကျောက်စိမ်း ခန်းမတွင် ကိုဗစ်- ၁၉ Positive Center ထားရှိရေး ဆောင်ရွက်လျက်ရှိသည်။


ပျဉ်းမနားမြို့နယ် မင်္ဂလာဗျူဟာသာသနာ့ဗိမာန် တော်ကြီးတွင် Contact Person Center ဆောင်ရွက် ထားပြီး အမှတ်(၃) စစ်ကြောရေးနှင့် တည်းခိုရေး စခန်းတွင် Quarantine Center ဖွင့်လှစ်ထားရှိကာ  Jade City Hotel ၊ ဇမ္ဗူသီရိဟိုတယ်၊   နယူးဧရာ ဟိုတယ်နှင့် ရွှေပြည်တော်ဟိုတယ်များတွင် Facility Quarantine Center  များကို ဆောင်ရွက်ထားရှိ ကြောင်း သိရသည်။                    

ခရိုင်(ပြန်/ဆက်)