အာဇာနည်ခေါင်းဆောင်ကြီးများအား ရည်စူး၍ ကုသိုလ်ပြု အမျှပေးဝေခြင်းအခမ်းအနား နေပြည်တော်၌ ကျင်းပ

နေပြည်တော်    ဇူလိုင်   ၁၉


(၇၄) နှစ်မြောက်   အာဇာနည်နေ့တွင်  နိုင်ငံတော် အတွက် အသက်ပေးလှူသွားကြသည့်   အာဇာနည် ခေါင်းဆောင်ကြီးများအား  ရည်စူးကုသိုလ်ပြု  အမျှ  ပေးဝေခြင်းအခမ်းအနားကို    ယနေ့နံနက် ၁၀ နာရီ တွင်   နေပြည်တော်ရှိ  နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည်။


အခမ်းအနားသို့ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်  နေပြည်တော်    ပုဗ္ဗသီရိမြို့နယ်    အောင်စည်သာ ပရိယတ္တိစာသင်တိုက်  ပဓာနနာယက  အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တဝိစက္ခဏ  အမှူးပြုသော ဆရာတော်၊  သံဃာတော်များ             ကြွရောက်တော်မူကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ           ဒေါက်တာ  မောင်မောင်နိုင်၊     နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး  ဗိုလ်ချုပ်ဇော်မျိုးတင်၊    သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း၊ နေပြည်တော်ကောင်စီဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။


ရှေးဦးစွာ        နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က  ခန်းမအတွင်းရှိ  ဗုဒ္ဓ ရုပ်ပွားတော်မြတ်အား  ဖူးမြော်ကြည်ညိုပြီး ဆွမ်း၊  သစ်သီး၊  ပန်း၊  ရေချမ်းနှင့် ဆီမီးတို့ကို  ဆက်ကပ် လှူဒါန်းသည်။


အခမ်းအနားတွင်  နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် အမှူးပြုသည့် ဧည့်ပရိ သတ်များက      နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်  နေပြည်တော်    ပုဗ္ဗသီရိမြို့နယ်    အောင်စည်သာ ပရိယတ္တိစာသင်တိုက်  ပဓာနနာယက  အဂ္ဂမဟာ ပဏ္ဍိတ   ဘဒ္ဒန္တဝိစက္ခဏထံမှ    ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များ ရွတ်ပွားသရဇ္စျာယ်တော်မူကြသည့်   ပရိတ်တရား တော်များကို နာယူကြသည်။


ယင်းနောက်       နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ နေပြည်တော်တိုင်းစစ် ဌာနချုပ်  တိုင်းမှူး ဗိုလ်ချုပ်ဇော်မျိုးတင်၊  ဒုတိယ ဝန်ကြီး ဦးအေးထွန်း၊ နေပြည်တော်ကောင်စီဝင်များ ဖြစ်ကြသည့် ဗိုလ်မှူးကြီးမင်းနောင်နှင့် ဦးမြင့်စိုး တို့က အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိစက္ခဏအမှူးပြုသည့်  ဆရာတော်၊   သံဃာတော်များအား  လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

 


ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြ သည့် ဧည့်ပရိသတ်များက နိုင်ငံတော် ဗဟိုသံဃာ့ ဝန်ဆောင်  အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိစက္ခဏထံမှ  သံဝေဂကထာတရားနာယူကြပြီး        အာဇာနည် ခေါင်းဆောင်ကြီးများအား ရည်စူး၍ ရေစက်သွန်းချ အမျှ ပေးဝေကြသည်။
ယင်းနောက်    နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် အခမ်းအနားသို့ တက်ရောက်လာကြသူများက နိုင်ငံ အတွက် အသက်ပေးလှူသွားကြသည့် အာဇာနည် ခေါင်းဆောင်ကြီးများအား    ရည်စူး၍   နှစ်မိနစ် ငြိမ်သက်ဂါရဝပြုကြသည်။ 
အခမ်းအနားအပြီးတွင် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆရာတော်၊ သံဃာ တော်များအား    နေ့ဆွမ်း  ဆက်ကပ်လှူဒါန်းကြ သည်။
သတင်းစဉ်