နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့နှင့် သတင်းမီဒီယာများ ဇူလိုင် ၁၂ ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှတ်တမ်း

(ယမန်နေ့မှအဆက်)


ထို့နောက်         ပြည်ထောင်စု ရွေးကောက်ပွဲ  ကော်မရှင်အဖွဲ့ဝင်    ဦးခင် မောင်ဦးက  ရှင်းလင်းပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး    ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ သတင်းစာ ရှင်းလင်းပွဲအမှတ်စဉ်(၇/၂၀၂၁)သို့ တက် ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိ ပုဂ္ဂိုလ်များနှင့်     သတင်းမီဒီယာသမား အားလုံးကို မင်္ဂလာပါဟု   ဦးစွာနှုတ်ခွန်း ဆက်ပါကြောင်း၊ မိမိအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏    လုပ်ငန်း ဆောင်ရွက်မှု     အခြေအနေများနှင့် စပ်လျဉ်းပြီး   ရှင်းလင်းတင်ပြသွားမည် ဖြစ်ကြောင်း၊      ရှင်းလင်းတင်ပြမည့် အကြောင်းအရာများမှာ မဲဆန္ဒရှင်စာရင်း များ စိစစ်ထုတ်ပြန်ပြီးစီးမှု   အခြေအနေ၊ ဆန္ဒမဲလက်မှတ်များ   မြေပြင်ကွင်းဆင်း စစ်ဆေးထုတ်ပြန်ပြီးစီးမှုအခြေအနေနှင့် တွေ့ရှိရသည့် ဥပဒေနှင့်   ညီညွတ်မှုမရှိ သော ဆောင်ရွက်ချက်များ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က   ဆက်လက် ဆောင်ရွက်မည့်  လုပ်ငန်းစဉ်များဖြစ်ပါ ကြောင်း။


မဲဆန္ဒရှင်စာရင်းများ  စိစစ်ထုတ်ပြန် ပြီးစီးမှုအခြေအနေကို   ဦးစွာတင်ပြမည် ဖြစ်ပါကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့်   ၂၀၂၀   ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် သက်ဆိုင် ရာ    မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများကအသုံးပြုခဲ့သည့် နောက်ဆုံး မဲစာရင်း Soft copy များကို ရယူစိစစ် ထုတ်ပြန်လျက်ရှိရာ ယခုအခါ ရွေးကောက် ပွဲကျင်းပခဲ့သည့်  မြို့နယ် ၃၁၅ မြို့နယ် အားလုံးအတွက်  ထုတ်ပြန်ခဲ့ပြီး   ဖြစ်ပါ ကြောင်း၊ မဲဆန္ဒရှင်စာရင်း   စိစစ်တွေ့ရှိ ချက်စာရင်းချုပ်အရ     တိုင်းဒေသကြီး/ ပြည်နယ်အားလုံးရှိ မြို့နယ်ပေါင်း ၃၁၅ မြို့နယ်၊ မဲရုံပေါင်း ၃၉၉၆၃ ရုံကို စိစစ် ခဲ့ရာတွင် မြို့နယ်ကော်မရှင်စာရင်းအရ မဲဆန္ဒရှင် ၃၈၂၇၁၄၄၇ (သုံးဆယ့်ရှစ်သန်း နှစ်သိန်းခုနစ်သောင်း တစ်ထောင်လေးရာ လေးဆယ့်ခုနစ်)   ဦး   ဖြစ်သော်လည်း လဝကစာရင်းအရ ၃၁၇၇၅၃၃၀ (သုံးဆယ့် တစ်သန်း     ခုနစ်သိန်းခုနစ်သောင်း ငါးထောင်သုံးရာ့သုံးဆယ်) ဦးသာ   ရှိပြီး ၆၄၉၆၁၁၇  (ခြောက်သန်း  လေးသိန်း ကိုးသောင်းခြောက်ထောင်    တစ်ရာ တစ်ဆယ့် ခုနစ်) ဦး ကွာခြားမှုရှိကြောင်း။


 နိုင်ငံသားစိစစ်ရေးကတ်    မရှိဘဲ မဲစာရင်းတွင်   ပါဝင်နေသူ    ၄၈၆၉၄၂၇ (လေးသန်းရှစ်သိန်း   ခြောက်သောင်း ကိုးထောင်လေးရာ  နှစ်ဆယ့်ခုနစ်)   ဦး၊ နိုင်ငံသားစိစစ်ရေးကတ် တစ်ခုတည်းဖြင့် မဲစာရင်း သုံးကြိမ်နှင့်အထက် ပါဝင်နေသူ ၂၉၅၄၀၅ (နှစ်သိန်းကိုးသောင်း ငါးထောင် လေးရာ့ငါး)ဦး၊ နိုင်ငံသားစိစစ်ရေးကတ် တစ်ခုတည်းဖြင့် မဲစာရင်း နှစ်ကြိမ် ပါဝင် နေသူ ၃၅၉၆၂၀၆ (သုံးသန်းငါးသိန်းကိုးသောင်းခြောက်ထောင်နှစ်ရာ့ခြောက်) ဦး တွေ့ရှိရကြောင်း၊ သို့ဖြစ်၍ နိုင်ငံသားစိစစ် ရေးကတ်မရှိဘဲ မဲစာရင်းတွင် ပါဝင်နေသူ နှင့်   မဲစာရင်းထပ်နေသူ     စုစုပေါင်း ၈၇၆၁၀၃၈ (ရှစ်သန်း ခုနစ်သိန်းခြောက် သောင်း တစ်ထောင် သုံးဆယ့်ရှစ်)   ဦးဖြစ် ကြောင်း စိစစ်တွေ့ရှိရကြောင်း၊ အထက်ပါ စာရင်းများမှာ  မြို့နယ်တစ်ခုချင်းအလိုက် စာရင်းများသာဖြစ်ပြီး    တိုင်းဒေသကြီး/ပြည်နယ်အတွင်းရှိ မြို့နယ်များကို Cross Check  ပြုလုပ်ခြင်းအရ   ထပ်နေသည့် မဲဆန္ဒရှင်စာရင်း ၁၀၉၁၇၇၆ (တစ်သန်းကိုးသောင်းတစ်ထောင်ခုနစ်ရာ ခုနစ် ဆယ့်ခြောက်) ဦး၊    တိုင်းဒေသကြီး/ပြည်နယ်တစ်ခုနှင့်တစ်ခုအကြား Cross Check ပြုလုပ်ခြင်းအရ  ထပ်နေသည့်မဲ ဆန္ဒရှင်စာရင်း  ၁၄၁၇၅၉၈   (တစ်သန်း လေးသိန်းတစ်သောင်း ခုနစ်ထောင် ငါးရာ ကိုးဆယ့်ရှစ်) ဦးဖြစ်၍  Cross   Check ပြုလုပ်ခြင်းအရ ထပ်နေသည့် မဲဆန္ဒရှင် စုစုပေါင်း ၂၅၀၉၃၇၄ (နှစ်သန်းငါးသိန်းကိုးထောင်သုံးရာ   ခုနစ်ဆယ့်လေး)  ဦး  စိစစ်တွေ့ရှိရပါကြောင်း။


ထို့ပြင် အသက်  ၁၈   နှစ်အောက် မဲစာရင်းတွင်   ပါဝင်နေသူ    ၁၄၄၁၂ (တစ်သောင်း  လေးထောင်လေးရာ တစ် ဆယ့်နှစ်) ဦး၊  အသက် ၁၀၀ အထက် မဲစာရင်းတွင် ပါဝင်နေသူ ၂၀၅၆၆   (နှစ် သောင်းငါးရာ ခြောက်ဆယ့်ခြောက်)ဦး ဖြစ်ကြောင်း တွေ့ရှိရသဖြင့် မဲမသမာမှုဖြစ် နိုင်သော   မဲဆန္ဒရှင်စာရင်း    စုစုပေါင်း ၁၁၃၀၅၃၉၀       (တစ်ဆယ့်တစ်သန်း သုံးသိန်းငါးထောင်သုံးရာ့ကိုးဆယ်) ဦး ရာခိုင်နှုန်းအားဖြင့် မဲဆန္ဒရှင် ၏ ၂၉ ဒသမ ၅၄ ရာခိုင်နှုန်းဖြစ်ကြောင်း၊ စိစစ်သည့် အခြေခံမဲဆန္ဒရှင်စာရင်း ကွာခြားချက်အရ      ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ စိစစ်တွေ့ရှိချက်က တပ်မတော်က ထုတ် ပြန်ခဲ့သည့် မဲမသမာမှုပြုနိုင်၊ ဖြစ်နိုင်သည့် အရေအတွက် ၁၀၄၈၂၁၁၆ (တစ်ဆယ် သန်းလေးသိန်း   ရှစ်သောင်းနှစ်ထောင် တစ်ရာ တစ်ဆယ့်ခြောက်) ဦး ရာခိုင်နှုန်း အားဖြင့် ၂၈ ဒသမ ၁၇ ရာခိုင်နှုန်းထက် ၈၂၃၂၇၄ (ရှစ်သိန်းနှစ်သောင်းသုံးထောင် နှစ်ရာခုနစ်ဆယ့်လေး)ဦး ပိုမိုများပြားစွာ စိစစ်တွေ့ရှိရပါကြောင်း။


ယခုဆက်လက်ပြီး ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုခဲ့ သော ဆန္ဒမဲလက်မှတ်များကို   မြေပြင် ကွင်းဆင်းစစ်ဆေးပြီး ထုတ်ပြန်ပြီးစီးမှု အခြေအနေကို  တင်ပြသွားမည်   ဖြစ်ပါ ကြောင်း၊  ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော် ဝါရီလ ၂၄ ရက်မှ  စတင်၍   စစ်ဆေး ထုတ်ပြန်လျက်ရှိရာ ဇူလိုင်လ ၅ ရက်တွင် မြို့နယ်အားလုံးဖြစ်သည့် ၃၁၅ မြို့နယ် အတွက် ထုတ်ပြန်ပြီးစီးပြီးဖြစ်ကြောင်း၊ မဲရုံ ၃၉၉၆၃ ရုံ၏ ဆန္ဒမဲလက်မှတ်များကို ပြည်ထောင်စုရွေးကောက်ပွဲ   ကော်မရှင် အဖွဲ့ဝင်များ၊       သက်ဆိုင်ရာမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ    အဖွဲ့ဝင် များ၊     ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်ရှိ ဝန်ထမ်း များပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် စနစ် တကျဖွင့်ဖောက်စစ်ဆေးမှုများ ဆောင်ရွက် ခဲ့ရာ  စစ်ဆေးမှုစာရင်းချုပ်အရ ထုတ်ယူ ရရှိသည့်   မဲလက်မှတ်ပေါင်း     ၄၃၀၀  ၄၃၈၂ (လေးဆယ့်သုံးသန်း လေးထောင် သုံးရာရှစ်ဆယ့်နှစ်)၊ အသုံးပြု ၂၇၀၉၈၀ ၅၈  (နှစ်ဆယ့်ခုနစ်သန်း   ကိုးသောင်း ရှစ်ထောင်ငါးဆယ့်ရှစ်)ဖြစ်၍ ကျန်ရမည့် မဲလက်မှတ် ၁၅၉၀၆၃၂၄ (တစ်ဆယ့် ငါးသန်းကိုးသိန်း ခြောက်ထောင်သုံးရာ နှစ်ဆယ့်လေး) ဖြစ်သော်လည်း  မြေပြင် လက်ကျန်   ၁၄၉၂၀၇၈၃   (တစ်ဆယ့် လေးသန်းကိုးသိန်းနှစ်သောင်းခုနစ်ရာ ရှစ်ဆယ့်သုံး) ဖြစ်ပြီး ကွာခြားချက်အနေ ဖြင့် ပျောက်ဆုံး ၁၄၂၄၃၉၁   (တစ်သန်း လေးသိန်းနှစ်သောင်း လေးထောင်သုံးရာ ကိုးဆယ့်တစ်) နှင့် အပို ၄၃၈၈၅၀ (လေး သိန်းသုံးသောင်း   ရှစ်ထောင်  ရှစ်ရာ့ ငါးဆယ်) ဖြစ်ပေါ်လျက်ရှိကြောင်း၊ ၎င်း မဲလက်မှတ်များသည်      သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊   နည်း ဥပဒေများနှင့်     ညီညွတ်ခြင်းမရှိဘဲ မဲမသမာမှုများဖြစ်ပေါ်စေခြင်းကို တွေ့ရ ကြောင်း။


ပြည်ထောင်စု     ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် မြို့နယ်အသီးသီးသို့ သွားရောက်၍ မြေပြင်ကွင်းဆင်းစစ်ဆေး ပြီးနောက်   စစ်ဆေးတွေ့ရှိချက်များကို တစ်မြို့နယ်ချင်းအလိုက် လည်းကောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်ချုပ်အနေဖြင့် လည်းကောင်း သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ် ကြောင်း၊ ယခုအခါ မြို့နယ် ၃၁၅ မြို့နယ် အားလုံးထုတ်ပြန်ပြီးဖြစ်၍ တိုင်းဒေသ ကြီး/  ပြည်နယ်ချုပ်   အားလုံးကိုလည်း ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း၊       ယခင် သတင်းစာရှင်းလင်းပွဲများတွင်     တိုင်း ဒေသကြီး/ ပြည်နယ် ၁၂ ခု၏တွေ့ရှိချက် များကို   ကောက်နုတ်တင်ပြပြီး    ဖြစ် ကြောင်း၊ ယနေ့တွင်  ကချင်ပြည်နယ်နှင့် ကရင်ပြည်နယ်ချုပ် ထုတ်ပြန်ချက်များ အရ တွေ့ရှိချက်အချို့ကို   ကောက်နုတ် တင်ပြမည်ဖြစ်ကြောင်း-


(က)    သက်ဆိုင်ရာ       လွှတ်တော်     ရွေးကောက်ပွဲ    ဥပဒေပုဒ်မ ၆ (က)အရ ရွေးကောက်ပွဲကျင်းပသည့် နေ့တွင် အသက် ၁၈ နှစ် ပြည့်ပြီး ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်    မဆန့်ကျင်သော နိုင်ငံသား၊ ဧည့်နိုင်ငံသားနှင့် နိုင်ငံသား ပြုခွင့်ရသူများသာ မဲစာရင်းတွင် ပါဝင်ခွင့် ရှိသော်လည်း မဲစာရင်းစိစစ်ချက်များအရ နိုင်ငံသားစိစစ်ရေးကတ်မရှိဘဲ မဲစာရင်း တွင်  ပါဝင်သူများ၊ ၂ ကြိမ်/ ၃ ကြိမ်နှင့် အထက် ပါဝင်နေသူများစွာ တွေ့ရှိရသဖြင့် မဲစာရင်းကောက်ယူရာတွင်   ဥပဒေနှင့် ညီညွတ်ခြင်းမရှိသော   မှားယွင်းမှုများ တွေ့ရှိရကြောင်း။


(ခ)    မြို့နယ်အသီးသီးရှိ     မဲရုံများ     အလိုက် ဆန္ဒမဲလက်မှတ်များ လျော့နည်း    ပျောက်ဆုံးခြင်း၊ တရားမဝင် အပိုရှိနေခြင်းတို့ကို တွေ့ရှိရပြီး  မဲရုံများသို့    မဲလက်မှတ်များကို    သတ်မှတ်အရေ အတွက်ဖြင့်  ထုတ်ပေးခြင်းဖြစ်၍   အပို တွေ့ရှိမှုများနှင့် မဲလက်မှတ်   ပျောက်ဆုံး ခြင်းများသည်  တရားမဝင်ဆောင်ရွက်မှု များ စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း။


(ဂ)    ၂၀၂၀   ပြည့်နှစ်   အထွေထွေ     ရွေးကောက်ပွဲတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကို    အကြောင်းပြု၍ ကြိုတင်မဲပေးသူ ကချင်ပြည်နယ်တွင် ၂၁ ဒသမ ၅၃ ရာခိုင်နှုန်း၊ ကရင်ပြည်နယ်တွင် ၂၈ ဒသမ ၀၇ ရာခိုင်နှုန်းအထိ ရှိသဖြင့် ယခင်ရွေးကောက်ပွဲများထက်   လွန်စွာ များပြား၍ ဥပဒေနှင့်မညီသော ကြိုတင်မဲ ကောက်ခံမှုများကို စိစစ်တွေ့ရှိရကြောင်း။


(ဃ)    အသက် ၁၈ နှစ်မပြည့်သူများ     ကို မဲစာရင်းတွင်ထည့်သွင်း၍   မဲပေးခွင့်ပြုခဲ့ခြင်း၊   နိုင်ငံသားစိစစ်ရေး ကတ်မရှိသူများ   မဲစာရင်းတွင် အစုလိုက်  အပြုံလိုက်ပါဝင်ပြီး မဲဆန္ဒရှင် သက်သေခံ လက်မှတ်များဖြင့်သာ နိုင်ငံသားစိစစ်ရေး ကတ်မပါဘဲ မဲပေးမှုကို လက်ခံဆောင်ရွက် ခဲ့ခြင်းကို  စိစစ်တွေ့ရှိ ရကြောင်း။


(င)    ဆန္ဒမဲလက်မှတ် လက်ခံဖြတ်     ပိုင်းများ၌    ဆန္ဒမဲပေးသူ၏ အမည်၊  မဲစာရင်းအမှတ်စဉ်၊ မဲရုံအမှတ်၊ ရပ်ကွက်/ကျေးရွာ  အမည်၊  လက်မှတ် သို့မဟုတ် လက်ဝဲလက်မလက်ဗွေတို့ကို ဖြည့်သွင်းရေးသားထားမှုမရှိဘဲ    မဲပေး သုံးစွဲထားမှုများကို စိစစ်တွေ့ရှိရကြောင်း။


(စ)    အချို့မဲရုံများ၏       မဲဆန္ဒရှင်     စာရင်းပုံစံ(၁)များတွင် မဲဆန္ဒရှင် လက်မှတ်  သို့မဟုတ်    လက်ဝဲလက်မ လက်ဗွေ   ရေးထိုးရိုက်နှိပ်ခြင်း   မရှိဘဲ ဆန္ဒမဲပေးခွင့်ပြုထားခြင်း၊    မဲဆန္ဒရှင် စာရင်းပုံစံ (၁) ၏   စာမျက်နှာတိုင်းတွင် ရပ်ကွက်/ကျေးရွာ အုပ်စု  ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့်အတွင်းရေးမှူးများက လက်မှတ် ရေးထိုးခြင်း မရှိသည်ကို   စိစစ်တွေ့ရှိရ ကြောင်း။


(ဆ)    ရပ်ကွက်  / ကျေးရွာ     အုပ်စု     ရွေးကောက်ပွဲကော်မရှင် အဖွဲ့ ခွဲများအနေဖြင့် ကြိုတင်ဆန္ဒမဲလက်မှတ် များ   ကောက်ခံရာတွင်    ကြိုတင်ဆန္ဒမဲ   လက်ခံဖြတ်ပိုင်းများနှင့် ဆန္ဒမဲလက်မှတ် အပိုများကို  ဥပဒေနှင့်အညီ   အပ်နှံရန်   ပျက်ကွက်ခဲ့ခြင်းကို စိစစ်တွေ့ရှိရကြောင်း။


(ဇ)    ကြိုတင်မဲများ   ကောက်ခံရာ     တွင်လည်း ဥပဒေနှင့် ညီညွတ် မှုမရှိသော ဆန္ဒမဲပေးခြင်းများကို  စိစစ် တွေ့ရှိရကြောင်း။


(ဈ)    ကိုဗစ်-၁၉ ရောဂါနှင့်စပ်လျဉ်း    ၍     ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များကို အကြောင်းပြုကာ ရွေးကောက်ပွဲကျင်းပရန် အချိန်နီးကပ်မှ သာ   ဥပဒေနှင့်ညီညွတ်မှု    မရှိသော ညွှန်ကြားချက်များ ထုတ်ပြန်၍     မဲစာရင်း များ ကောက်ခံမဲပေးစေခြင်း၊ ကြိုတင်မဲ ပေးခြင်းများကို   စိစစ်တွေ့ရှိရကြောင်း။


(ည)    ကချင်ပြည်နယ် မြစ်ကြီးနား မြို့နယ်       ရမ်ပူရပ်ကွက်တွင် သက်ဆိုင်ရာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲသို့  တင်ပြခြင်းမရှိဘဲ   မဲဆန္ဒရှင်စာရင်းပုံစံ (၁)စာအုပ်များတွင် ထပ်တိုးမဲဆန္ဒရှင်များ ကို လက်ရေးဖြင့်လည်းကောင်း၊ ကွန်ပျူ တာစာစီ၍ လည်းကောင်း ဖြည့်သွင်းခြင်း၊  အဆိုပါ    တရားမဝင် ဖြည့်သွင်းခဲ့သည့် မဲဆန္ဒရှင်များအတွက် ဆန္ဒမဲလက်မှတ် များကို ခိုးယူ၍  ဆန္ဒမဲပေးနိုင်ရေးဆောင် ရွက်ခြင်း၊ ပိုသည့်   မဲလက်မှတ်စာအုပ်အား   မီးရှို့ဖျက်ဆီးခဲ့သည့်   ဖြစ်စဉ်ဖြစ်ပွားခဲ့ သဖြင့် အရေးယူဆောင်ရွက်ခဲ့ရကြောင်း။


အထက်ပါတင်ပြချက်များနှင့် စပ်လျဉ်း သည့် စစ်ဆေးတွေ့ရှိချက်   အထောက် အထားများကို Power Point ဖြင့်လည်း ကောင်း၊  ဘုတ်များတွင်   ကပ်ထား၍ လည်းကောင်း ဖော်ပြထားပါကြောင်း၊ ဆက်လက်ပြီး ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်တွင်  ကျင်းပပြုလုပ်သည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင်  အမျိုးသားဒီမိုကရေစီ   အဖွဲ့ချုပ်ပါတီ အနေဖြင့်   ကချင်ပြည်နယ်နှင့်    ကရင် ပြည်နယ်အတွင်း   ဥပဒေ၊  နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များနှင့် ညီညွတ်မှု မရှိသည့်    အောက်ပါဆောင်ရွက်မှုများ ကို  ကောက်နုတ်တင်ပြသွားမည် ဖြစ်ပါ ကြောင်း-


(က)    ဖားကန့်မြို့နယ်     မဲ ဆန္ဒနယ်   
    အမှတ်(၁) ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်လောင်း (ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)  ဦးတင် စိုးအနေဖြင့်   ဖားကန့်မြို့နယ်အတွင်း ရောက်ရှိနေထိုင်လျက်ရှိသည့် သတ်မှတ် ချက်များနှင့်   ကိုက်ညီပြည့်စုံမှု  မရှိသည့် ရွှေ့ပြောင်းလုပ်သားများ၊     ရေမဆေး ကျောက်ကောက်သူများအား မဲစာရင်း တွင်   ထည့်သွင်းပေးရေး       ဖိအားပေး ဆောင်ရွက်ခဲ့သဖြင့်  နိုင်ငံသားကတ်ပြနိုင် သည့် လျှောက်ထားသူများအား    မဲစာရင်း တွင်  ထည့်သွင်းပေးခဲ့ရခြင်း၊  ဦးတင်စိုး  ဦးဆောင်၍ Stay at Home သတ်မှတ် ထားသည့်  ကာလအတွင်း     လှည့်လည် မဲဆွယ်စည်းရုံးခြင်းများ   ဆောင်ရွက်မှု များကို တွေ့ရှိရကြောင်း။


(ခ)    အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်     ပါတီမှ     ကချင်ပြည်နယ် အမျိုးသားလွှတ်တော်  မဲဆန္ဒနယ်အမှတ် (၆)  ကိုယ်စားလှယ်လောင်း   ဒေါက်တာ ခင်မကြီးနှင့် လွှတ်တော်ကိုယ်စားလှယ် လောင်းများသည်    မိုးကောင်းမြို့နယ် အတွင်း မဲဆွယ်စည်းရုံးခြင်းလုပ်ငန်းများ   ဆောင်ရွက်မည်ဖြစ်ကြောင်း တင်ပြချက် အပေါ်  ကိုဗစ်-၁၉ ရောဂါ   ကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ     ကျန်းမာရေးစံ လုပ်ငန်းလမ်းညွှန်နှင့်အညီ    လိုက်နာ ဆောင်ရွက်ရန်    ထည့်သွင်းညွှန်ကြား၍   ခွင့်ပြုခဲ့သော်လည်း စတင်ထွက်ခွာသည့် အချိန်တွင် သတ်မှတ်အင်အား  ၅၀ ဦး  (ဝန်းရံသူများ  မပါ) ထက် ကျော်လွန်နေ သဖြင့် စာဖြင့်  သတိပေးဆောင်ရွက်ခဲ့ရ ကြောင်း။


(ဂ)    အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်     ပါတီမှ ကချင်ပြည်နယ်  အစိုးရ အဖွဲ့ လူမှုရေးဝန်ကြီးဖြစ်သူ  ဦးနေဝင်း သည် မြစ်ကြီးနားမြို့နယ် တာလောကြီး   ကျေးရွာအုပ်စုသို့ သွားရောက်၍    အစိုးရ အဖွဲ့ ကိုယ်စားထောက်ပံ့ကြေးများ  ထုတ် ပေးခဲ့ရာတွင် ကျေးရွာအုပ်စု    အုပ်ချုပ် ရေးမှူးဖြစ်သူ ဦးအောင်ဆန်းထူးမှ အဆိုပါ ဝန်ကြီး၏  ရှေ့မှောက်၌   ကျေးဇူးတင် စကား      ပြန်လည်ပြောကြားရာတွင်   “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ လက်ထက်မှသာ ဤကဲ့သို့ ထောက်ပံ့ကြေး ရရှိခြင်းဖြစ်ကြောင်း၊ ပါတီ၏ ကျေးဇူးကို    တုံ့ပြန်သောအားဖြင့်    ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ  အဖွဲ့ချုပ်ကိုသာ  မဲပေးခြင်းဖြင့်   ကျေးဇူးဆပ်သင့်ကြောင်း” ပြောကြားခြင်းဖြင့် မဲဆွယ်စည်းရုံးခွင့်ရှိ သည့်ကိစ္စတွင် ရပ်/ကျေး   အုပ်ချုပ်ရေးမှူး တစ်ဦးအနေဖြင့်   မဲဆွယ်စည်းရုံးပေးခဲ့ ကြောင်း။


(ဃ)    အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်     ပါတီမှ ကချင်ပြည်နယ် အစိုးရ အဖွဲ့ လူမှုရေးဝန်ကြီး   ဦးနေဝင်းသည် ပါတီဝင်တစ်ဦးဖြစ်သော   မြစ်ကြီးနား မြို့နယ်  ရမ်ပူရပ်ကွက်   အုပ်ချုပ်ရေးမှူး ဦးမောင်မောင်မှတစ်ဆင့်   ရပ်/ကျေး စာရေးအား ဥပဒေနှင့်မညီသော မဲဆန္ဒရှင် များ မဲစာရင်းတွင် ပါရှိအောင်  အကျပ် ကိုင် စေခိုင်းသဖြင့်   ရပ်/ကျေး  စာရေး   ဦးဟန်ဇင်ဦးသည် ၎င်း၏ အစီအစဉ်ဖြင့် နောက်ဆက်တွဲ    မဲစာရင်းများအား ကွန်ပျူတာစာစီ၍ လည်းကောင်း၊ လက် ရေးဖြင့်လည်းကောင်း   ဖြည့်သွင်း၍   မဲ စာရင်းအား တရားမဝင်တိုးခဲ့ခြင်း၊ ၎င်း တရားမဝင်တိုးခဲ့သော မဲစာရင်းအတွက် လိုအပ်သော မဲလက်မှတ်စာအုပ်များအား မြို့နယ် ကော်မရှင်အဖွဲ့ခွဲရုံးမှ ခိုးယူအသုံး ပြုခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း။


(င)    အင်ဂျန်းယန်မြို့နယ်    အမျိုး     သား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ မှ ကိုယ်စားလှယ်လောင်းဖြစ်သူ ဒေါက်တာ ဇော်ဂျပ်သည် မြစ်ကြီးနားမြို့နယ်အတွင်း အိမ်ထောင်စု ၁၇ စုမှ မဲဆန္ဒရှင်အင်အား ၁၃၃ ဦးအား လဝကပုံစံ(၁၀)ဖြင့်  အင်ဂျန်း ယန်မြို့နယ်အတွင်းရှိ ယင်း၏    မိတ်ဆွေ ဖြစ်သူ   မိသားစုများတွင်   အိမ်ထောင်စု  အဝင်စာရင်းပြုလုပ်၍ မဲစာရင်းထည့်သွင်း ပေးရန် ပုံစံ(၃)၊ ပုံစံ (၄-ခ) ဖြင့် လျှောက် ထားဆောင်ရွက်ခဲ့ကြောင်း၊    ထို့အတူ ကချင်ပြည်နယ် ပြည်သူ့ပါတီမှ ကိုယ်စား လှယ်လောင်း    ဖြစ်သူ ဦးလမာနော်အောင် ကလည်း   မြစ်ကြီးနားမြို့နယ်အတွင်း နေထိုင်လျက်ရှိသော အိမ်ထောင်စု ၂၉ စု မဲဆန္ဒရှင်အင်အား ၁၆၂ ဦးအတွက် အလား တူ လဝကပုံစံ(၁၀) ဖြင့်   အင်ဂျန်းယန်    မြို့နယ်အတွင်းရှိ ယင်း၏ မိတ်ဆွေဖြစ်သူ မိသားစုများတွင်    အိမ်ထောင်စုအဝင်  စာရင်းပြုလုပ်၍ မဲစာရင်းထည့်သွင်းပေး ရန် ပုံစံ(၃)၊ ပုံစံ(၄-ခ)ဖြင့် တန်ပြန်လျှောက် ထား ဆောင်ရွက်ခဲ့ကြောင်း။ ယင်းကိစ္စ အပေါ် ဒေသခံများက လက်မှတ်ရေးထိုး တိုင်ကြားကန့်ကွက်သဖြင့် ပုံစံ (၃) ဖြင့်    လျှောက်ထားသူများအား    ရုပ်သိမ်းသွား ခဲ့သော်လည်း မြစ်ကြီးနားမြို့နယ်မှ ပုံစံ (၁၀) ဖြင့်   အိမ်ထောင်စုအထွက်   ပြုလုပ် ခဲ့ကြသည့်   မဲဆန္ဒရှင်များမှာ  အချိန် ကန့် သတ်ချက်အရ မည်သည့်နေရာတွင်မျှ မဲစာရင်းထည့်သွင်း၍မရတော့ဘဲ မဲပေး ခွင့်ဆုံးရှုံးသည့်အခြေအနေများ    ဖြစ်ပေါ် ခဲ့ကြောင်း။


(စ)    ကရင်ပြည်နယ်     လွှတ်တော် ဥက္ကဋ္ဌ      ဦးစောချစ်ခင်သည်  လွှတ် တော်ကိုယ်စားလှယ်        တစ်ဦး၏ လုပ်ပိုင်ခွင့်ထက် ကျော်လွန်ဖောက်ဖျက် ပြီး  လှိုင်းဘွဲ့မြို့နယ်အတွင်းရှိ  ကျေးရွာ အုပ်စု ၇ အုပ်စုကို ရွေးကောက်ပွဲကျင်းပ ပြုလုပ်မည့်   နယ်မြေစာရင်းမှ ပယ်ဖျက် ပေးရန် ပြည်နယ်လွှတ်တော်အနေဖြင့်   အကြောင်းကြားစာ    ပေးပို့ခြင်းဖြင့်     ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်ကို ဝင်ရောက် စွက်ဖက်ခဲ့ပြီး နိုင်ငံရေးရည်ရွယ်ချက်ဖြင့်    ပြည်နယ်လွှတ်တော်၏ အရှိန်အဝါ ရယူ ဆောင်ရွက်ခဲ့ကြောင်း။


(ဆ)    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်     ပါတီ ဖာပွန်မြို့နယ်  အောင်နိုင် ရေးအဖွဲ့ခေါင်းဆောင် ဦးညီညီကျော်က ဖာပွန်မြို့နယ်အတွင်းရှိ မဲဆန္ဒရှင် ၅၄  ဦး ကို မဲစာရင်းတွင် ထည့်သွင်းပေးရန် ဥက္ကဋ္ဌ၊  ကရင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲသို့ လည်းကောင်း၊ ဘားအံမြို့နယ် အမျိုးသားဒီမိုကရေစီ    အဖွဲ့ချုပ်ပါတီ အောင်နိုင်ရေး စည်းရုံးရေးမှူး ဒေါ်ငြိမ်း ငြိမ်းအောင်က လှိုင်းဘွဲ့ မြို့နယ်အတွင်းရှိ    မဲဆန္ဒရှင်  ၇၇၅ ဦးကို   မဲစာရင်းတွင် ထည့်သွင်းပေးရန်ဥက္ကဋ္ဌ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ လည်းကောင်း တင်ပြတောင်းဆိုခဲ့ကြောင်း။


(ဇ)    ယခင်   ကရင်ပြည်နယ်အစိုးရ အဖွဲ့    ဝန်ကြီးချုပ်ဟောင်း    နန်းခင် ထွေးမြင့်အနေဖြင့်        ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအတွင်း ရေးမှူးအား ခေါ်ယူတွေ့ဆုံပြီး မဲစာရင်း တွင်ပါဝင်ခြင်း  မရှိသေးသော NLD ပါတီ ကို ထောက်ခံသည့်   နိုင်ငံသားစိစစ်ရေး ကတ်မရှိသည့် သွေးနှောများကို သက်ဆိုင် ရာ မဲဆန္ဒရှင်စာရင်းများတွင် ထည့်သွင်း ပေးရန်နှင့်   ဆောင်ရွက်ပေးခြင်း   မရှိပါ က ရွေးကောက်ပွဲပြီးလျှင် သက်ဆိုင်ရာ မြို့နယ်နှင့် ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲ များအား   လူ့အခွင့်အရေးကော်မရှင်သို့ တင်ပြ၍ တရားစွဲဆိုအရေးယူဆောင်ရွက် သွားမည်ဟု      ခြိမ်းခြောက်ဖိအားပေး အကျပ်ကိုင်    စွက်ဖက်ခဲ့ကြောင်းနှင့် သက်ဆိုင်ရာလွှတ်တော်   ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေနှင့် ညီညွတ်မှုမရှိသူ များအား မဲစာရင်းတွင် ထည့်သွင်းနိုင်ခြင်း မရှိကြောင်း ပြန်လည်တင်ပြခဲ့ရသည်ကို  တွေ့ရှိရကြောင်း။


(ဈ)    မြဝတီမြို့နယ်   အမှတ်    (၃)     ရပ်ကွက်မဲရုံတွင်      ယခင် အမျိုးသားလွှတ်တော်    ဥက္ကဋ္ဌဟောင်း မန်းဝင်းခိုင်သန်း၏ သားဖြစ်သူ   ဦးစိုးမှ မဲဆန္ဒရှင်သက်သေခံလက်မှတ် (မဲစလစ် အတု) များ ပြုလုပ်၍ ထုတ်ပေးရာတွင် သွားရောက်ကြီးကြပ်ခြင်း၊ NLD ပါတီဝင် များသည် ကြိုတင်မဲရုံနှင့်ကိုက် ၅၀ အကွာ တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ  ၅ ရက်၌ NLD အလံနှင့်တံဆိပ်များ တပ်ဆင်ထား သည့်   မော်တော်ယာဉ်ပေါ်မှ    NLD အောင်နိုင်ရေး သီချင်းများဖွင့်၍ မဲဆွယ် စည်းရုံးခြင်း၊ ကြိုတင်မဲပုံးများကို တရားမဲ့ စွာ ချိပ်ပိတ်ခြင်း/သော့ခတ်ခြင်း၊ ကြိုတင် ဆန္ဒမဲများကောက်ယူစဉ် NLD ပါတီအား ဆန္ဒပြုရန်ပြောဆို စည်းရုံးခြင်း၊ မဲဆန္ဒရှင် ကိုယ်စားဆန္ဒပြုတံဆိပ်တုံးများ ရိုက်နှိပ် ပေးခြင်း စသည်ဖြင့် တရားမဲ့ပြုကျင့်မှုများ ဆောင်ရွက်ခဲ့ကြောင်း။


(ည)    ကြာအင်းဆိပ်ကြီးမြို့နယ်တွင်     NLD ပါတီမှ အင်အားပြမဲဆွယ် စည်းရုံးစဉ်   ကရင်ပြည်နယ်   အမျိုးသား လွှတ်တော်    မဲဆန္ဒနယ်အမှတ်  (၃) လွှတ်တော်ကိုယ်စားလှယ် ဦးစောယှား ဖောင်အွာက ပါတီဝန်းရံသူများကို တစ်ဦး လျှင် ၅၀၀၀ ကျပ်နှုန်း   ပေးဝေစည်းရုံး သဖြင့်   ကန့်ကွက်တိုင်ကြားမှုများ   ရှိခဲ့ ကြောင်း။


ဥပဒေနှင့် ညီညွတ်မှုမရှိ


အထက်ပါ ကောက်နုတ်တင်ပြချက် များနှင့်   စပ်လျဉ်းသည့်   အသေးစိတ် အချက်အလက်နှင့်     အထောက်အထား များကို   ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် အသေးစိတ်ထုတ်ပြန် ခဲ့ပြီးဖြစ်ကြောင်း၊    ၂၀၂၀   ပြည့်နှစ်   အထွေထွေရွေးကောက်ပွဲနှင့်      စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက်ပွဲ   ကော်မရှင် ၏ စိစစ်တွေ့ရှိချက်များအရ  ဥပဒေနှင့် ညီညွတ်မှုမရှိသော မဲဆန္ဒရှင်စာရင်းပြုစု ခြင်း၊ အသက် ၆၀ နှစ်အထက် မဲဆန္ဒရှင် များအပါအဝင် ကြိုတင်ဆန္ဒမဲကောက်ခံ ခြင်း၊ မဲပေးခြင်း၊ သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်မှုမရှိသည့် ညွှန်ကြားချက်များ ထုတ်ပြန်ခဲ့ခြင်း၊ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဆင့်ဆင့်ဖွဲ့စည်းရာတွင်   လည်း ကောင်း၊ မဲဆန္ဒရှင်စာရင်းများ ကောက်ခံ ခြင်းနှင့် ထပ်တိုးမဲစာရင်း ဖြည့်စွက်ခြင်းများတွင်လည်းကောင်း၊ ကြိုတင်ဆန္ဒမဲ ပေးခြင်းအပါအဝင် ရွေးကောက်ပွဲ ဆိုင်ရာ လုပ်ငန်းများတွင်     လည်းကောင်း သက်ဆိုင်ရာတိုင်းဒေသကြီး /   ပြည်နယ် ဝန်ကြီးချုပ်များက  ဝင်ရောက်စွက်ဖက် သြဇာလွှမ်းမိုး၍ ဆောင်ရွက်ခဲ့ခြင်းများကို တွေ့ရှိရကြောင်း။


တရားမျှတမှုမရှိ


၂၀၂၀  ပြည့်နှစ်    အထွေထွေ ရွေးကောက်ပွဲတွင် မဲစာရင်းအရေအတွက် များစွာ မှားယွင်းမှုများ ဖြစ်ပေါ်ရခြင်းသည် မတော်တဆဖြစ်ပေါ်ခဲ့သော မှားယွင်းမှု မျိုးမဟုတ်ဘဲ ကြိုတင်ကြံစည်​ဆောင်ရွက် ခဲ့ခြင်းကြောင့်သာဖြစ်ကြောင်း၊ ထို့အပြင် မဲစာရင်း ကောက်ယူခြင်း၊ မဲဆွယ်စည်းရုံး ခြင်း၊ ကြိုတင်ဆန္ဒမဲပေးခြင်း၊ ရွေးကောက် ပွဲနေ့ ဆန္ဒမဲပေးခြင်း  စသည့်ရွေးကောက် ပွဲဆိုင်ရာလုပ်ငန်း   ဆောင်ရွက်မှုအဆင့် ဆင့်တွင်    ဝင်ရောက်စွက်ဖက်မလျော် သြဇာအသုံးပြု၍ မသမာမှုများဆောင်ရွက် ခဲ့ကြောင်း    တွေ့ရှိရသည့်အပြင်  ယခင် ပြည်ထောင်စုရွေးကောက်ပွဲ  ကော်မရှင် အနေဖြင့်လည်း တရားဝင်အပ်နှင်းထား သော လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုကာ ဥပဒေ၊ နည်းဥပဒေများကို    ကျော်လွန် ဖောက်ဖျက်    ဆောင်ရွက်ခဲ့ကြောင်း၊ သို့ဖြစ်ပါ၍ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ရက် တွင် ကျင်းပပြုလုပ်ခဲ့သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနှင့် စပ်လျဉ်း ၍  မဲစာရင်းများနှင့် မဲပေးမှုအခြေအနေ များကို စစ်ဆေးခဲ့ရာတွင် NLD ပါတီသည် ရွေးကောက်ပွဲတွင်  ယင်းတို့   ပါတီတစ်ခု တည်းသာ အနိုင်ရရှိပြီး အစိုးရအဖွဲ့ဖွဲ့စည်း နိုင်ရေးအတွက် ပြိုင်ဘက်ပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ ၏   မဲဆွယ်စည်းရုံးရေး    အပါအဝင် ရွေးကောက် ပွဲဆိုင်ရာ လုပ်ငန်းဆောင်ရွက် မှုများအားလုံးကို   ကိုဗစ်-၁၉   ရောဂါ ကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ ကန့်သတ် ချက်/တားမြစ်ချက်များကို   အလွဲသုံး၍ လည်းကောင်း၊  အုပ်ချုပ်ရေးအာဏာကို အလွဲသုံး၍    လည်းကောင်း     ကန့်သတ် ထိန်းချုပ်ခဲ့ပြီး     နိုင်ငံတော်အာဏာကို မတရားရယူနိုင်ရန်    ကြိုတင်ကြံစည် ဆောင်ရွက်ခဲ့ကြောင်း၊ အထက်ပါ စိစစ် ချက်များအရ   သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်မှုမရှိသည်ကို စစ်ဆေးတွေ့ရှိရ သဖြင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲသည် လွတ်လပ် ၍ တရားမျှတမှုမရှိကြောင်း။


ဆက်လက်ပြီး       ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏     လက်ရှိ ဆောင်ရွက်မှုနှင့်  ဆက်လက်ဆောင်ရွက် မည့် ကိစ္စရပ်များကို ရှင်းလင်းတင်ပြမည် ဖြစ်ကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည်   နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ၏     နိုင်ငံတော်တာဝန်  ထမ်းဆောင်ရာတွင် ဆောင်ရွက်သွားမည့် ရှေ့လုပ်ငန်းစဉ် ၅ ရပ်ပါ  လုပ်ငန်းစဉ် ၁ ဖြစ်သည့် မဲစာရင်းစစ်ဆေးခြင်းအပါအဝင် လုပ်ဆောင်သင့်  လုပ်ဆောင်ထိုက်သည် များကို ဥပဒေနှင့်အညီ ဆက်လက်ဆောင် ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက် သည့်နေရာတွင် ရွေးကောက်ပွဲကျင်းပခဲ့ သည့် မြို့နယ် ၃၁၅ မြို့နယ်၏ မဲဆန္ဒရှင် စာရင်းစိစစ်ချက်နှင့်   ဆန္ဒမဲလက်မှတ် မြေပြင်ကွင်းဆင်းစစ်ဆေးတွေ့ရှိမှု အခြေ အနေများ၊ တိုင်းဒေသကြီး/ ပြည်နယ်ချုပ် များကို      ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း၊ မဲစာရင်းများတွင် တစ်ကြိမ်ထက်     ပို၍ အကြိမ်ကြိမ်      ပါဝင်နေခြင်းကြောင့် သက်ဆိုင်ရာမဲဆန္ဒရှင်အနေဖြင့် မြို့နယ် တစ်မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာ အုပ်စုများ၌   ကြိုတင်ဆန္ဒမဲပေးမည့် နေ့ရက်များတွင် ကြိုတင်ဆန္ဒမဲပေးခြင်း ကို တစ်ကြိမ်ထက်ပို၍ ဆောင်ရွက်နိုင်ပြီး ရွေးကောက်ပွဲကျင်းပသည့်နေ့   မဲရုံတွင် တစ်ကြိမ်ဆန္ဒမဲပေးနိုင်ခြင်း၊   မဲစာရင်း ပါရှိရာ မြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်စု များသည် ခရီးမကွာဝေးဘဲ ကပ်လျက်ရှိ သည့် အခြေအနေတွင် မဲမသမာမှုပြုလုပ် သူ မဲဆန္ဒရှင်အနေဖြင့် ကြိုတင်ဆန္ဒမဲပေး ခြင်းကို တစ်ကြိမ် ထက်ပို၍ ဆောင်ရွက် နိုင်ခြင်း၊ ရွေးကောက်ပွဲကျင်းပသည့်နေ့ တွင် မဲရုံ၌လက်သန်းမင်မတို့ဘဲ ရှောင် လွှဲကာ အခြားမဲစာရင်းပါရှိသည့် မဲရုံများ တွင်ဆန္ဒမဲပေးခြင်းများ ဆောင်ရွက်နိုင်ပြီး မဲစာရင်း ၂ ကြိမ်/ ၃ ကြိမ် ပါဝင်နေသူများ အနက် တစ်ကြိမ်ထက် ပိုမိုဆန္ဒပြုထားသူ များကို   တွေ့ရှိရသဖြင့်   ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် မဲစာရင်း ပုံစံ(၁)တွင် လက်မှတ်ရေးထိုးထားသည့် အထောက်အထားများအရ   တစ်ကြိမ် ထက်ပို၍ ဆန္ဒမဲပေးမှုများ ကို အသေးစိတ် စိစစ်ဆောင်ရွက်လျက်ရှိကြောင်း။


နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေး


ပြည်ထောင်စု       ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံညှိနှိုင်းဆွေးနွေးခြင်း၊ အချိုးကျ ကိုယ်စားပြုစနစ်  PR  အပါအဝင် မြန်မာ နိုင်ငံနှင့်    သင့်လျော်မည့် ရွေးကောက်ပွဲ စနစ်အသုံးပြုနိုင်ရေး      လေ့လာသုံးသပ် ခြင်းနှင့် ညှိနှိုင်းဆွေးနွေးခြင်းများ ဆောင် ရွက်လျက်ရှိကြောင်း၊ ယခင်ရွေးကောက်ပွဲ တွင် ကြုံတွေ့ရသော ချို့ယွင်းအားနည်း ချက်များကို စိစစ်သုံးသပ်ပြီး နောင်ကျင်းပ ပြုလုပ်မည့် ရွေးကောက်ပွဲများကို   ပိုမို ကောင်းမွန်စနစ်ကျစွာ    ဆောင်ရွက်နိုင် ရေးအတွက်      သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများကို ပြင်ဆင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ တစ်ချိန်တည်းတွင်       ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်၏ ဝန်ထမ်း ရေးရာစီမံခန့်ခွဲမှုနှင့်   လေ့ကျင့်သင်တန်း ပေးမှုများကို ဆောင်ရွက်လျက် ရှိကြောင်း၊ ထို့အပြင်  ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့်     ကော်မရှင်နှင့် သက်ဆိုင်သည့် ထူးခြားဖြစ်စဉ်သတင်း များကိုလည်း အများပြည်သူ သိရှိစေရန် ထုတ်ပြန်ပေးလျက်ရှိရာ စစ်ကိုင်းတိုင်း ဒေသကြီး၊ ခန္တီးခရိုင်၊   ဟုမ္မလင်းမြို့နယ် တွင် ဟုမ္မလင်းရပ်ကွက် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌအဖြစ်   တာဝန် ထမ်းဆောင်ခဲ့သူ ဦးဘိုချစ်၏  နေအိမ်၌ လက်လုပ်ဗုံးများ စုဆောင်းထားကြောင်း သတင်းအရ  ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂ ရက် တွင် လုံခြုံရေးပူးပေါင်းအဖွဲ့မှ ဝင်ရောက် ရှာဖွေခဲ့ရာ ၂၀၂၀ ပြည့်နှစ်   အထွေထွေ ရွေးကောက်ပွဲတွင်အသုံးပြုခဲ့သော ပြည်သူ့ လွှတ်တော်ဆန္ဒမဲ လက်မှတ်စောင်ရေ ၅၀ ပါ   ဆန္ဒမဲလက်မှတ်စာအုပ်  နှစ်အုပ်နှင့် ဆန္ဒမဲပေးရာတွင် အသုံးပြုခဲ့သော  UEC တံဆိပ်ပါ တံဆိပ်တုံး သုံးခု သိမ်းဆည်း ရမိကြောင်း၊ ဦးဘိုချစ်မှာ ထွက်ပြေးတိမ်း ရှောင်လျက်ရှိပြီး   သိမ်းဆည်းရမိသော ရွေးကောက်ပွဲသုံးပစ္စည်းများကို ဟုမ္မလင်း မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် အပ်နှံထားသည့်သတင်းကိုလည်း ထုတ်ပြန်ပေးခဲ့ကြောင်း။


ပြည်ထောင်စု     ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့်      နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏    နိုင်ငံတော် တာဝန်ထမ်းဆောင်ရာတွင် ဆောင်ရွက် သွားမည့်ရှေ့လုပ်ငန်းစဉ် ၅ ရပ်ပါ လုပ်ငန်း စဉ် ၁ ဖြစ်သည့်   မဲစာရင်းစစ်ဆေးခြင်း အပါအဝင် လုပ်ဆောင်သင့်   လုပ်ဆောင် ထိုက်သည်များကို     ဥပဒေနှင့်အညီ ဆက်လက် ဆောင်ရွက်လျက်ရှိပါကြောင်း နှင့် လုပ်ငန်းစဉ် ၅ ဖြစ်သည့် အရေးပေါ် ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံ အခြေခံ ဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော    ပါတီစုံဒီမိုကရေစီ အထွေထွေ   ရွေးကောက်ပွဲကျင်းပရေး ဆက်လက်ဆောင်ရွက်သွားမည်   ဖြစ် ကြောင်း ရှင်းလင်းပြောကြားသည်။


(ဆက်လက်ဖော်ပြပါမည်)