လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူအထူးဒေသရှိ နေရပ်စွန့်ခွာသူများအတွက် GMSAEDC မှ ဆန်အိတ် ၁၀၀ ပေးအပ်လှူဒါန်း

 

ဘားအံ   ဇူလိုင်   ၁၄


ကရင်ပြည်နယ်  လှိုင်းဘွဲမြို့နယ်  မြိုင်ကြီးငူအထူး ဒေသသို့      ခေတ္တပြောင်းရွှေ့  နေထိုင်လျက်ရှိသော နေရပ်စွန့်ခွာသူများအတွက်   Greater   Mekong Subregion Agriculture and Education Develo-pment Center (GMSAEDC )မှ ဆန်အိတ် ၁၀၀  ပေးအပ်လှူဒါန်းသည့် အခမ်းအနားကို ဇူလိုင် ၁၃ ရက် က  ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်း အဝေးခန်းမ၌ ကျင်းပသည်။


ထိုသို့ ပေးအပ်လှူဒါန်းရာတွင်    ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ   ဦးစောမြင့်ဦးက  ယခု ပေးအပ်လှူဒါန်းသည့်  ဆန်အိတ်များကို သက်ဆိုင်ရာ  နေရပ်စွန့်ခွာသူများ    လက်ဝယ်အရောက်   ပေးပို့ လှူဒါန်းပေးမည်ဖြစ်ကြောင်း၊ ယခုအခါ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှုများ ရှိနေသည့်အတွက် အဆိုပါဒေသသို့ သွားရောက်ရန်  အခက်အခဲများ   ရှိနေသေးကြောင်း၊  GMSAEDC  အနေဖြင့် ပြည်နယ် အတွင်း    စိုက်ပျိုးရေး၊   မွေးမြူရေးကဏ္ဍများတွင်   လိုက်ပါဆောင်ရွက်ခြင်းများ   ရှိခဲ့ကြောင်း၊   အပစ် အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုး ထားသည့် EAO ဒေသများတွင် စိုက်ပျိုးရေး၊ မွေးမြူ ရေးလုပ်ငန်းများကို စိတ်ပါဝင်စား လုပ်ကိုင်ကြပြီး  လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်နိုင်သည်အထိ  ငြိမ်းချမ်းရေးလုပ်ငန်းစဉ်        တိုးတက်လာစေရန်   ဘတ်ဂျက်များ   လျာထားပေးပြီး      လိုအပ်သည့် ထောက်ပံ့မှုများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယခုကဲ့သို့ ဆန်အိတ် ၁၀၀ ကို လာရောက်လှူဒါန်း ပေးသည့်အတွက်          ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် အထူးပင်ကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။


ထို့နောက GMSAEDC မှ စီမံကိန်းညှိနှိုင်းရေးမှူး နော်ဂျိုအဲ(ငန်း)က ဆန်အိတ်များ ပေးအပ်လှူဒါန်းရာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက လက်ခံ ယူပြီး   ဂုဏ်ပြုမှတ်တမ်းလွှာ     ပြန်လည်ပေးအပ် သည်။


စောမျိုးမင်းသိန်း(ပြန်/ဆက်)