COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အထောက်အကူပြုစေရန်အတွက် စေတနာရှင်အလှူရှင်များက အောက်ဆီဂျင်အိုးများနှင့် နှာခေါင်းစည်းများ လှူဒါန်း

 

နေပြည်တော် ဇူလိုင်   ၁၄


လက်ရှိအချိန်တွင်   COVID-19 ရောဂါ တတိယလှိုင်းဖြစ်ပွားမှု မြင့်တက်လျက်ရှိပြီး    ဓာတ်ခွဲ အတည်ပြု     ပိုးတွေ့လူနာများ ကုသရေး       လုပ်ငန်းများနှင့် ကန့်သတ်စောင့်ကြည့်ရမည့် လူနာ များကို    ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် ပေးရာတွင်          လိုအပ်သည့် ကာကွယ်၊  ထိန်းချုပ်၊  ကုသရေး ပစ္စည်းများ၊ အောက်ဆီဂျင်အိုးများ နှင့်  အာဟာရဖြည့် စားသောက် ဖွယ်ရာများကို   စေတနာရှင် အလှူရှင်များက     တပ်မတော် ဆေးရုံများ၊ ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေးဌာနများနှင့် COVID Center   များသို့   လာရောက် လှူဒါန်းလျက်ရှိသည်။


ထိုသို့  လာရောက်လှူဒါန်း လျက်ရှိရာ    ရောဂါအတည်ပြု လူနာများအတွက်  အောက်ဆီဂျင် လိုအပ်ချက်များကို   တစ်ဖက် တစ်လမ်းမှ    အထောက်အကူ ဖြစ်စေရန်အတွက်      ရှမ်း ပြည်နယ်(အရှေ့ပိုင်း) တာချီလိတ် မြို့ရှိ ခရိုင်ပြည်သူ့ဆေးရုံသစ်သို့ တစ်လုံးလျှင်   ငွေကျပ်  ရှစ်သိန်း တန်ဖိုးရှိ အသက်ရှူစက် လေးလုံး၊ လီတာ ၄၀   အောက်ဆီဂျင်အိုး  အလုံး  ၁၄၀   တို့ကို  စေတနာရှင်       အလှူရှင်များက ယနေ့နံနက်ပိုင်း တွင်   လာရောက်လှူဒါန်းကြရာ   ခရိုင်ဆေးရုံအုပ်ကြီးက လက်ခံ ယူခဲ့သည်။


အလားတူ          တပ်မတော် မှ ဆောင်ရွက်ပေးလျက်ရှိသည့် COVID -19   ရောဂါ  ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ တွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍    အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်သို့    စေတနာရှင် အလှူရှင်များက  နှာခေါင်းစည်း ငါးသိန်းနှင့် ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများကို လာရောက်လှူဒါန်းရာ တိုင်းမှူး ဗိုလ်ချုပ်    ကိုကိုဦးက   လက်ခံ ယူခဲ့ပြီး    ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်     ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
 

သတင်းစဉ်