ပြည်ထောင်စုဝန်ကြီး ဦးချစ်နိုင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ ဝန်ထမ်းသစ်များ စွမ်းဆောင်ရည်သင်တန်းတွင် ဆွေးနွေးပို့ချ

 

နေပြည်တော်   ဇူလိုင်   ၁၄


ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်နိုင်သည် ယနေ့နံနက်ပိုင်းက နေပြည်တော် - တပ်ကုန်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင် ဖွင့်လှစ်လျက်ရှိသော “ဝန်ထမ်းသစ်များ စွမ်းဆောင်ရည် သင်တန်း”၌ ဆွေးနွေးပို့ချမှု ပြုလုပ်သည်။


ပြည်ထောင်စုဝန်ကြီးက ပြန်ကြားရေးဝန်ကြီးဌာန၏ လုပ်ငန်းနှင့် မူဝါဒ၊ အခြေခံသဘောတရားနှင့် လုပ်ထုံးလုပ်နည်းများ၊ စေတနာနှင့် စိတ်ဓာတ်ကောင်းမွန်ရေး၊ စည်းကမ်းလိုက်နာရေး၊ စွမ်းရည်မြှင့်တင်ရေး ဆိုင်ရာများကို  ရှင်းလင်းဆွေးနွေးပို့ချသည်။


အဆိုပါသင်တန်းတွင်   နိုင်ငံ့ဝန်ထမ်းဥပဒေ၊   နည်းဥပဒေဆိုင်ရာများ၊   ရုံးလုပ်ငန်းလက်စွဲ၊   ဌာန၏  ဖွဲ့စည်းပုံနှင့် လုပ်ငန်းတာဝန်များ၊  မီဒီယာနှင့် ရုပ်သံပညာရပ်များကို ဝန်ထမ်း  ၁၂၈ ဦးအား ဇူလိုင်  ၅ ရက်မှ စ၍   ရက်သတ္တနှစ်ပတ်ကြာ   ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ရေးနည်းလမ်းများနှင့်အညီ  အခန်းများခွဲ၍ ပို့ချနေခြင်းဖြစ်သည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးက မြန်မာ့အသံရေဒီယို၊ တိုင်းရင်းသားဘာသာအစီအစဉ်၊ သပြေရေဒီယို နှင့် Myanma Radio ထုတ်လွှင့်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများကို  ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးခဲ့သည်။ 


သတင်းစဉ်