(၇၄) နှစ်မြောက် အာဇာနည်နေ့အခမ်းအနားတွင် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် အတွင်းဝန်ရုံး (ယခင်ဝန်ကြီးများရုံး)နှင့် ဗိုလ်ချုပ်ပြတိုက်တို့ကို အများပြည်သူများ ဝင်ရောက်ခွင့်မပြု

 

ရန်ကုန်    ဇူလိုင်   ၁၄ 


COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် (၇၄) နှစ်မြောက် အာဇာနည်နေ့တွင် အတွင်းဝန်ရုံး  (ယခင်ဝန်ကြီးများရုံး) နှင့် ဗိုလ်ချုပ် ပြတိုက်တို့ကို အများပြည်သူများ ဝင်ရောက်ခွင့်မပြုကြောင်းနှင့် ယင်း ကပ်ရောဂါကို ပြည်သူတို့ကျော်လွှားနိုင်ရန် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီ၏ လမ်းညွှန်မှုနှင့်အညီ လူစုလူဝေး မဖြစ်စေရေးအတွက် ၁၉-၇-၂၀၂၁ ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် အာဇာနည်နေ့တွင် အတွင်းဝန်ရုံး(ယခင်ဝန်ကြီးများရုံး)ရှိ အာဇာနည်ခေါင်းဆောင်ကြီးများကျဆုံးခဲ့သည့် အခန်း၊ တိုင်းပြု/ပြည်ပြု လွှတ်တော်အစည်းအဝေးခန်းမနှင့်  ဗိုလ်ချုပ်အောင်ဆန်းပြတိုက်တို့အား အများပြည်သူဝင်ရောက်ကြည့်ရှုခွင့်မပြုကြောင်း၊ (၇၄)နှစ်မြောက် အာဇာနည်နေ့အခမ်းအနား ဖိတ်ကြားရေး၊ ပြန်ကြားရေးနှင့် မှတ်တမ်း ပြုစုရေးဆပ်ကော်မတီက သတင်းထုတ်ပြန်ထားသည်။    

သတင်းစဉ်