ပြည်သူလူထု၏ပူးပေါင်းဆောင်ရွက်မှုများနှင့် တာဝန်ရှိအဖွဲ့အစည်းများက ထိထိရောက်ရောက် ပေါင်းစပ်ဆောင်ရွက်မည်ဆိုပါက COVID-19 ရောဂါဖြစ်ပွားမှုနှုန်းအား ထိန်းနိုင်မည်ဟု ယုံကြည်

နေပြည်တော်  ဇူလိုင်  ၁၂


COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။


အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)  ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေး၊ တွဲဖက်အတွင်း ရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးဝဏ္ဏမောင်လွင်၊ ဦးဝင်းရှိန်၊ ဦးကိုကိုလှိုင်၊ ဒေါက်တာပွင့်ဆန်း၊    

 

                                   
ဒေါက်တာသက်ခိုင်ဝင်း၊    ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)  ဗိုလ်ချုပ်ကြီးမောင်မောင်အေး၊  ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ    တပ်မတော် အရာရှိကြီးများ၊  ကျန်းမာရေးနှင့်  အားကစားဝန်ကြီး ဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။


နိုင်ငံလူဦးရေ၏ သုည ဒသမ ၃၅ ရာခိုင်နှုန်းရှိ


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဖွင့်အမှာစကားပြောကြားရာ တွင်  မိမိတို့နိုင်ငံတွင်  ရောဂါဖြစ်ပွားမှုအနေဖြင့် ဖြစ်ပွားသည့်အချိန်မှ ယနေ့အထိ ၁၉၂၂၁၃ ဦး ရှိပြီ ဖြစ်သဖြင့်   မိမိတို့နိုင်ငံလူဦးရေ၏  သုည ဒသမ ၃၅ ရာခိုင်နှုန်းရှိကြောင်း၊     အာဆီယံနိုင်ငံများထဲတွင် နံပါတ်(၅)နေရာသို့ ရောက်ရှိနေကြောင်း၊ အိမ်နီးချင်း နိုင်ငံများတွင်လည်း  ကူးစက်မှုနှုန်းများ  မြင့်တက် လျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် ရောဂါကူးစက်မှု အား ထိန်းချုပ်နိုင်ရန်အတွက် မြေပြင်တွင် လက်ရှိ ဖြစ်ပျက်နေမှုများကို   အမှန်အတိုင်းသိရှိရန်လို ကြောင်း၊  ပြည်သူလူထုအနေဖြင့်လည်း   ရောဂါ ကူးစက်မှုနှင့် ပတ်သက်၍ သံသယရှိလာပါက မိမိတို့ အိမ်တွင်  ဆေးမီးတိုဖြင့်  ကျိတ်၍ကုသခြင်းများ ဆောင်ရွက်ခြင်းမပြုဘဲ   သက်ဆိုင်ရာမြို့နယ်များ အလိုက် ဖွင့်လှစ်ထားသည့်  ဒေသန္တရကျန်းမာရေး ဌာနများသို့   သွားရောက်အစစ်ဆေးခံရန်လိုအပ် ကြောင်း၊ ဆေးရုံသို့ တိုက်ရိုက် ချက်ချင်းသွားရောက်ရန် မလိုအပ်သေးဘဲ သက်ဆိုင်ရာ ဒေသန္တရကျန်းမာရေး အရာရှိမှ  စစ်ဆေးပြီး   လိုအပ်ချက်ရှိပါက   ဆေးရုံသို့ လွှဲပြောင်းပေးမည်ဖြစ်ကြောင်း၊  ဒေသန္တရကျန်းမာရေး ဌာနများ၏ စစ်ဆေးမှုများသည်လည်း ထိရောက်မှု ရှိကြောင်း၊ ပြည်သူများအနေဖြင့် မှန်မှန်ကန်ကန်ဖြင့် သတင်းပို့ဆက်သွယ် ဆောင်ရွက်သွားရန်လိုကြောင်း၊ ရောဂါကူးစက်မှုခံရသူများအနေဖြင့်  သတ်မှတ်ထား သည့် ကျန်းမာရေးနှင့် လျော်ညီသည့်နေရာတစ်ခုတွင် သီးသန့်နေထိုင်ရန်လိုအပ်ကြောင်း၊     အားလုံး ကျန်းမာရေးအသိဖြင့် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ရောဂါဖြစ်ပွားမှုအခြေအနေမှန်များအား  မှန်မှန် ကန်ကန် တိတိကျကျဖြင့်သိရှိမှသာ ဖွဲ့စည်းထားသည့် ကော်မတီများအနေဖြင့် အကျိုးရှိရှိ ထိထိရောက်ရောက် ဆောင်ရွက်နိုင်မည်ဖြစ်သောကြောင့်   နိုင်ငံတော်၏ ကျန်းမာရေးဆိုင်ရာ  ကာကွယ်၊  ကုသရေးလုပ်ငန်းများ ဆောင်ရွက်မှုအပေါ်   အထောက်အကူပေးသည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ကြောင်း၊ ဖြစ်စဉ်များအား အမှန်အတိုင်း ပြည်သူများမှပြောရန်လိုပြီး စစ်ဆေး သည့်အဖွဲ့အစည်းများအနေဖြင့်လည်း လိုအပ်သည် များကို စီမံဆောင်ရွက်ရန်လိုကြောင်း။


သတင်းမှားများ ဖော်ပြနေမှု


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ   တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အောက်ဆီဂျင်လိုအပ်ချက်များအပေါ် ပြည်သူလူထု အထိတ်တလန့်ဖြစ်စေရန် သတင်းမှားများ  ဖော်ပြ နေမှုများနှင့်ပတ်သက်၍ ပြောကြားရာတွင်  “နောက် တစ်ခါ Oxygen နဲ့ပတ်သက်ပြီး  လူတွေတော်တော် များများ  ပြောကြတယ်။   ဒီရက်ပိုင်းအတွင်းမှာ Oxygen နဲ့ ပတ်သက်ပြီး။  တကယ်တော့ Oxygen က လက်ရှိအနေအထားမှာ လုံလုံလောက်လောက်ရှိပါ တယ်။ လူတွေက ကြောက်လန့်ပြီးတော့ စိုးရိမ်ပြီး တော့ အချို့ကလည်း ဝယ်ထားတာရှိတယ်။ အချို့က လည်း မသမာတဲ့နည်းနဲ့ လုပ်ဖို့ကြိုးစားနေတာလည်း ရှိတယ်။ ဒီအပေါ်မှာ နိုင်ငံရေးအရ အမြတ်ထုတ်ဖို့ ဆောင်ရွက်လိုတဲ့လူတွေလည်း  ရှိတယ်။ Oxygen အိုးတွေကို ဝယ်ပြီးတော့ ဖမ်းထိန်းတယ်။ Oxygen ပြတ်သွားပြီ။ အဲဒီမှာ Rumour တွေ ထွက်ကုန်တယ်။ ပြီးခဲ့တဲ့  တစ်ရက် နှစ်ရက်ကပဲ  ပြင်ဦးလွင်မှာရှိတဲ့ Oxygen plant ပျက်သွားတယ်ဆိုပြီးတော့ ဖြစ်လာ တယ်။ ကျွန်တော်က တာဝန်ရှိတဲ့သူတွေမေးတဲ့အခါ ကျတော့ မွန်းတည့် ၁၂ နာရီအထိ အကောင်းပါပဲတဲ့။ ဘာမှမဖြစ်ပါဘူးလို့ပြောတယ်။ ကျွန်တော်မေးကြည့် တယ်။ အဲဒီစက်ရုံကို  Check လုပ်ခိုင်းကြည့်တော့ နောက်ဆုံးရတဲ့ Information ပေါ့။ အဲဒီအချိန်မှာထိ ဘာမှမဖြစ်ဘူးလို့ပြောတယ်။   ဆိုလိုတာကတော့ Rumour တွေထုတ်ပြီးတော့မှ  လူတွေ  အထိတ် တလန့်ဖြစ်ပြီးတော့   လုပ်တာပေါ့။   လူတွေက ဘာလဲဆိုတော့ ပွဲလန့်တုန်းဖျာခင်းတာ။ အနှောင့် အယှက်မျိုးစုံပေးကြတာ။ ဒါကိုလည်း၊ ပြည်သူလူထု ကလည်း သတိရှိရှိနဲ့ဆင်ခြင်ပြီးတော့  ဆောင်ရွက် ကြဖို့ ကျွန်တော်ပြောလိုပါတယ်။ နောက် Oxygen စက်ရုံနဲ့ပတ်သက်ရင်လည်း   ပြီးခဲ့တဲ့အပတ်က သောကြာနေ့က ကျွန်တော်တို့ ဆွေးနွေးပြီးတဲ့နောက် မှာ   Oxygen plant  တစ်ခုကို    ကျွန်တော်တို့ကို လွှဲပြောင်းပေးဖို့အတွက်  အလှူရှင်တစ်ယောက်က နေပြီးတော့မှ ဆွေးနွေးလာတာရှိတယ်။ ကျွန်တော် လက်ခံလိုက်တယ်။ အခု ကျွန်တော်တို့ စလုပ်နေပြီ။ တစ်လအတွင်းမှာ ဒီစက်ရုံပြီးပါမယ်။ Production ပြီးတဲ့အထိကို လုပ်နိုင်အောင် ကြိုးစားနေပါတယ်။ လောလောဆယ်   foundation  တော့ ပြီးသွားပြီ။ သို့သော်လည်းပဲ     နောက်တစ်ဆင့်တက်ရမယ့် လုပ်ငန်းစဉ်ရှိတယ်။ အဲဒါ နှစ်ပတ်လောက်ကြာမယ်။ သူက Weight ကလည်း များတယ်။ ပြီးရင် အဲဒါကို လာပြီး ဆင်မှာနဲ့ ပြုမှာနဲ့။ နောက် စက်ရုံပြန်ပြီးတော့ လည်ပတ်မယ်ဆို တစ်လလောက်ဆိုရင် ဒီစက်ရုံကို ကျွန်တော်တို့ လည်နိုင်ပြီ။   သူသည်  တစ်နေ့ကို အလုံးပေါင်း ၁၄၄၀ ထုတ်နိုင်မယ်။ ဒါ  ရန်ကုန်မှာ ကျွန်တော်တို့  ဆောင်ရွက်နေပါတယ်။ ပြောချင်တာ ကတော့  ဒါနဲ့ပတ်သက်ပြီး   စိုးရိမ်ပူပန်မှုတော့ သိပ်မဖြစ်စေဖို့ရယ်။ မလိုအပ်တဲ့ ကောလာဟလတွေ ဖြန့်ချိပြီးတော့ ဆောင်ရွက်တာမျိုးမလုပ်ကြဖို့ရယ်။ ပြည်သူတွေကလည်း ဒါလေးပူးပေါင်းဆောင်ရွက်ပေးဖို့ကိုလည်း ကျွန်တော်ပြောလိုပါတယ်။ အဓိက ကတော့ ဒီအပေါ်မှာ နိုင်ငံရေးအရ အမြတ်ထုတ်ချင်တဲ့ လုပ်ရပ်တွေ မလုပ်ဖို့ လိုတယ်ဆိုတာလေးလည်း ကျွန်တော်ပြောလိုပါတယ်။  ဒါက လူမှုရေးကိစ္စပါ။ ကျန်းမာရေးကိစ္စ။ လူ့အသက်ကိစ္စ။ ဒါ နိုင်ငံရေးကိစ္စ မဟုတ်ဘူး။ ကျန်းမာရေးကိစ္စ။ လူ့ အသက်ကိစ္စ။ ဒီအပေါ်မှာ  လာပြီးတော့မှ  ဒုက္ခရောက်အောင် မလုပ်ဖို့ လိုတယ်။  ဒါလုပ်တယ်ဆိုရင်တော့  တော်တော်ကို မိုက်မဲရာကျတဲ့လုပ်ရပ်ပဲလို့ ကျွန်တော်ပြောလိုတယ်” ဟု ပြောကြားသည်။  


ကာကွယ်ဆေး နှစ်သန်း မကြာမီရောက်ရှိမည်


ယင်းနောက်  မိမိတို့နိုင်ငံ၏  ရောဂါကာကွယ် ထိန်းချုပ်ကုသမှုများ ပိုမိုအောင်မြင်စေရန်အတွက် တရုတ်နိုင်ငံမှ   လှူဒါန်းသည့်  COVID-19 ရောဂါ ကာကွယ်ဆေး နှစ်သန်းသည်လည်း မကြာမီကာလ အတွင်း ရောက်ရှိမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေ ဖြင့် ကမ္ဘာ့နိုင်ငံများသို့ လှူဒါန်းခြင်းနှင့်ရောင်းချခြင်း များ ပြုလုပ်လျက်ရှိသည်ကို သတင်းများအရ သိရှိရ ကြောင်း၊ မိမိတို့နိုင်ငံကိုလည်း အိမ်နီးနားချင်းနိုင်ငံတစ်ခုအနေဖြင့်  ကူညီဆောင်ရွက်ပေးမှုများရှိပြီး နှစ်နိုင်ငံ  နယ်စပ်ဒေသများတွင်   အထူးသဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့်   ကချင်ပြည်နယ် တို့တွင် COVID-19   ရောဂါကာကွယ်ရေးအတွက် ကူညီဆောင်ရွက်ပေးနေမှုများရှိကြောင်း၊ မိမိတို့နိုင်ငံ တွင် COVID-19 ရောဂါ  ကာကွယ်ရေးအတွက်        ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များကို  မှန်မှန် ကန်ကန်  လိုက်နာဆောင်ရွက်ရန်လိုကြောင်း၊ မဖြစ် မနေ လိုအပ်ချက်များရှိမှသာ အပြင်သို့သွားလာခြင်း များ ဆောင်ရွက်ရန်လိုကြောင်း၊    မိမိတို့အနေဖြင့် ကုန်ထုတ်လုပ်မှု                  

 


လုပ်ငန်းများအား ဆက်လက်လည်ပတ်ရန် ခွင့်ပြု ပေးထားပြီး  အဆိုပါလုပ်ငန်းများအနေဖြင့်လည်း COVID-19   ရောဂါကာကွယ်ရေးနှင့်ပတ်သက်ပြီး ညွှန်ကြားထားသည့်  ညွှန်ကြားချက်များအား တိကျစွာ လိုက်နာဆောင်ရွက်ရန်လိုကြောင်း၊   စိုက်ပျိုးရေး လုပ်ငန်းများတွင်လည်း ကြိုတင်ကာကွယ်မှုများဖြင့် ဆောင်ရွက်ရန်လိုကြောင်း၊  တပ်မတော်အနေဖြင့် လည်း COVID-19 ရောဂါ  ကာကွယ်၊ ကုသမှုများ ဆောင်ရွက်နိုင်ရေး ၁၂၇၈ နေရာတွင် လူဦးရေ ၃၈၉၇၂ ဦးလက်ခံနိုင်ရေးပြင်ဆင်ထားရှိပြီး   အရပ်ဘက် အနေဖြင့် ၁၄၅၃ နေရာတွင်   လူဦးရေ ၇၁၄၇၅ ဦး လက်ခံနိုင်ရေး   ပြင်ဆင်ထားရှိပြီးဖြစ်ကြောင်း၊ ကြိုတင်ပြင်ဆင်မှုများအား     စဉ်ဆက်မပြတ် ဆောင်ရွက်နေရမည်ဖြစ်ပြီး အဓိကအားဖြင့် ပြည်သူ လူထု၏ပူးပေါင်းဆောင်ရွက်မှုများနှင့် တာဝန်ရှိအဖွဲ့ အစည်းများက  ထိထိရောက်ရောက်   ပေါင်းစပ် ဆောင်ရွက်သွားမည်ဆိုပါက  COVID-19  ရောဂါ ဖြစ်ပွားမှုနှုန်းအား အတတ်နိုင်ဆုံးအနေအထားတစ်ခု အထိ ထိန်းနိုင်မည်ဟု ယုံကြည်ကြောင်း၊ COVID-19 ရောဂါသည်  လုံးဝအရှင်း  မပျောက်ကင်းနိုင်သည့် ရောဂါမျိုးဖြစ်သည်ဟု     ယူဆရသည့်အတွက် ကာကွယ်ဆေးများ အမြဲမပြတ် လိုအပ်နေမည်ဖြစ် သဖြင့် မိမိတို့နိုင်ငံအတွင်း  ကာကွယ်ဆေးထုတ်လုပ် နိုင်ရေး  သက်ဆိုင်ရာကျန်းမာရေးဝန်ကြီးဌာနနှင့် တပ်မတော်ဆေးသုတေသန   တပ်ဖွဲ့များအားလုံး ပူးပေါင်းဆောင်ရွက်ရန်နှင့်   COVID-19  ရောဂါ ကာကွယ်ရေးသည်   အမျိုးသားရေးဖြစ်သဖြင့် ပုဂ္ဂလိက ကဏ္ဍများမှပါ ပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ခြင်းဖြင့် နိုင်ငံတော် အတွက် များစွာအကျိုးရှိမည်ဖြစ်ကြောင်း ပြောကြား သည်။


ဖြည့်စွက်ဆွေးနွေး


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ  ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)၊  ကောင်စီ အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊  တပ်မတော် အရာရှိကြီးများနှင့် အခမ်းအနား တက်ရောက်လာကြ သူများက COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက်  ကျန်းမာရေးဝန်ထမ်းများနှင့်       စေတနာ့ဝန်ထမ်းများလိုအပ်ချက်ရှိမှု၊ အောက်ဆီဂျင် များအား မသမာသည့် ရည်ရွယ်ချက်များဖြင့်  ဝယ်ယူ စုဆောင်းခြင်းများကြောင့် အမှန်တကယ်လိုအပ်သည့် ပြည်သူများအတွက်  အခက်အခဲဖြစ်ပေါ်လျက်ရှိမှု၊ လိုအပ်သည့်  အောက်ဆီဂျင်များအား  တပ်မတော် စက်ရုံအလုပ်ရုံများ၊ ပုဂ္ဂလိကစက်ရုံများမှ  နေ့စဉ် ထုတ်လုပ်၍ ဆေးရုံများသို့ နေ့စဉ်ဖြန့်ဝေပေးနေမှုနှင့် အောက်ဆီဂျင်များလုံလောက်စွာရရှိရေး    စီမံ ဆောင်ရွက်နေမှု၊ COVID-19 ရောဂါ  ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ပုဂ္ဂလိကဆေးရုံများတွင် ကုသနိုင်ရေးခွင့်ပြုပေးမှု၊ COVID-19 ရောဂါကာကွယ် ဆေးများ  ရောက်ရှိသည့်အချိန်တွင်  ပြည်သူများ အမြန်ဆုံးထိုးနှံနိုင်ရေး   ကြိုတင်ပြင်ဆင်ထားရှိမှု၊ စီးပွားရေးနှင့် သက်ဆိုင်မှုမရှိသည့် ရောဂါကာကွယ်ရေး ဆိုင်ရာပစ္စည်းများ   ပြည်ပမှတင်သွင်းမှုအပေါ် အကောက်အခွန်ကင်းလွတ်ခွင့်ပေးထားမှု၊  ဝေးလံ ခေါင်ဖျားသည့်  ဒေသများအတွက်  လိုအပ်သည့် အောက်ဆီဂျင်စက်များနှင့် COVID-19 ရောဂါစစ်ဆေး သည့်စက်များ လုံလောက်စွာရရှိရေး ဆောင်ရွက်မည့် အခြေအနေများအား ရှင်းလင်းတင်ပြကြသည်။


ရှင်းလင်းတင်ပြမှုများအပေါ်   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပုဂ္ဂလိကစက်ရုံများမှ အောက်ဆီဂျင်များ အား ထိုက်သင့်သည့်ဈေးဖြင့်  ရရှိရန်လိုကြောင်း၊ COVID-19 ရောဂါကာကွယ်ရေးအတွက်  ပစ္စည်းများ အား ပြည်ပမှတင်သွင်းရာတွင် သတ်မှတ်အရည်အသွေး ပြည့်မီစေရန်နှင့်  ပြည်သူများအနေဖြင့် ထိုက်သင့် သည့်  ဈေးနှုန်းများဖြင့်  ဝယ်ယူအသုံးပြုနိုင်ရေး တာဝန်ရှိသူများက ကြပ်မတ်စစ်ဆေးရန်လိုကြောင်း၊ ကျန်းမာရေးဝန်ထမ်းများလိုအပ်လျက်ရှိသည့် ဝေးလံ ခေါင်ဖျားသည့်ဒေသများသို့ တပ်မတော်သားဆရာဝန် များ  စေလွှတ်ပေးသွားမည်ဖြစ်ပြီး  လိုအပ်သည့် ကျန်းမာရေးဆိုင်ရာ အထောက်အကူပြုစက်ပစ္စည်း များကိုလည်း  တပ်မတော်လေယာဉ်၊  ရဟတ်ယာဉ် များဖြင့်    အမြန်ဆုံးပို့ဆောင်ပေးသွားမည်ဖြစ် ကြောင်း၊ ပြည်သူများစိုးရိမ်စိတ်များဖြစ်ပေါ်စေရန် သတင်းမှားများဖြင့် လုပ်ဆောင်မှုများရှိသောကြောင့် ပြည်သူများအား ကျန်းမာရေးဆိုင်ရာအသိပညာပေး မှုများအား စဉ်ဆက်မပြတ်ဆောင်ရွက်ပေးသွားရန်လိုကြောင်း ဖြည့်စွက်ဆွေးနွေးသည်။


ချက်ချင်းအရေးယူဆောင်ရွက်ရန်လို


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိဂုံးချုပ် အမှာစကားပြောကြားရာတွင်    ဒေသအလိုက် လိုအပ်ချက်များအား အချိန်နှင့်တစ်ပြေးညီသိရှိရန်လိုအပ်ပြီး  ချက်ချင်းအရေးယူဆောင်ရွက်ရန်လို ကြောင်း၊  တစ်နိုင်ငံလုံးရှိအောက်ဆီဂျင်စက်ရုံများ၊ တပ်မတော်ဆေးရုံများ၊  အရပ်ဘက်ဆေးရုံများ၊ ပုဂ္ဂလိကဆေးရုံများရှိ  အောက်ဆီဂျင်ထုတ်လုပ်မှု အခြေအနေများအား သိရှိအောင် ဆောင်ရွက်ထားရန် လိုအပ်ပြီး   လိုအပ်ချက်များရှိသည့်နေရာများသို့   အမြန်ဆုံးပို့ဆောင်နိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း၊ လူနေမှုထူထပ်သည့် ရန်ကုန်မြို့နှင့် မန္တလေးမြို့များ တွင် ကူးစက်မှုများအား မျက်ခြည်မပြတ်ကြည့်ရှု၍ အမြန်ဆုံးထိန်းချုပ်နိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း၊ Community  COVID  Positive  Centre  များ ထားရှိခြင်းသည် အကျိုးရှိသည့်ဆောင်ရွက်ချက်ဖြစ် ကြောင်း၊ အဆိုပါနေရာများတွင် တာဝန်ထမ်းဆောင် ကြသည့်      စေတနာ့ဝန်ထမ်းများအတွက်လည်း ကျွေးမွေးမှုလုပ်ငန်းများနှင့်      ထောက်ပံ့ငွေများ        ပေးအပ်နိုင်ရေး စီစဉ်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ COVID-19 ရောဂါကာကွယ်ရေးအတွက်   လှူဒါန်း လိုသည့် အလှူရှင်များထံမှ အလှူငွေများ၊ ကျန်းမာရေး ဆိုင်ရာပစ္စည်းများနှင့်    စားသောက်ဖွယ်ရာများ လက်ခံနိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း၊ ပြည်ပ တွင်ရောက်ရှိနေသည့်  မိမိတို့နိုင်ငံသားများအား ပြန်လည်ခေါ်ယူနိုင်ရေးအတွက်  ဆောင်ရွက်လျက်ရှိ ကြောင်း၊ အဓိကအားဖြင့် အိမ်နီးနားချင်းနိုင်ငံများ တွင် ရောက်ရှိနေသူများအား ပြန်လည်ခေါ်ယူသွားမည်ဖြစ်ကြောင်း၊   ပြန်လည်ရောက်ရှိသူများအား COVID-19 စည်းကမ်းချက်များနှင့်အညီ  တိတိကျကျ ဆောင်ရွက်ရန်လိုကြောင်း၊ ဝေးလံသည့်နိုင်ငံများ တွင်ရောက်ရှိနေသူများကိုလည်း ပြန်လည်ခေါ်ယူရန် လိုကြောင်း၊ မိမိတို့နိုင်ငံသားများ မိမိတို့နိုင်ငံအတွင်း နေထိုင်ခြင်းသည်သာ အကောင်းဆုံးဖြစ်ကြောင်း။


ဖြတ်သန်းခွင့်ပေးဖို့လို


ထို့နောက်  ညမထွက်ရသတ်မှတ်ထားသည့် နယ်မြေဒေသများတွင်    ကျန်းမာရေးကိစ္စနှင့် ပတ်သက်ပြီး အချိန်မီဆောင်ရွက်ပေးနိုင်ရေးအတွက် ပြောကြားရာတွင် “နောက်တစ်ခုက စောစောက    တွဲဖက်အတွင်းရေးမှူးဆွေးနွေးသွားတဲ့ ညမထွက်ရ မြို့တွေက  အရေးပေါ်သွားလာမှုနဲ့  ပတ်သက်ပြီး တစ်ချက်ပါလာတာရှိတယ်။ အဲ့ဒါလည်း မှန်တယ်။ ညမထွက်ရမြို့တွေကျတော့လည်း  လုံခြုံရေးအဖွဲ့ အစည်းတွေက  ဟိုတား ဒီတား  တားမှာလည်း ကြောက်ရတယ်။ နောက်တစ်ခုကလည်း ဒီအပေါ်မှာ မဟုတ်ကဟုတ်က  အမြတ်ထုတ်ပြီး  မဟုတ်တာ လုပ်မှာလည်း ကြောက်ရတယ်။ နှစ်ဖက်ချိန်ရတာပေါ့။ အဲဒီတော့ ဒါကိုလည်း ကျွန်တော်တို့က  အရေးပေါ် လူနာ သွားလာရေးနဲ့ပတ်သက်ပြီးတော့ အတား အဆီးမရှိ သွားလို့ရအောင်လုပ်ရမယ်။  ဆေးရုံတွေ သွားနိုင်ဖို့အတွက်။ ဥပမာအားဖြင့်-သူသည် မြို့နယ် မှာပဲ သွားတာလည်းဖြစ်မယ်။ တခြားမြို့နယ်ကျော် သွားတာလည်း ရှိရင်ရှိမယ်။ အဲဒါကိုတော့ စိစစ်ပြီး တော့ တစ်ခါတည်းစိစစ်။  တစ်ခါတည်း ခွင့်ပြုဖို့ လိုမယ်။ ဖြတ်သန်းခွင့်ပေးဖို့လိုမယ်။ တချို့နေရာမှာ လည်း Check လုပ်တာတော့ ရှိရင်ရှိမှာပေါ့။ Check လုပ်တာ နှစ်မိနစ်လောက်ရှိရင် ရှိမှာပေါ့။ စက္ကန့် ၃၀ လောက်ကြာရင်  ကြာမှာပေါ့။ လူနာပြ။ ဟုတ်ပြီ။ ဆရာဝန်ပါလား။ ဒါမှမဟုတ် ကျန်းမာရေးဝန်ထမ်းပါ လား။  ဟုတ်ပါတယ်ဆို   ချက်ချင်းလွှတ်လိုက်ပေါ့။ ပြီးတာပါပဲ။  လုံခြုံရေးအဖွဲ့အစည်းအချင်းချင်း Contact ရှိဖို့လိုတယ်။ အဲဒီလိုလည်း လုပ်လို့ရရင်လဲ ညမထွက်ရဖြစ်လာတဲ့     ကိစ္စရပ်တွေမှာလည်း ကျော်လွှားလို့ရတယ်ဆိုတာလေး ကျွန်တော်ပြောလို ပါတယ်” ဟု ပြောကြားသည်။ 


မီဒီယာတွေ မှန်မှန်ကန်ကန်ရေးဖို့လို


ဆက်လက်ပြီး    မီဒီယာများအနေဖြင့် အများ ပြည်သူအကျိုးရှိစေမည့်  သတင်းများနှင့်  မှန်မှန် ကန်ကန် ဖော်ပြရန်လိုအပ်သည့် အခြေအနေများနှင့် ပတ်သက်၍ “နောက်တစ်ခါတော့ မီဒီယာများကိစ္စပါ။ ဒါ ခုနက ဆွေးနွေးတဲ့ထဲမှာ ပါတာပေါ့။ မီဒီယာတွေ ကတော့ တကယ်လည်း အဖျက်အမှောင့်လုပ်ငန်းနဲ့။ နိုင်ငံရေးအရပြောရင် တခြားကိစ္စနဲ့ ပြောရင်ပြောပေါ့။ ဒီ Covid နဲ့ ပတ်သက်ပြီးတော့။ ဒါ အများပြည်သူနဲ့ ဆိုင်တဲ့ကိစ္စဖြစ်တယ်။ အစိုးရထိခိုက်တဲ့ ကိစ္စမဟုတ် ဘူး။ အများပြည်သူထိခိုက်တဲ့ ကိစ္စဖြစ်တယ်။ မီဒီယာ တွေကတော့ မှန်မှန်ကန်ကန်ရေးပေးဖို့။ ထုတ်ပြန်ဖို့ လိုတယ်။ မီဒီယာတွေကနေပြီးတော့ ရေးသားတာ လည်း မှန်မှန်ကန်ကန် ဖြစ်ဖို့လိုတယ်။ အပြုသဘောနဲ့ ရေးတာတော့ ကျွန်တော်တို့ ဘာမှ လက်မခံနိုင်စရာ အကြောင်းမရှိပါဘူး။ သို့သော် အချို့က  အဖျက် သဘောနဲ့  လုပ်တာတွေ ရေးတာတွေတွေ့တယ်။ ဒါ တော်တော်ကြီးကို ဒီရက်ပိုင်းအတွင်းမှာ များလာ တာတွေ့တယ်။ ဘယ်သူသေသေ၊ ငတေမာရင်ပြီးရော ဆိုတဲ့ ဟာမျိုးပေါ့။ ဒီလိုမျိုးစိတ်နဲ့ လုပ်တာကတော့ တော်တော်လေးကို အင်မတန်ကို တော်တော်ဆိုးရွား ပါတယ်။ ကျွန်တော်တို့ လူမျိုးတွေက ဗုဒ္ဓဘာသာ အများစုကိုးကွယ်တဲ့သူတွေပါ။ ဘယ်ဘာသာမှလည်း လက်မခံဘူး ဒီဟာကို။ သူများဒုက္ခရောက်မယ့်ကိစ္စ မျိုးကို ဘယ်ဘာသာမှလည်း လက်မခံဘူး။  အထူး သဖြင့် ကျွန်တော်တို့ ဗုဒ္ဓဘာသာ။ ဒါနဲ့ ပတ်သက်ပြီး ပိုပြီး  အလေးထားတဲ့နေရာ၊  နိုင်ငံဖြစ်ပါတယ်။ လူမှုရေးစိတ်ဓာတ်နဲ့ ပတ်သက်ရင်လည်း ကျွန်တော်တို့ မြန်မာလူမျိုးတွေဟာ ပိုပြီးတော့မှ  အလှူအတန်း လည်း စိတ်ရှိကြတယ်။ volunteer စိတ်လည်း ရှိကြ တယ်။  ဒီလိုနေရာမျိုးမှာ  ဒီလိုစိတ်ဓာတ်တွေကို ပျက်ပြားအောင်လုပ်တာမျိုးကတော့ ဒါ မဖြစ်သင့် ဘူး။ အသိတရားနဲ့ရော၊ သတိတရားနဲ့ရော။ အားလုံး ကနေ လုပ်ဖို့လိုမယ်လို့ ကျွန်တော်ပြောလိုပါတယ်” ဟု ပြောကြားသည်။


ယင်းနောက် မိမိတို့အနေဖြင့်  လက်ဝယ်တွင် ရှိသည့်  စွမ်းအားစုများအား  COVID-19 ရောဂါ ကာကွယ်၊  ထိန်းချုပ်၊  ကုသရေးအတွက်   ထိထိ ရောက်ရောက် အသုံးချဆောင်ရွက်ရန်လိုကြောင်း၊ အောက်ဆီဂျင်များ       လုံလောက်စွာရရှိအောင် ဆောင်ရွက်ခြင်း၊   ရောဂါကာကွယ်ရေးပစ္စည်းများ၊ ဆေးဝါးပစ္စည်းများ   လုံလောက်စွာရရှိအောင် ထုတ်လုပ်ခြင်းနှင့် ပြည်ပမှတင်သွင်းခြင်းများအား မှန်မှန်ကန်ကန်နှင့်  မြန်မြန်ဆန်ဆန်ရရှိအောင် ဆောင်ရွက်နိုင်ရန်လိုကြောင်း၊  စီမံခန့်ခွဲမှုလုပ်ငန်း များအား မှန်မှန်ကန်ကန်ဆောင်ရွက်မည်ဆိုပါက     နိုင်ငံအတွက် အထောက်အကူပြုမည်ဖြစ်ကြောင်း၊ ထို့ကြောင့်  သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် အချိန်နှင့်တစ်ပြေးညီ တင်ပြဆောင်ရွက်ကြရန်လိုပြီး ကျန်းမာရေးဝန်ကြီးဌာန၏ လိုအပ်ချက်များအား အားလုံးဝိုင်းဝန်းပံ့ပိုး ကူညီဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်းဖြင့်  မှာကြားခဲ့ကြောင်း  သတင်းရရှိ သည်။                                            

 

  သတင်းစဉ်