မြဝတီနယ်စပ်မှတစ်ဆင့် ကိုဗစ်-၁၉ ကာကွယ်တားဆီးရေးနှင့်ကုသရေးဆိုင်ရာ ဆေးနှင့်ပစ္စည်းများကို  ဖြေလျှော့မှုများဖြင့် တင်သွင်းခွင့်ပြု


 

မြဝတီ ဇူလိုင် ၁၂


မြဝတီနယ်စပ်မှတစ်ဆင့် ကိုဗစ်-၁၉ ကာကွယ် တားဆီးရေးနှင့် ကုသရေးဆိုင်ရာ  ဆေးနှင့်ဆေး ပစ္စည်းများ   တင်သွင်းမှုကို  ဖြေလျှော့မှုများဖြင့် တင်သွင်းခွင့် ပြုပေးလျက်ရှိကြောင်း ကုန်သွယ် ရေးဦးစီးဌာန  မြဝတီကုန်သွယ်ရေးဇုန်မှ   သိရ သည်။
ထို့အပြင် လတ်တလော ကိုဗစ်-၁၉ ကုသရေး တွင် လိုအပ်လျက်ရှိသည့် Oxygen Concentrator   များတင်သွင်းမှုအတွက် FDA ထောက်ခံ ချက်နှင့်    သွင်းကုန်လိုင်စင်  လျှောက်ထားရန် မလိုအပ်သည့်အပြင် အကောက်ခွန် သုံးရာခိုင်နှုန်း အတွက်လည်း  လက်ငင်းပေးဆောင်ရန်မလိုဘဲ ကြိုတင်ထုတ်ယူနိုင်ရန်  ဖြေလျှော့ခွင့်ပြုပေးနေ ကြောင်း   မြဝတီကုန်သွယ်ရေးဇုန်  တာဝန်ခံ ညွှန်ကြားရေးမှူး ဦးအောင်ဇော်မိုးက ပြောသည်။
မြဝတီကုန်သွယ်ရေးဇုန်  တာဝန်ခံညွှန်ကြား ရေးမှူး ဦးအောင်ဇော်မိုးက  “ကျွန်တော်တို့ စီးပွား ရေးနှင့်  ကူးသန်းရောင်းဝယ်ရေး  ဝန်ကြီးဌာန အနေနဲ့ကိုဗစ်-၁၉ ရောဂါကာကွယ် ကုသရေးဆေး နဲ့ ဆေးပစ္စည်းကိရိယာတွေတင်သွင်းခွင့်ကို လုပ်ထုံး လုပ်နည်းနဲ့အညီ   သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ ပူးပေါင်းပြီးတော့ နယ်စပ်ကုန်သွယ်ရေးတင် မဟုတ် ပါဘူး  ပင်လယ်ရေကြောင်းကပါ အချိန်နဲ့တစ်ပြေးညီ ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိပါတယ်” ဟု ပြောသည်။
ဇူလိုင်   ၁၁ ရက်က  Facebook လူမှုကွန်ရက် စာမျက်နှာများတွင်    ကိုဗစ်-၁၉ ရောဂါကာကွယ် ကုသရေး     ဆေးနှင့်     ဆေးပစ္စည်းကိရိယာများ တင်သွင်းခွင့်ကို ရပ်ဆိုင်းသည်ဆိုသည့် စာတစ်စောင် ပျံ့နှံ့ခဲ့ပြီး အဆိုပါစာမှာ ရုံးစာအတုဖြစ်ကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ် ကုသရေးဆေးနှင့် ဆေး ပစ္စည်းကိရိယာများအား   အချိန်နှင့် တစ်ပြေးညီ အချိန်ကြန့်ကြာမှုမရှိအောင်    တင်သွင်းခွင့်ပြုပေး လျက်ရှိပြီး ဖြေလျှော့မှုများကိုလည်း အချိန်နှင့်တစ် ပြေးညီ    ထုတ်ပြန်ပေးသွားမည်  ဖြစ်ကြောင်း၊  ပြည်သူလူထုအနေဖြင့်လည်း  တရားဝင်   ဝန်ကြီး ဌာနက  ထုတ်ပြန်သည့် သတင်းများကိုသာ လက်ခံ အတည်ယူရန်      တိုက်တွန်းလိုပါကြောင်း   ၎င်းက ဆက်လက်ပြောကြားသည်။
အဆိုပါ   ရုံးစာအတု  ထွက်ပေါ်လာသည်နှင့် ပတ်သက်ပြီး  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ        ရုံးစာအတုဖြစ်ကြောင်း ချက်ချင်းထုတ်ပြန်ပေးပြီး  ကုန်သွယ်ရေးဦးစီးဌာန မြဝတီကုန်သွယ်ရေးဇုန်တာဝန်ခံ     ညွှန်ကြားရေး မှူး   ဦးအောင်ဇော်မိုး   ဦးဆောင်ပြီး အကောက်ခွန် ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်ခိုင်၊ မြို့နယ် ဦးစီးမှူး ဦးစောသန်းအောင်တို့က ဇူလိုင် ၁၁ရက် တွင်   ကုန်သွယ်ရေးဇုန်  အစည်းအဝေးခန်းမ၌ သတင်းမီဒီယာများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ် ကုသရေးဆေးနှင့်   ဆေးပစ္စည်းများ   တင်သွင်းနေ သည့်   ကုမ္ပဏီများမှ    ကိုယ်စားလှယ်များအား  ဖိတ်ခေါ်၍   ရှင်းလင်းခဲ့ကြောင်း  သိရသည်။
ထိန်လင်းအောင်(ပြန်/ဆက်)