ဆေးကုသရန်အခက်အခဲဖြစ်ပေါ်လျက်ရှိသည့် ပြည်သူ့ဆေးရုံနှင့်တိုက်နယ်ဆေးရုံများသို့ တပ်မတော်သားပါရဂူများ၊  ဆရာဝန်များနှင့် သူနာပြုများက သွားရောက်၍ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

 

 

နေပြည်တော်  ဇူလိုင်   ၁၂


မန္တလေးတိုင်းဒေသကြီး   မိတ္ထီလာ ခရိုင်   သာစည်မြို့နယ်ဆေးရုံ၊  ဟံဇားတိုက်နယ်ဆေးရုံ၊   ယင်းမာ ပင်တိုက်နယ်ဆေးရုံ၊     ညောင်ရမ်း တိုက်နယ် ဆေးရုံ၊      သပိတ်ကျင်း မြို့နယ်  တကောင်းတိုက်နယ် ဆေးရုံ၊     ကျောက်ဆည်မြို့နယ်   စဉ့်ကိုင်ပြည်သူ့ဆေးရုံ၊    မတ္တရာ မြို့နယ် ပြည်သူ့ဆေးရုံ၊  ပျော်ဘွယ် မြို့နယ်    ယင်းတော်တိုက်နယ် ဆေးရုံ၊  ကူမဲတိုက်နယ်ဆေးရုံနှင့် ရွှေညောင်ဖူး   တိုက်နယ်ဆေးရုံ၊     ဝမ်းတွင်းမြို့နယ်          ပင်းတလဲ တိုက်နယ်ဆေးရုံ၊ မြစ်သားမြို့နယ် ပြည်သူ့ဆေးရုံ၊       တောင်သာမြို့ နယ်     ဝဲလောင်တိုက်နယ်ဆေးရုံ၊ ကျောက်ပန်းတောင်း     မြို့နယ် ပြည်သူ့ဆေးရုံနှင့် ညောင်ဦးခရိုင် ပြည်သူ့ဆေးရုံတို့ရှိ  ဝန်ထမ်းများ နှင့်  လူနာရှင်များက  အကူအညီ တောင်းခံမှုကြောင့် တပ်မတော်မှ ဆေးကုသရေး          အဖွဲ့များကို စေလွှတ်၍    ရောဂါဝေဒနာခံစား နေရသည့်  ဒေသခံပြည်သူများကို လိုအပ်သည့်  ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက် ပေးလျက်ရှိသည်။ 
ယနေ့တွင်        ခွဲစိတ်ကုသမှု ဆိုင်ရာရောဂါ၊    သွားနှင့်ခံတွင်း ရောဂါ၊     အရိုးအကြောရောဂါ၊ အစာအိမ်ရောဂါ၊  မျက်စိရောဂါ၊ နား၊    နှာခေါင်း၊   လည်ချောင်း ရောဂါ၊   သားဖွားမီးယပ်ရောဂါ၊ သွေးတိုးရောဂါ၊   နှလုံးရောဂါ၊ အထွေထွေ        ရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာ ရေး စစ်ဆေးကုသပေးခြင်းများကို ဆက်လက်    ဆောင်ရွက်ပေးပြီး ခွဲစိတ်ကုသရန် လိုအပ်သော လူနာ များအား  ခွဲစိတ်ကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။
ထို့ပြင်   ပဲခူးတိုင်းဒေသကြီး ပြည်မြို့   အထွေထွေရောဂါကု ဆေးရုံကြီး  ပတ်ဝန်းကျင်သန့်ရှင်း သာယာလှပရေးအတွက်  တောင် ပိုင်းတိုင်းစစ်ဌာနချုပ်၊ ပြည်တပ် နယ်မှ    တပ်မတော်သားများက ဆေးရုံအတွင်း၊  အပြင်ရှိ ချုံနွယ် ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်း ခြင်း၊   အမှိုက်များ  ရှင်းလင်းခြင်း နှင့်    ရေစီးရေလာကောင်းမွန်စေ ရေး  ရေနုတ်မြောင်းများ  တူးဖော် ပေးခြင်းတို့ကို စုပေါင်းဆောင်ရွက် ပေးကြောင်း     သတင်းရရှိသည်။
သတင်းစဉ်