ဟင်္သာတမြို့၌ ကိုဗစ်-၁၉  လူနာထားရှိရန် နေရာများ တိုးချဲ့ပြင်ဆင်ဆောင်ရွက်

ဟင်္သာတ   ဇူလိုင်  ၁၁
ဧရာဝတီတိုင်းဒေသကြီး        ဟင်္သာတခရိုင်   ဟင်္သာတမြို့တွင်  ကိုဗစ်-၁၉  လူနာထားရှိရန် နေရာများ     တိုးချဲ့ပြင်ဆင်     ဆောင်ရွက်မှု များကို   ယနေ့  နံနက်  ၈ နာရီကစတင်၍ ဟင်္သာတတက္ကသိုလ်တွင်  ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟင်္သာတမြို့နယ်တွင် ကိုဗစ်-၁၉ လူနာ များကို   ခရိုင်ပြည်သူ့ဆေးရုံကြီး၊   သူနာပြု သင်တန်းကျောင်းနှင့်    မြို့တော်ခန်းမကြီး၊ သာသနာ့ဗိမာန်တို့တွင်       ယာယီဆေးရုံများ အဖြစ် ဖွင့်လှစ်ဆောင်ရွက်နေပြီး Quarantine Center   အဖြစ်  ဘေးစီမံသင်တန်းကျောင်းတို့ တွင် ဖွင့်လှစ်ခဲ့ပြီး ကျန်းမာရေး  စောင့်ရှောက် မှုများ   ဆောင်ရွက်ပေးလျက်ရှိ​ရာ    ယခုအခါ ကူးစက်နှုန်းမြင့်တက် မြန်ဆန်လျက်ရှိသော ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ထိန်းချုပ် နိုင်ရေးအတွက် ထိစပ်သူများအား ထားရှိရန် လိုအပ်ပါက    အသုံးပြုနိုင်ရန်     ဟင်္သာတ တက္ကသိုလ်ရှိ    မိုးလုံလေလုံအားကစားရုံနှင့် ကံ့ကော်ဆောင်တို့တွင် ထားရှိနိုင်ရေး  ကြိုတင် ပြင်ဆင်မှုများ ဆောင်ရွက်နေ​ခြင်းဖြစ်ကြောင်း  မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။
အဆိုပါ ကြိုတင်ပြင်ဆင် ဆောင်ရွက်မှုများ ကို    ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီ   ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းနှင့်     အဖွဲ့ဝင်များ၊    မြို့နယ် ကိုဗစ်ကော်မတီ အဖွဲ့ဝင်များ၊ နယ်​မြေခံတပ်ဖွဲ့ များ၊    မြန်မာနိုင်ငံရဲတပ်ဖွဲ့၊    မီးသတ်တပ်ဖွဲ့၊ မြို့ပေါ်နှင့်    ရပ်ကျေးအဖွဲ့များ၊     ဟင်္သာတ တက္ကသိုလ် ပါမောက္ခချုပ်နှင့် ဝန်ထမ်းများက လိုအပ်သည်များကို ပြင်ဆင်ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။
 ကိုဇော် (ပြန်/ဆက်)