
မော်လမြိုင် ဇူလိုင် ၉
မွန်ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးဇော်လင်း ထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိ သူများသည် ဇူလိုင် ၇ ရက်က မော်လမြိုင်မြို့ လှိုင်ရပ်ကွက်ရှိ ပရိယတ္တိဓမ္မ ဗိမာန်တော်ကြီး၌ ဖွင့်လှစ်ထားသည့် Isolation Ward တွင် ကိုဗစ်- ၁၉ ပိုးတွေ့ လူနာများ ထားရှိမည့်အခြေ အနေကို ကြည့်ရှု စစ်ဆေး သည်။
ကိုဗစ်- ၁၉ ရောဂါသည် လက်ရှိ အနေအထားအရ ပြည်တွင်းကူးစက်မှုနှုန်း တိုးလာ ပြီဖြစ်သည့်အတွက် ကြိုတင် ကာကွယ်၊ ထိန်းချုပ်နိုင်ရန်နှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်း များတွင် ဆောင်ရွက်နိုင်ရန် စပ်လျဉ်း၍ ပြည်နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာ နန္ဒဝင်းက လူနာများထားရှိရန် ခုတင် ၁၂၅ ခု ပြင်ဆင်ထားရှိမှုနှင့် ပုဂ္ဂလိက ဆေးရုံများမှ ဆရာဝန်၊ သူနာပြုများ၊ လူမှုကူညီကယ် ဆယ်ရေးအဖွဲ့ဝင်များ၊ ကြက်ခြေ နီတပ်ဖွဲ့ဝင်များနှင့် မီးသတ် တပ်ဖွဲ့ဝင်များက ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းစဉ် များတွင် ကူညီဆောင်ရွက်မည့် အခြေအနေများကို ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ အား ရှင်းလင်းတင်ပြသည်၊၊
အလားတူ မွန်ပြည်နယ် အတွင်း ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ လူနာထားရှိရန် မော်လမြိုင်မြို့နယ် အထွေထွေ ရောဂါကု ဆေးရုံကြီး Isolation Ward-1 တွင် ခုတင် ၁၀၀၊ Isolation Ward-3 တွင် ခုတင် ၂၅၀၊ မော်လမြိုင်တက္ကသိုလ် ထားဝယ်ဆောင်တွင် ခုတင် ၁၅၀၊ ကော့ကရိတ်ဆောင်တွင် ခုတင် ၁၅၀၊ ဘားအံဆောင်တွင် ခုတင် ၁၂၀ နှင့် မော်လမြိုင်ဆောင် တွင် ခုတင် ၁၅၀ တို့ကို ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိကြောင်း သိရ သည်။
ခရိုင်(ပြန်/ဆက်)