
နေပြည်တော် ဇူလိုင် ၈
(၃၁)ကြိမ်မြောက် အရှေ့ တောင်အာရှ အားကစားပြိုင်ပွဲ တွင် ဝင်ရောက်ယှဉ်ပြိုင် အောင်မြင်မှု ရရှိရန်အတွက် နေပြည်တော် အားကစားလေ့ကျင့် ရေးစခန်း (Gold Camp)၌ စခန်း သွင်း လေ့ကျင့်လျက်ရှိသော မြားပစ်အားကစားနည်း ပြိုင်ပွဲ အကြို လက်ရည်ဆန်းစစ်ပြိုင်ပွဲ နောက်ဆုံး ဗိုလ်လုပွဲစဉ်များနှင့် ဆုချီးမြှင့် ခြင်းအခမ်းအနားကို ယနေ့ ညနေ ၃ နာရီခွဲတွင် ကျင်းပ ရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် Jeng Phang နော်တောင် တက်ရောက်ကြည့်ရှု အားပေးကာ ဆုများ ချီးမြှင့်သည်။
ရှေးဦးစွာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် Jeng Phang နော်တောင်နှင့် တက်ရောက်လာကြသူများက ဗိုလ်လုပွဲစဉ်အဖြစ် Compound Individual တစ်ဦးချင်းပြိုင်ပွဲနှင့် Mix Team နှစ်ယောက်တွဲ ပြိုင်ပွဲများ၊ Recurve Individual တစ်ဦးချင်းနှင့် Mix Team နှစ်ယောက် တွဲ ပြိုင်ပွဲများကို ကြည့်ရှုအားပေးကြသည်။
ဆုများချီးမြှင့်
ပြိုင်ပွဲများ အပြီးတွင် ဆုများ ချီးမြှင့်ရာတွင် Compound တစ်ဦးချင်း ရှုံးထွက်ပြိုင်ပွဲတွင် ဆုရရှိ သူများကို ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး ကလည်း ကောင်း၊ Recurve အမျိုးသမီး တစ်ဦးချင်း ရှုံးထွက် ပြိုင်ပွဲတွင် ဆုရရှိသူများကို ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းကလည်းကောင်း၊ Recurve အမျိုးသား တစ်ဦးချင်း ရှုံးထွက်ပြိုင်ပွဲ တွင် ဆုရရှိသူများကို ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက လည်းကောင်း၊ Compound Mixed Team ရှုံးထွက်ပြိုင်ပွဲတွင် ဆုရရှိသူများ ကို ဒုတိယဝန်ကြီး ဦးမျိုးလှိုင်က လည်းကောင်း၊ Recurve Mixed Team ရှုံးထွက်ပြိုင်ပွဲတွင် ဆုရရှိ ကြသော ကစားသမားများနှင့် ပွဲစဉ်တစ်လျှောက် အကောင်းဆုံး ကစားသမားဆုရရှိသော နေလင်းဦး ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် Jeng Phang နော်တောင်ကလည်းကောင်း ဆုများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်