ဒုတိယဝန်ကြီး ဦးမျိုးလှိုင် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၂၁)နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲများ ကြည့်ရှုအားပေး

နေပြည်တော်    ဇူလိုင်   ၇ 


ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန  အားကစား နှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့   ပူးပေါင်းကျင်းပသော ၂၀၂၁ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၂၁)နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲများကို နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားလေ့ကျင့်ရေးကွင်းများ၌ ယနေ့ ဆက်လက်ကျင်းပသည်။


ကြည့်ရှုအားပေး


ဘောလုံးပြိုင်ပွဲများသို့    ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအောင်ကျော်ထွန်း၊ အားကစားနှင့် ကာယ ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ညွှန်ကြား ရေးမှူးများနှင့် ဘောလုံးဝါသနာရှင်များ တက်ရောက် ကြည့်ရှုအားပေးကြသည်။


ယနေ့ ဆီမီးဖိုင်နယ် ပွဲစဉ်များအဖြစ် နံနက် ၇ နာရီခွဲတွင်   ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း၌ ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် မကွေးတိုင်းဒေသ ကြီးအသင်းတို့   ယှဉ်ပြိုင်ကစားကြရာ ရန်ကုန်တိုင်း ဒေသကြီးအသင်းက နှစ်ဂိုး- ဂိုးမရှိဖြင့် လည်းကောင်း၊ မွန်းလွဲ ၃ နာရီတွင်   ကရင်ပြည်နယ်အသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားကြ ရာ  ကရင်ပြည်နယ်အသင်းက  တစ်ဂိုး-ဂိုးမရှိဖြင့် လည်းကောင်း အသီးသီး အနိုင်ရရှိခဲ့ကြသည်။


ဇူလိုင် ၈ ရက်တွင် ပြိုင်ပွဲများရပ်နားပြီး ဇူလိုင် ၉ ရက်တွင် တတိယလုပွဲအဖြစ် နံနက် ၇ နာရီခွဲတွင် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း၌  မကွေးတိုင်း ဒေသကြီးအသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်း၊ မွန်းလွဲ ၃ နာရီတွင် ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ရန်ကုန်တိုင်း ဒေသကြီးအသင်းနှင့်   ကရင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ပြီး ပြိုင်ပွဲယှဉ်ပြိုင် ကစားနေမှုများကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြား MRTV Channel ၊ MRTV Sports Channel နှင့် မြန်မာ့အသံရေဒီယိုအစီအစဉ်တို့မှ တိုက်ရိုက် (Live) ထုတ်လွှင့်ပြသသွားမည်ဖြစ်ရာ ဘောလုံးအားကစား နည်းကို စိတ်ပါဝင်စားသော မိဘပြည်သူများအနေ ဖြင့်    ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်းအတွင်း သို့      အခမဲ့      လာရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။ 


သတင်းစဉ်