“သပြေ-ရေဒီယို” ရေဒီယိုအစီအစဉ်အသစ် ဇူလိုင် ၁၁ ရက်မှ စတင်ထုတ်လွှင့်မည်

နေပြည်တော်  ဇူလိုင်  ၆


“သပြေ-ရေဒီယို” ရေဒီယိုအစီအစဉ်အသစ်ကို မြန်မာနိုင်ငံအလယ်ပိုင်းတွင် MW 711 KHz နှင့် ရန်ကုန်မြို့နှင့် အနီးတစ်ဝိုက်တွင် FM 99.6 MHz တို့ဖြင့် ဇူလိုင်လ ၁၁ရက်မှ စတင်ထုတ်လွှင့်မည်ဖြစ်သည်။   အဆိုပါ ရေဒီယိုအစီအစဉ်တွင် သတင်းတု၊ သတင်းမှားများအပေါ် ပြန်လည်ရှင်းလင်းဖြေကြားသည့် သတင်းမှန် ပြန်ကြားခြင်းကဏ္ဍ၊ သတင်းဆောင်းပါးအစီအစဉ်နှင့် ဆွေးနွေးခန်းများ၊ သပြေတို့အရွယ် လူငယ်ကဏ္ဍ၊ မှတ်သားဖွယ်ရာ သုတကမ္ဘာ၊ မေးစရာ အတွေးကမ္ဘာ၊ သိလိုရာမေးကျန်းမာရေး၊ မြန်မာပြည်အလှ ရှုမဝ၊ အလိမ္မာ စာမှာရှိ၊ သူ့အမြင် သူ့အတွေးကဏ္ဍ၊ သပြေရေဒီယို တေးချိုချို၊ ရွှင်မြူးဟစ်ကြွေး ခေတ်ပေါ် တေးများ၊ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး တေးသီချင်းများ စသည့် ကဏ္ဍမျိုးစုံဖြင့် နေ့စဉ်နံနက်  ၇ နာရီမှနေ့လယ် ၁၂ နာရီအထိနှင့် ညနေ ၄ နာရီမှ ည ၉ နာရီအထိ ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားက စီစဉ်ထုတ်လွှင့်မည်ဖြစ်ကြောင်း သိရသည်။                            

သတင်းစဉ်