တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် ၂၁ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ  တတိယလုပွဲနှင့် ဗိုလ်လုပွဲစဉ်တို့အား MRTV မှ တိုက်ရိုက်ထုတ်လွှင့်မည် 

နေပြည်တော်  ဇူလိုင်  ၇ 


၂၀၂၁   ခုနှစ်  တိုင်းဒေသကြီးနှင့် ပြည်နယ်  အသက် ၂၁ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ     တတိယလုပွဲစဉ်အဖြစ်    မကွေးတိုင်း ဒေသကြီး   အသင်းနှင့်      မန္တလေးတိုင်းဒေသကြီး   အသင်းတို့၏ ယှဉ်ပြိုင်မှုကို ဇူလိုင် ၉ ရက်  နံနက်  ၇  နာရီခွဲတွင် လည်းကောင်း၊ ဗိုလ်လုပွဲစဉ်အဖြစ် ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် ကရင်ပြည်နယ် အသင်းတို့၏   ယှဉ်ပြိုင်မှုကို   မွန်းလွဲ  ၃  နာရီတွင်လည်းကောင်း နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပမည်ဖြစ်သည်။ 


အဆိုပါ ဘောလုံးပွဲစဉ်များအား နံနက် ၇ နာရီ  ၁၅ မိနစ်နှင့် မွန်းလွဲ ၂ နာရီ  ၄၅ မိနစ်တို့တွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား MRTV Channel ၊ MRTV Sports Channelနှင့် မြန်မာ့အသံရေဒီယို အစီအစဉ်တို့မှ တိုက်ရိုက် (Live) ထုတ်လွှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

သတင်းစဉ်