ကူးစက်မြန် ဒယ်လ်တာကိုဗစ်-၁၉ မျိုးစိတ်သစ်ကို ရင်ဆိုင်ကျော်လွှားဖို့ အကောင်းဆုံး ကြိုးစားနေတဲ့ ထိုင်းနိုင်ငံ

 

လင်းဟန်သစ်

 

ထိုင်းနိုင်ငံတစ်ဝန်း  ဒယ်လ်တာ ကိုဗစ်-၁၉   အသွင်ပြောင်းမျိုးစိတ် သစ်လျင်မြန်စွာ ကူးစက်ပျံ့နှံ့လျက်ရှိချိန်မှာ နောက်ထပ် ကိုဗစ်-၁၉ ကြောင့်သေဆုံးသူ ၅၇ ဦးထပ်တိုးလာခဲ့ပြီးတော့ ၅၄၂ဝ ထပ်မံကူးစက် ပျံ့နှံ့ခဲ့ပါတယ်။
လက်ရှိအချိန်မှာတော့ ထိုင်းနိုင်ငံရဲ့ ကိုဗစ်-၁၉ အတည်ပြုလူနာ အရေအတွက်ဟာ  ၂၉၄၆၅၃  ဦးအထိ   ရောက်ရှိလာပြီဖြစ်သလို သေဆုံးသူဦးရေဟာလည်း ၂၃၃၃ ဦးအထိ ရောက်ရှိလာခဲ့ပြီ ဖြစ်ပါ တယ်။
အသစ်အသစ်သော ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုတွေ ရှိနေ 
ထပ်မံကူးစက်ဖြစ်ပွားသော ကိုဗစ်-၁၉ လူနာများအနက် ၅၃၈၃ ဦးမှာ ပုံမှန်လူမှုဘဝတွင် နေထိုင်ရှန်သန်ကြသူများဖြစ်ကာ ၃၇ ဦးမှာ အကျဉ်းသားများ ဖြစ်ကြပါတယ်။   ထိုင်းနိုင်ငံ   ဘန်ကောက်မြို့မှာ ကိုဗစ်-၁၉ သေဆုံးမှုတွေနဲ့ အသစ်အသစ်သော ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားမှုတွေရှိနေတယ်လို့ ကိုဗစ်-၁၉ စီမံခန့်ခွဲရေးစင်တာကပြောကြားလိုက်ပါတယ်။ 
ထို့အတူ ထိုင်းနိုင်ငံကို ပြန်လာကြတဲ့ ဌာနေပြန်များဆီကလည်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုတွေ တွေ့ရှိခဲ့တယ်လို့ ကိုဗစ်-၁၉ စီမံ ခန့်ခွဲရေးစင်တာ ကပြောကြားပါတယ်။ ထိုင်းနိုင်ငံမှာ ဇူလိုင်လကစပြီး နေ့စဉ် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၅ဝဝဝ ကျော်ရှိပါတယ်။ နေ့စဉ် သေဆုံးမှုတွေကလည်း ၅ဝ နီးပါးရှိပြီးတော့ ဇူလိုင် ၂ ရက်က ဆိုရင် ၆၁ ဦးတောင် သေဆုံးခဲ့ပါတယ်။
ဒယ်လ်တာကိုဗစ်-၁၉ ကိုသတိပြုရမယ် 
ကိုဗစ်-၁၉ စီမံခန့်ခွဲရေးစင်တာကတော့   ပြည်သူ့ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ဒယ်လ်တာအသွင်ပြောင်း ကိုဗစ်-၁၉ သတိပေးချက် ကို  အတည်ပြုခဲ့ပါတယ်။   နိုင်ငံတစ်ဝန်း   ဒယ်လ်တာကိုဗစ်-၁၉ အသွင်ပြောင်းမျိုးစိတ်သစ် လွှမ်းမိုးဖြစ်ပေါ်လာတာဟာ ကြောက်စရာ ကောင်းပါတယ်။ 
ဒယ်လ်တာကိုဗစ်-၁၉ အသွင်ပြောင်း မျိုးစိတ်သစ်ကို ပထမဆုံး အိန္ဒိယနိုင်ငံမှာ စတင်တွေ့ရှိခဲ့ပါတယ်။ ဒယ်လ်တာ အသွင်ပြောင်း မျိုးစိတ်သစ်ဟာ တခြား ကိုဗစ်-၁၉ ဗိုင်းရပ်စ်တွေထက် ပိုမိုကြောက်စရာ ကောင်းပြီး ပိုမိုကူးစက်မြန်ပါတယ်။
ကာကွယ်ဆေးနှစ်ကြိမ်ထိုးတားသည့်တိုင်
ပါးစပ်၊ နှာခေါင်းစည်းနှစ်ထပ်တပ်ရမယ်
ဇွန် ၂၈ ရက်မှ ဇူလိုင် ၂ ရက်အထိ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ တွေရဲ့ ၅၂ ရာခိုင်နှုန်းလောက်ဟာ ဒီမျိုးစိတ်သစ်ကြောင့်ဖြစ်ပါတယ်။ ဒီပမာဏဟာ ဇွန် ၂၁ ရက်မှ ဇွန် ၂၇ ရက်အထိ ဖြစ်ပွားတဲ့ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူအရေအတွက်ရဲ့ နှစ်ဆကျော် ဖြစ်ပါတယ်။
တခြားဒေသတွေလည်း   ဘန်ကောက်လိုပဲ   ပုံစံတူတွေပါပဲလို့ ကိုဗစ်-၁၉ စီမံခန့်ခွဲရေးစင်တာရဲ့ ဒေါက်တာတာဝီဆစ်က ပြောပါ တယ်။ 
ဒေါက်တာ တာဝီဆစ်က အသွင်ပြောင်း ဒယ်လ်တာကိုဗစ်-၁၉ အန္တရာယ်ကို တွန်းလှန်ဖယ်ရှားဖို့ ကာကွယ်ဆေးနှစ်ကြိမ်ထိုးထား သည့်တိုင် ပါးစပ်၊ နှာခေါင်းစည်း နှစ်ထပ်တပ်ကြဖို့ ပြည်သူတွေကို အကြံပြုတိုက်တွန်းထားပါတယ်။
အခြေအနေတွေကို အကောင်းဆုံး ချိန်ညှိလုပ်ဆောင်ရမယ်
မိမိတို့တွေအနေနဲ့   ဖြစ်ပေါ်လာတဲ့   အခြေအနေတွေကို အကောင်းဆုံးဖြစ်အောင် ချိန်ညှိလုပ်ဆောင်ရမယ်လို့ သူက ပြောပါ တယ်။ 
ဒီလို   ဆိုးရွားလာတဲ့ကပ်ရောဂါအခြေအနေကို   အကောင်းဆုံး ထိန်းချုပ်နိုင်ဖို့ ထိုင်းအစိုးရဟာ ဖိုက်ဇာ၊ ဆီနိုဗက်၊ မော်ဒါနာအပါအဝင် ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ထပ်မံဝယ်ယူဖို့ လုပ်ဆောင်နေကြပြီ ဖြစ်ပါတယ်။
ထပ်မံမှာယူထားတဲ့ ကာကွယ်ဆေးတွေ ထိုးပေးမယ်  
ထိုင်းအစိုးရဟာ အမေရိကန်ပြည်ထောင်စုက ဖိုက်ဇာကိုဗစ်-၁၉ ကာကွယ်ဆေး သန်း ၂ဝ ကို ထပ်မံဝယ်ယူဖို့တောင်  အတည်ပြုခဲ့ပါပြီ။ ဖိုက်ဇာကိုဗစ်-၁၉ ကာကွယ်ဆေးကို အလုပ်မှာ လူနာတွေနဲ့ အမြဲမပြတ် ထိတွေ့နေရတဲ့ ဆေးဘက်ဆိုင်ရာအလုပ်သမားတွေကို ထိုးပေးဖို့ ထိုင်း အစိုးရက စီစဉ်လျက်ရှိပါတယ်။
နောက်ထပ်   အမေရိကန်ပြည်ထောင်စုက   မော်ဒါနာကိုဗစ်-၁၉ ကာကွယ်ဆေး ငါးသန်းနဲ့ တရုတ်နိုင်ငံက ဆီနိုဗက်ကိုဗစ်-၁၉ ကာကွယ် ဆေးတွေကို  ထပ်မံဝယ်ယူဖို့လည်း   ထိုင်းအစိုးရက   အတည်ပြုခဲ့ပါ တယ်။
တတိယအကျော့ကို ထိန်းသိမ်းဖို့ အကောင်းဆုံးကြိုးစား 
ထိုင်းနိုင်ငံဟာ    ကိုဗစ်-၁၉ တတိယအကျော့   ကူးစက်ဖြစ်ပွား လာတာကို ထိန်းသိမ်းနိုင်ဖို့အတွက် အကောင်းဆုံးကြိုးစားလုပ်ဆောင် နေတာဖြင့် ဝမ်းသာစရာကောင်းလှပါတယ်။ ကိုဗစ်-၁၉ တတိယအကျော့ ဟာ ထိုင်းနိုင်ငံအတွက်တော့ အခုအချိန်ထိအဆိုးဆုံးလို့ ပြောရမှာပါ။ 
ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ကာကွယ်ဆေးပမာဏ ၁၁ သန်းကျော် ထိုးပေးခဲ့ပြီး   ဖြစ်ပါတယ်။   ထိုင်းနိုင်ငံရဲ့  လူဦးရေ သန်း ၇ဝ  နီးပါးရဲ့  ၇ဝ ရာခိုင်နှုန်းကို ယခုနှစ်ကုန်မှာ ကာကွယ်ဆေးထိုးပေးနိုင်ဖို့ ထိုင်း အစိုးရဟာ အင်တိုက်အားတိုက် လုပ်ဆောင်လျက်ရှိပါတယ်။
မီးပုံကြားမှ ရုန်းထနိုင်မယ်လို့ ယုံကြည် 
ထိုင်းနိုင်ငံရဲ့ ကိုဗစ်-၁၉ ကိုဗဟိုပြုပြီးဖြစ်ပေါ်လာတဲ့ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊ ပညာရေးဆိုင်ရာ အကျပ်အတည်းတွေဟာ ထိုင်း နိုင်ငံကို အခြေအနေဆိုးတွေဖြစ်ပေါ်စေပါတယ်။ အခုထိုင်းနိုင်ငံမှာ ရင်ဆိုင်နေရတဲ့ ကိုဗစ်-၁၉ အကျပ်အတည်းဟာ  ၁၉၉၇-၁၉၉၈ မှာ  ဖြစ်ပွားခဲ့တဲ့    တွမ်ရန်ကောင်စီးပွားရေးအကျပ်အတည်းထက်   အများကြီးဆိုးပါတယ်။ 
သို့သော်လည်း ထိုင်းအစိုးရဟာ သူ့ရဲ့ ကိုယ်ပိုင်သယံဇာတတွေကို အားကိုးအားထားပြုရင်း   နိုင်ငံကို မီးပုံကြားမှ   ပြန်လည်ရုန်းထနိုင် အောင် ကြိုးစားနိုင်မယ်လို့ ယုံကြည်မိပါတယ်။     ။


ကိုးကား - ဘန်ကောက်ပို့စ်