မင်္ဂလာဒုံနှင့် မှော်ဘီမြို့နယ်တို့ရှိ ဘုန်းတော်ကြီးကျောင်းများ၌ အမယ် ၄ မျိုးနှင့် COVID-19 ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ ဆက်ကပ်လှူဒါန်း

နေပြည်တော်    ဇူလိုင်    ၇
တပ်မတော်   (ကြည်း၊ရေ၊လေ) အရာရှိ၊   စစ်သည်၊    အရာထမ်း၊ အမှုထမ်းများက တိုင်းစစ်ဌာနချုပ် များအလိုက် မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီး     ကျောင်းများ၊ သာသနာ့နွယ်ဝင်    သီလရှင် ကျောင်းများနှင့်      ဘာသာရေး ကျောင်းများတွင် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် (၄) မျိုးနှင့်  လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်း ခြင်းနှင့် ကျန်းမာရေး စစ်ဆေးပေး ခြင်းများကို    ဆောင်ရွက်လျက် ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်     စမ်းကြီးဝ ရပ်ကွက်ရှိ ရတနာကျောင်းတိုက် နှင့် မှော်ဘီမြို့နယ် ရဲစုကျေးရွာရှိ ရဲစုရွာဦး          ကျောင်းတိုက်တို့မှ သံဃာတော်များအား  ဆွမ်းဆန် တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ COVID-19    ရောဂါ    ကာကွယ် ရေး     အထောက်အကူပြုပစ္စည်း များနှင့်     လှူဖွယ်ပစ္စည်းများကို    ရန်ကုန်တိုင်းစစ်        ဌာနချုပ်၊       မင်္ဂလာဒုံတပ်နယ်နှင့်     မှော်ဘီ တပ်နယ်တို့မှ တာဝန်ရှိသူများက  သွားရောက်၍ ဆက်ကပ်လှူဒါန်း ခဲ့ကြကြောင်း           သတင်းရရှိ သည်။
သတင်းစဉ်