
နေပြည်တော် ဇူလိုင် ၆
ရန်ကုန်တောင်ပိုင်းခရိုင် ခရမ်းမြို့နယ် ကမာ မတ်ကျေးရွာတွင် ဇူလိုင် ၅ ရက်မှ ၉ ရက်အထိ အခြေခံငါးမွေးမြူရေးနှင့် ရေချိုငါးများ ဆေးထိုးသားဖောက်ခြင်း သင်တန်း (၅/၂၀၂၁) ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ချမှတ်ထားသော ကိုဗစ်ကာကွယ်ရေး စည်းကမ်းချက်များနှင့် အညီ ဖွင့်လှစ်သည်။
သင်တန်းဖွင့်ပွဲကို ဇူလိုင် ၅ ရက်က ခရမ်း မြို့နယ် ကမာမတ်ကျေးရွာခန်းမ၌ ကျင်းပရာ တွံတေးငါးလုပ်ငန်း အတတ်သင်သိပ္ပံကျောင်း တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိုး သူဇာမောင်၊ တောင်ပိုင်းခရိုင် ငါးလုပ်ငန်းဦးစီး မှူး ဦးအေးနိုင်၊ သင်တန်းဆရာ ဆရာမများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဦးရဲ မွန်အောင်၊ မြို့နယ်ငါးလုပ်ငန်းဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်ငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ကျေးရွာမှ တာဝန်ရှိသူများ၊ ငါးမွေးမြူးရေးလုပ်ငန်းရှင်များနှင့် သင်တန်း သား ၂၀ တို့ တက်ရောက်ကြောင်း သိရသည်။
သတင်းစဉ်