ဘရူနိုင်းနိုင်ငံတွင် အသက် ၁၈ နှစ်ကျော်သူများကို ကိုဗစ်-၁၉ ကာကွယ်ဆေးများ အခမဲ့ထိုးပေး


 

ဘန်ဒါဆီရီဘီဂါဝန် ဇူလိုင် ၆ 


ဘရူနိုင်းအစိုးရသည်  အမျိုးသား ကာကွယ်ဆေးထိုး   အစီအစဉ်၏ အဆင့်-၃ ကာကွယ်ဆေးထိုးခြင်း ကို   စတင်ခဲ့ပြီး    နိုင်ငံအတွင်း အသက်  ၁၈    နှစ်ကျော်သည့် နိုင်ငံသားများအားလုံးကို ကိုဗစ်-၁၉  ကာကွယ်ဆေးများ   အခမဲ့ထိုး ပေးလျက်ရှိသည်။ 
ဘရူနိုင်းကျန်းမာရေးဝန်ကြီး ၏ အဆိုအရ  အသက် ၁၈ နှစ် ကျော်သူများ    အားလုံးအတွက် ဆူလ်တန်၏ ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးအစီအစဉ်ကို ဧပြီ ၃ ရက် မှစကာ    အဆင့်သုံးဆင့်ခွဲထား ကြောင်း  သိရသည်။
ပထမအဆင့်ကို     အဓိက အားဖြင့်    ဆေးဘက်ဆိုင်ရာ ပုဂ္ဂိုလ်များ၊ ရှေ့တန်းတွင် ကိုဗစ်-၁၉ အတွက် တိုက်ပွဲဝင်နေသူများ၊ အသက်ကြီး   နိုင်ငံသားများနှင့် နိုင်ငံရပ်ခြားတွင် ပညာဆက်လက် ဆည်းပူး      နေသူများအတွက် ဦးတည်ချက်ထား   ဆောင်ရွက် လျက်ရှိသည်။   ဒုတိယအဆင့်မှာ ဆရာ  ဆရာမများ၊ ကလေးများကို ထိန်းသိမ်းစောင့်ရှောက်နေရသည့် ဝန်ထမ်းများ၊ နာတာရှည် ရောဂါ စွဲကပ်နေသည့် အရွယ်ရောက်ပြီးသူများအားလုံးအတွက် ဖြစ်သည်။ 
တတိယအဆင့်  ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရေးအစီအစဉ် များကို    ဆောင်ရွက်လျက်ရှိရာ Bruhealth ဖုန်းအပလီကေးရှင်း ကိုအသုံးပြုကာ အသက် ၁၈ နှစ်ကျော်သည့်နိုင်ငံသားများအားလုံးအတွက် ယခုနှစ်မကုန်ခင် အနည်း ဆုံး ၇၀ ရာခိုင်နှုန်းကို ကိုဗစ်-၁၉ ကာကွယ်ဆေးများ    ထိုးပေးရန်  မျှော်မှန်း      လုပ်ဆောင်လျက်ရှိ ကြောင်း သိရသည်။ 
ဘရူနိုင်းနိုင်ငံတွင် ဖိုက်ဇာ၊ ဘီ ရွန်တက်ခ်၊  မော်ဒါနာ၊ အက်စ်ထ ရာဇနီကာ၊ ဆီနိုဖမ်းနှင့် Johnson &  Johnson ကာကွယ်ဆေးများကို ထိုးပေးသွားမည်     ဖြစ်ကြောင်း ယခင်က   ကြေညာခဲ့သည်။
ဆင်ဟွာ