နယူးဇီလန်နိုင်ငံသို့ ဖိုက်ဇာ ကိုဗစ် - ၁၉ ကာကွယ်ဆေး အများဆုံးပေးပို့မှု နှစ်ရက်စော၍ ရောက်ရှိ 


 

ဝယ်လ်လင်တန်  ဇူလိုင်   ၅


နယူးဇီလန်နိုင်ငံသို့    ဖိုက်ဇာ ကိုဗစ် -၁၉    ကာကွယ်ဆေး အများဆုံးပေးပို့မှု နှစ်ရက်စော၍ ရောက်ရှိလာသည်ဟု သိရသည်။
ယင်းအတွက် ကျန်းမာရေး ဝန်ကြီးဌာန၊  ဖိုက်ဇာကုမ္ပဏီနှင့် ထောက်ပံ့ပို့ဆောင်ရေးကုမ္ပဏီတို့ကို ကျေးဇူးတင်ကြောင်း ကိုဗစ်- ၁၉  တုံ့ပြန်ရေးဆိုင်ရာဝန်ကြီး ခရစ် ဟစ်ပ်ကင် က ဇူလိုင် ၅ ရက် တွင်  ပြောကြားခဲ့သည်။
ဖိုက်ဇာကိုဗစ် -၁၉ ကာကွယ် ဆေး ၁၅၀၀၀၀ပ ကို  ဇူလိုင် ၄ ရက်တွင်     နယူးဇီလန်နိုင်ငံက လက်ခံရရှိခဲ့သည်။ 
အဆိုပါ  ကာကွယ်ဆေးများ ကို   အောက်ကလန်လေဆိပ်မှ ထိန်းသိမ်းသိုလှောင်မည့်  စင်တာ များသို့   ပေးပို့ခဲ့ကြောင်း  သိရ သည်။     ကာကွယ်ဆေးများကို                       လေယာဉ်ပေါ်တွင်  သယ်ဆောင် လာစဉ်အတွင်း  ဆေးအာနိသင် ပျက်ပြယ်မှု  မရှိစေရေးအတွက် အနိမ့်ဆုံးအပူချိန်ဖြင့် သေချာစွာ သယ်ဆောင်လာခဲ့ကြောင်း ဟစ်ပ် ကင်က   ပြောသည်။
လာမည့်   သီတင်းပတ်များ အတွင်း ကိုဗစ် -၁၉  ကာကွယ် ဆေး အရှိန်အဟုန်ဖြင့်ထိုးနှံပေး မှုများ        စတင်တော့မည်ဟု   ၎င်းက    ဆက်လက်ပြောကြား ခဲ့သည်။                       
 ဆင်ဟွာ