ကျိုင်းတုံမြို့၌ ဌာနဆိုင်ရာများ စုပေါင်း၍ သံဃာတော်များနှင့် သာသနာ့နွယ်ဝင်သီလရှင်များအား ဝါတွင်းကာလ ဆွမ်းဆန်တော်လောင်းလှူ

 

နေပြည်တော်  ဇူလိုင်  ၂၇


ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ ခေမရဋ္ဌ ဗျာဒိတ်တော်ပေး    ရပ်တော်မူဘုရားကြီး၌ ဌာနဆိုင်ရာများစုပေါင်း၍ သံဃာတော်များနှင့် သာသနာ့နွယ်ဝင် သီလရှင်များအား  ဝါတွင်း ကာလ ဆွမ်းဆန်တော်လောင်းလှူပွဲကို ယနေ့ နံနက်ပိုင်းက အဆိုပါရပ်တော်မူဘုရားကြီး၌ ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် ဒုတိယ တိုင်းမှူးနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံ တိုင်းရင်းသားပြည်သူများ   တက်ရာက်ကြ သည်။  


အဆိုပါ  ဝါတွင်းကာလ  ဆွမ်းဆန်တော် လောင်းလှူပွဲသို့ ကျိုင်းတုံမြို့ရှိ ဘုန်းတော်ကြီး ကျောင်း ၄၀ နှင့် သီလရှင်ကျောင်း တစ်ကျောင်း တို့မှ သံဃာတော်များနှင့် သာသနာ့နွယ်ဝင် သီလရှင် စုစုပေါင်း  အပါး   ၃၀၀    ကြွရောက် တော်မူကြပြီး ဒုတိယတိုင်းမှူးနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဒေသခံတိုင်းရင်းသားပြည်သူများ စုပေါင်း၍ ဆွမ်းဆန်တော်၊ လှူဖွယ်ပစ္စည်းများ၊ ဝတ္ထုငွေများ လောင်းလှူကြကြောင်း သတင်း ရရှိသည်။                                

သတင်းစဉ်