ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ပုသိမ်မြို့နယ်၊ မြောင်းမြမြို့နယ်နှင့် သာပေါင်းမြို့နယ်တို့တွင် နေထိုင်သည့် ပြည်သူများအနေဖြင့် နေအိမ်တွင်နေထိုင်ရေး (Stay at Home) အစီအစဉ်တွင် အကျုံးဝင်ကြောင်း ကြေညာ

 

ကျန်းမာရေးနှင့်     အားကစားဝန်ကြီးဌာနသည်  ကူးစက်ရောဂါများ   ကာကွယ်နှိမ်နင်းရေး ဥပဒေပုဒ်မ  ၂၁ ပုဒ်မခွဲ (ခ)ပါ  လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ဤအမိန့်ကို ထုတ်ပြန်လိုက်သည်။


၁။    ကျန်းမာရေးနှင့်       အားကစားဝန်ကြီးဌာနသည်  လတ်တလော    အသက်ရှူလမ်းကြောင်းဆိုင်ရာ   ရောဂါ (Coronavirus Disease 2019 – COVID-19) ကြိုတင် ကာကွယ်ရေးလုပ်ငန်းများကို    အချိန်နှင့်    တစ်ပြေးညီ ဆောင်ရွက်လျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင်  COVID-19 ဓာတ်ခွဲအတည်ပြုလူနာများ တွေ့ရှိရမှုများပြားလာပြီး  ပိုးတွေ့နှုန်းမြင့်တက်လျက်ရှိပါ သဖြင့် အဆိုပါ  မြို့နယ်များတွင်နေထိုင်သည့် ပြည်သူများ အနေဖြင့် မိမိနေအိမ်တွင်   နေထိုင်ရန် (Stay at Home) လိုအပ်ပါသည်။ 


၂။    သို့ဖြစ်ပါ၍     ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ပုသိမ်မြို့နယ်၊   မြောင်းမြမြို့နယ်နှင့်   သာပေါင်းမြို့နယ် တို့တွင်နေထိုင်သည့်   ပြည်သူများအနေဖြင့် နေအိမ်တွင် နေထိုင်ရေး  (Stay at Home) အစီအစဉ်တွင်  အကျုံးဝင် ကြောင်း ကြေညာလိုက်သည်။

 
၃။    အဆိုပါမြို့နယ်များရှိ  နေအိမ်တွင် နေထိုင်ရေး (Stay at Home)   အစီအစဉ်တွင်  အကျုံးဝင်သော   ပြည်သူ များသည်   အောက်ပါ   စည်းကမ်းချက်များကို   လိုက်နာ ရမည်-


    (က)    မိမိနေအိမ်တွင်သာ နေထိုင်ရန် - 


    (၁)    အစိုးရဌာနများတွင် တာဝန်ထမ်းဆောင် နေသော  ဝန်ထမ်းများမပါ၊


    (၂)    ပုဂ္ဂလိက လုပ်ငန်းများဖြစ်သည့်  ဘဏ်နှင့်   ငွေကြေးဝန်ဆောင်မှု      လုပ်ငန်းများ၊ စက်သုံးဆီ        အရောင်းဆိုင်များ၊  စားသောက်ကုန်နှင့်  သား၊ ငါး၊ အအေး ခန်းလုပ်ငန်းများ၊   ဆေးဝါးနှင့်   ဆေး ပစ္စည်းကိရိယာ     ထုတ်လုပ်ရေးနှင့်   ဖြန့်ဖြူးရောင်းချရေး       လုပ်ငန်းများ၊ ရေသန့် ထုတ်လုပ်ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းများ၊   နေ့စဉ်  တစ်ကိုယ်ရေသုံး ပစ္စည်း ထုတ်လုပ်သည့်             စက်ရုံများတွင် တာဝန်ထမ်းဆောင်ရန်  သွားရောက်သူများနှင့်   ဆက်စပ်ဆောင်ရွက် ရသည့်  လုပ်ငန်းများ၌  မဖြစ်မနေ တာဝန်ထမ်းဆောင်သူများ မပါ၊


        (၃)    Relief Flight များ၊  Cargo Flight များနှင့်    အထူးစင်းလုံးငှား လေယာဉ်ခရီးစဉ် များအတွက်   ဝန်ဆောင်မှုပေးရသည့်  လုပ်ငန်းများဖြစ်သော လေကြောင်းလိုင်းများ/   အထွေထွေလေကြောင်းပို့ဆောင်ရေးလုပ်ငန်းများ၊ မြေပြင်ဝန်ဆောင်မှုလုပ်ငန်းများ၊     လေယာဉ်ဆီဖြည့်တင်းရေးလုပ်ငန်း၊ လေကြောင်းဖြင့်   ကုန်စည်တင်သွင်း/ တင်ပို့ခြင်း လုပ်ငန်း၊ အပြည်ပြည်ဆိုင်ရာ ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်း (Freight Forwarder)  ကုမ္ပဏီများ၊  အကောက်ခွန်ဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သည့်   ကုမ္ပဏီ အေဂျင်စီများ၊ လေယာဉ်တင် အစားအသောက်ထုတ်လုပ်တင်ပို့ခြင်းလုပ်ငန်း၊ လေယာဉ်   ပြုပြင်ထိန်းသိမ်းမွမ်းမံခြင်းလုပ်ငန်းမှ  ဝန်ထမ်းများမပါ၊


        (၄)    ဆိပ်ကမ်းတွင်      ကုန်တင်သင်္ဘောများအတွက်     ဝန်ဆောင်မှုပေးရသည့်    ပုဂ္ဂလိက    ဆိပ်ကမ်းများ၊   သင်္ဘောလိုင်းဌာနေ   ကိုယ်စားလှယ်ရုံးများ၊ အပြည်ပြည်ဆိုင်ရာ     ကုန်စည်ပို့ဆောင်ရေး    ဝန်ဆောင်မှုလုပ်ငန်း (Freight Forwarder) ကုမ္ပဏီများ၊   အကောက်ခွန်ဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သည့် ကုမ္ပဏီအေဂျင်စီများ၊ ကုန်သေတ္တာ တင် မော်တော်ယာဉ်လုပ်ငန်းများ၊  ဆိပ်ကမ်း ပို့ကုန်/ သွင်းကုန်  သယ်ဆောင်သည့်   ကုန်တင်မော်တော်ယာဉ်၊  ရေယာဉ်လုပ်ငန်းများ၊ ကုန်းတွင်းကုန်သေတ္တာစခန်းများ (Inland Container Depot) နှင့် ကုန်းတွင်းဆိပ်များ (Dry Port) မှ ဝန်ထမ်းများ    မပါ၊


        (၅)    ဆက်သွယ်ရေးဝန်ဆောင်မှုပေးရသော  လုပ်ငန်းများဖြစ်သည့် စာပို့တိုက်ဝန်ဆောင်မှု လုပ်ငန်း၊   ကြိုးဖုန်းနှင့်    မိုဘိုင်းတယ်လီဖုန်းဆက်သွယ်ရေး  ဝန်ဆောင်မှုလုပ်ငန်း၊ အင်တာနက်ဝန်ဆောင်မှုများ (ဆိုင်ဖွင့်လှစ်၍   တယ်လီဖုန်းရောင်းချခြင်း၊  ဒေတာ ရောင်းချခြင်းများမပါ)၊ တာဝါနှင့် ဖိုင်ဘာပြုပြင်ခြင်း ဝန်ဆောင်မှုလုပ်ငန်းမှ ဝန်ထမ်း များမပါ၊


    (ခ)        ကုန်ကြမ်းယူ၊  ကုန်ချောပေးဆောင်ရွက်သော  လက်ခစားလုပ်ငန်း (CMP) စက်ရုံ၊ အလုပ်ရုံများ တွင် COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီများအနေဖြင့် လိုအပ်သော အမိန့်၊ ညွှန်ကြားချက်များ ထုတ်ပြန်ခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်းများ ဆောင်ရွက်ပေးရန်၊


    (ဂ)        အဖွဲ့အစည်းများ၊ ကုမ္ပဏီများအနေဖြင့် အိမ်မှနေ၍ လုပ်ငန်းဆောင်ရွက်ရန်၊
    (ဃ)        မဖြစ်မနေ ဈေးဝယ်ထွက်ရန်အတွက် တစ်အိမ်လျှင်တစ်ဦးသာ သွားရောက်ရန်၊
    (င)        ဆေးရုံ၊ ဆေးခန်းသွားရောက်ရန်ရှိပါက တစ်အိမ်လျှင်နှစ်ဦးသာ သွားရောက်ရန်၊
    (စ)        နေအိမ်မှ ပြင်ပသို့ သွားလာလျှင် ပါးစပ်/နှာခေါင်းစည်း (Mask)တပ်ရန်၊
    (ဆ)        တာဝန်ထမ်းဆောင်ရန် သွားရောက်/ပြန်လာမည့်သူများကို ပို့ဆောင်မည့်ယာဉ်များနှင့် ဖြတ်သန်းခွင့်ပြုထားသော ယာဉ်များကိုသာ ရပ်ကွက်ကျော်လွန် သွားလာခွင့်ပြုရန်၊
    (ဇ)        ရပ်ကွက်အတွင်း ဈေးဝယ်ခြင်းအတွက် ယာဉ်မောင်းအပြင် ယာဉ်ပေါ်တွင် တစ်ဦး၊ ဆေးရုံဆေးခန်းသွားရောက်ခြင်းအတွက် ယာဉ်မောင်းအပြင် ယာဉ်ပေါ်တွင်နှစ်ဦးသာ သွားရောက်ရန်၊
    (ဈ)        အဆိုပါမြို့နယ်များမှ ကုန်စည်စီးဆင်းမှု အဆင်ပြေချောမွေ့စေရေးအတွက် ကုန်တင် ယာဉ်များသွားလာမှု စံသတ်မှတ်ချက် Standard Operating Procedure (SOP) အတိုင်း လိုက်နာ ဆောင်ရွက်ရန်။


၄။    အပိုဒ် ၃ အပိုဒ်ခွဲ(ဃ)၊ (င)နှင့် (ဇ)တို့ပါ ကိစ္စရပ်များတွင်  သတ်မှတ်ဦးရေထက် ပိုမိုရန်ရှိလျှင် ဖြစ်စေ၊ အခြားအရေးပေါ်ကိစ္စရပ်များအတွက် သွားလာရန်ရှိလျှင်ဖြစ်စေ သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာစီမံအုပ် ချုပ်ရေးအဖွဲ့သို့ သတင်းပို့၍ ခွင့်ပြုချက်ဖြင့်  သွားလာရန်နှင့် သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာစီမံအုပ် ချုပ်ရေးအဖွဲ့သည်  တာဝန်ရှိသူ၊    တာဝန်ထမ်းဆောင်ရန်သွားရောက်/ပြန်လာသူများမှအပ  ရပ်ကွက် ပြင်ပမှလည်းကောင်း၊ ရပ်ကွက်အတွင်းမှလည်းကောင်း ဝင်/ထွက်ခွင့်မပြုရန် ဖြစ်သည်။


၅။    ဤအမိန့်ကို   လိုက်နာရန်ပျက်ကွက်ပါက    တည်ဆဲဥပဒေများအရ    အရေးယူဆောင်ရွက်မည်    ဖြစ်သည်။


၆။    ဤအမိန့်သည် ၄-၇-၂၀၂၁ ရက်၊ နံနက် ၀၄:၀၀ နာရီအချိန်မှ စတင်သက်ရောက်သည်။
    
    ဒေါက်တာသက်ခိုင်ဝင်း
    ပြည်ထောင်စုဝန်ကြီး