ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများ၌ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း

 

နေပြည်တော် ဇူလိုင် ၃


တပ်မတော်  (ကြည်း၊  ရေ၊ လေ) အရာရှိ၊   စစ်သည်၊  အရာထမ်း၊ အမှုထမ်းများက  တိုင်းစစ်ဌာနချုပ် များအလိုက်        မြို့နယ်အသီးသီး ရှိ     ဘုန်းတော်ကြီးကျောင်းများ၊   သာသနာ့နွယ်ဝင်      သီလရှင် ကျောင်းများနှင့်   ဘာသာရေး ကျောင်းများတွင် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ  အမယ်  လေးမျိုးနှင့်   လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်း ခြင်းနှင့်   ကျန်းမာရေးစစ်ဆေး ပေးခြင်းများကို  ဆောင်ရွက်လျက် ရှိသည်။


ထိုသို့  ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်  အမှတ်(၆)ရပ်ကွက်ရှိ  ရွှေပြည်သာ ပရိယတ္တိ စာသင်တိုက်၊ ပဲခူးတိုင်းဒေသကြီး ပြည်မြို့ ခေတ္တရာမြို့သစ်ရပ်ကွက် (၁၃)လမ်းရှိ    ကြည်သာအေးမြ ဘုန်းတော်ကြီး     ကျောင်းတို့မှ သံဃာတော်များနှင့်   သာသနာ့ နွယ်ဝင်  သီလရှင်များအား   ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် လေးမျိုး၊   COVID-19 ရောဂါ ကာကွယ် ရေး  အထောက်အကူပြု ပစ္စည်းများနှင့်   လှူဖွယ်ပစ္စည်း များကို   သက်ဆိုင်ရာ    တိုင်းစစ် ဌာနချုပ်များအလိုက်  တာဝန်ရှိသူ များက  သွားရောက်၍   ဆက်ကပ် လှူဒါန်းကြသည်။


ထို့ပြင်         ရခိုင်ပြည်နယ် အမ်းမြို့    အောက်ရွာဘုန်းတော် ကြီး       ကျောင်းဝင်းအတွင်းရှိ သိမ်ပြုပြင်ရန်အတွက်    အမ်း တပ်နယ်၊  တပ်ရင်း၊  တပ်ဖွဲ့များမှ မိသားစုဝင်များ   စုပေါင်းလှူဒါန်း သည့်   အလှူငွေနှင့်  နဝကမ္မ အလှူငွေ  စုစုပေါင်း  ငွေကျပ် ၁၂၈၀၀၀၀ ကို    ဇူလိုင်  ၂ ရက်တွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး      ဗိုလ်မှူးချုပ် အောင်ကျော်မင်းက    ကျောင်း တိုက်ဆရာတော်   ဘဒ္ဒန္တသုန္ဒရ အား  ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။


သတင်းစဉ်