တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကျင်းပ

နေပြည်တော်   ဇူလိုင်  ၁၃     
တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန  ၂၀၂၄ ခုနှစ် ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက နေပြည်တော်ရှိ   အဆိုပါဝန်ကြီးဌာန ပရဝဏ်၌ ကျင်းပသည်။
အခမ်းအနားသို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန    ပြည်ထောင်စုဝန်ကြီး   Jeng Phang နော်တောင်၊   ဒုတိယဝန်ကြီး    ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊  ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်နှင့်   အရာထမ်း၊  အမှုထမ်းများ  တက်ရောက် ကြသည်။
အခမ်းအနားတွင်     ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ငါးလုပ်ငန်းဦးစီးဌာနက ပံ့ပိုးသည့် ငါးသားပေါက်များကို ဝန်ကြီးဌာနရှိ တစ်ဖက်ပိတ်ဆည် အတွင်းသို့  ဦးစွာ စိုက်ထည့်ပေးကြပြီး  အမြဲတမ်းအတွင်းဝန်၊  ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊   ဒုတိယညွှန်ကြားရေးမှူး ချုပ်နှင့်  အရာထမ်း၊  အမှုထမ်းများက ငါးမျိုးများကို ဆက်လက်စိုက်ထည့်ပေးကြသည်။
ယနေ့ကျင်းပသည့်     ငါးမျိုးစိုက်ထည့်ပွဲတွင် ငါးသားပေါက်ကောင်ရေ      စုစုပေါင်း    ၁၂၀၀၀ စိုက်ထည့်ခဲ့ကြသည်။ အဆိုပါ တစ်ဖက်ပိတ်ဆည် အတွင်းသို့ ၂၀၂၂ ခုနှစ်တွင် ငါးသားပေါက်ကောင်ရေ ၇၀၀၀ နှင့် ၂၀၂၃ ခုနှစ်တွင် ငါးသားပေါက်ကောင်ရေ ၇၀၀၀ စိုက်ထည့်ထားခဲ့ရာ စုစုပေါင်း ငါးသားပေါက် ကောင်ရေ ၂၆၀၀၀ ရှိပြီဖြစ်သည်။ ငါးသယံဇာတများ တိုးပွားလာစေရေး၊ ငါးမျိုးပြုန်းတီးမှု မဖြစ်ပေါ်စေ ရေး၊  သဘာဝရေပြင်နှင့်ကန်များတွင်   ငါးမျိုးများ ရေရှည်စဉ်ဆက်မပြတ်  တည်တံ့ခိုင်မြဲပြီး  ငါးသယံ ဇာတ ပေါကြွယ်ဝစေရေး၊ နိုင်ငံတော်၏ ငါးထုတ်လုပ် မှုတိုးတက်မြင့်မားလာစေရန် တစ်ဖက်တစ်လမ်းမှ ပံ့ပိုးပေးနိုင်ရေးနှင့် သက်ရှိလူသားများနှင့် သဘာဝ ပတ်ဝန်းကျင်တို့အကြား အချိုးညီစွာ တည်ရှိနေသော ဂေဟစနစ်  ရေရှည်တည်တံ့နိုင်စေရေး  ရည်ရွယ်၍ အဆိုပါ ငါးမျိုးစိုက်ထည့်ပွဲအခမ်းအနားကို ကျင်းပ ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်