
နေပြည်တော် ဇူလိုင် ၃
၂၀၂၁ ခုနှစ် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် များ ဖြစ်ကြသည့် ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်နှင့် ဦးရွှေကြိမ်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးမောင်းဟာ၊ စောဒန်နီယယ်နှင့် ဒေါက်တာ ဗညားအောင်မိုးတို့၏ ဇနီးများ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊ ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ပြည်ထောင်စု တရားလွှတ်တော် ချုပ် တရားသူကြီး ဒေါ်ခင်မေရီ၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံးအဖွဲ့ဝင်များဖြစ်ကြ သည့် ဒေါက်တာမာလာအောင်နှင့် ဒေါ်နန်းစန္ဒာစမ်း၊ ဒုတိယဝန်ကြီး များ ဖြစ်ကြသည့် ဒေါ်သန်းသန်း လင်းနှင့် ဦးအောင်ထွန်းခိုင်၊ ပြည်ထောင်စုရာထူးဝန် အဖွဲ့ဝင် ဒေါ်ခင်မျိုးမြင့်၊ ဗဟိုဘဏ်ဒုတိယ ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေနှင့်အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဒေါ်နုနုယဉ်၊ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် များ၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ အမျိုး သမီးနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိ သူများ တက်ရောက်ကြပြီး ပြည်ထောင်စုဝန်ကြီးများ၏ ဇနီးများ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၏ဇနီး၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဋ္ဌ၏ ဇနီး၊ တပ်မတော်၏ ငြိမ်းချမ်းရေးဆွေးနွေးမှု ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၏ ဇနီးများ၊ ဒုတိယဝန်ကြီးများ၏ ဇနီးများ၊ နေပြည်တော် ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ကော်မတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့်တာဝန်ရှိသူများက Online စနစ်ဖြင့် တက်ရောက် ကြသည်။
အမှာစကားပြောကြား
ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က video message ဖြင့် အမှာစကားပြောကြားသည်။
(နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အမှာစကားကို စာမျက်နှာ-၃ တွင် ဖော်ပြထားပါသည်။)
ထို့နောက် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် က အမျိုးသမီး များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ နိုင်ငံတကာနှင့် ဒေသဆိုင်ရာအဆင့် ကတိကဝတ်ပြုမှု များ၊ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ ကျင်းပဆောင်ရွက်နေမှု၊ လုပ်ငန်းယန္တရားဖွဲ့စည်းဆောင်ရွက်မှု၊ အမျိုးသားအဆင့် မဟာဗျူဟာ စီမံကိန်း (၂၀၁၃-၂၀၂၂) ဆောင်ရွက်မှု၊ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ ဆောင်ရွက်မှုများ၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီး ကာကွယ်ရေးဥပဒေပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်နေမှု၊ အိမ်တွင်းအကြမ်း ဖက်မှု၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု၊ သက်ငယ်မုဒိမ်းမှုများနှင့် ပတ်သက်၍ Helpline Service ဖွင့်လှစ်ဆောင်ရွက်ထားမှု၊ ကျား မ ရေးရာ အခြေပြုအကြမ်းဖက်ဖြစ်ရပ်များအား တုံ့ပြန်ဆောင်ရွက်နေမှု၊ အကြမ်းဖက်ခံရသူများအား ငွေကြေးထောက်ပံ့ပေးမှုအခြေအနေ၊ အကြမ်းဖက်ခံရသည့် အမျိုးသမီးများအား တစ်နေရာတည်းတွင် ဝန်ဆောင်မှုပေးနိုင်သော စင်တာများ ဖွင့်လှစ်ဆောင်ရွက်နေမှုနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အိမ်တွင်းမှုသင်တန်းများ ဖွင့်လှစ် သင်ကြားနေမှုအခြေအနေ၊ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှု ပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း အကောင်အထည်ဖော်မှု အခြေအနေ၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များ၏ ပန်းတိုင် - ၅ (SDG-Goal 5) အကောင်အထည်ဖော်မှု၊ အာဆီယံအမျိုးသမီးကော်မတီ ဆောင်ရွက်မှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သမိုင်း မှတ်တိုင်များအား Video Clip ဖြင့် ပြသသည်။
ဆုများပေးအပ်ချီးမြှင့်
ထို့နောက် ကဏ္ဍအလိုက် ထူးချွန်အမျိုးသမီးများအား ဆုများ ပေးအပ်ချီးမြှင့်ရာ ကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်က ၂၀၂၀ ပြည့်နှစ် ထူးချွန်အမျိုးသမီးအရာရှိဆုရရှိသူ အမျိုးသမီးဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၇)မှ အကောင်းဆုံးဗိုလ်လောင်းဆုရ ဗိုလ်ဧပရယ်ချို (ရေ-၅၆၁၂)ကို လည်းကောင်း၊ ကောင်စီအဖွဲ့ဝင် Jeng Phang နော်တောင် က ၂၀၂၀ ပြည့်နှစ် ထူးချွန်အမျိုးသမီးရဲမေဆုရ ဒုတိယရဲမှူးကြီး ဝင်းနီလာကိုလည်းကောင်း၊ ကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်းက ထူးချွန် ကြက်ခြေနီအမျိုးသမီးဆုရရှိ ကြက်ခြေနီမြို့နယ်တပ်ဖွဲ့မှူး ဒေါ်စမ်းစမ်းမော်တို့ကိုလည်းကောင်း ဆုများပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် အခမ်းအနားတက်ရောက်လာကြသူများက စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
သတင်းစဉ်