ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် ဆဋ္ဌမအကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ ဝိနယဝံသပါလအသင်းကြီး၏ ဝိနည်းတော်စာပြန်ပွဲ စာအောင်သံဃာတော်များအား အောင်လက်မှတ်ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား တက်ရောက်ကြည်ညို

နေပြည်တော်   ဇူလိုင်   ၁၁
ဆဋ္ဌမအကြိမ်မြောက် အဘိဝိနယာစရိယ စာတော် ပြန်ပွဲ စာအောင်အရှင်သူမြတ်များ  အောင်လက်မှတ် ဆက်ကပ်လှူဒါန်းခြင်း   ဂုဏပူဇာအခမ်းအနားကို  ယနေ့နံနက်  ၇ နာရီတွင် နေပြည်တော် ဒက္ခိဏသီရိ မြို့နယ်ရှိ ရန်အောင်မြင်တောရကျောင်း (မြို့တော်ဝန် ကျောင်း)၌ ကျင်းပသည်။
တက်ရောက်ကြည်ညို
အခမ်းအနားသို့ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့် ဇနီး၊ ဒုတိယဝန်ကြီး ဦးအေးထွန်းနှင့်ဇနီး၊ နေပြည် တော်ကောင်စီဝင် ဦးမြင့်စိုး၊ သာသနာရေးနှင့်ယဉ်ကျေး မှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် နှင့် တာဝန်ရှိသူများ တက်ရောက်ကြည်ညိုကြသည်။
အခမ်းအနားတွင်    မြန်မာနိုင်ငံလုံးဆိုင်ရာ ဝိနယဝံသပါလအသင်းကြီး၏           ဦးဆောင် ဆရာတော်  ကော့ကရိတ်မြို့   ကော့ဝါလဲကျေးရွာ အေးချမ်းသာယာဆရာတော် ဘဒ္ဒန္တ ကဝိနန္ဒထံမှ ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည် ကြပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ဝိနယဝံသပါလအသင်း ကြီး၏  နာယကဆရာတော်    တောင်တွင်းကြီးမြို့ ဆတ်သွားကျေးရွာ ဂန္ဓာရုံဘုံကျော်ကျောင်း  ဆရာ တော် ဘဒ္ဒန္တဝိလာသ က သာရဏီယ ဩဝါဒကထာ မြွက်ကြားချီးမြှင့်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက သာသနာရေး ဆိုင်ရာများကို လည်းကောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဝိနယဝံသပါလအသင်းဥက္ကဋ္ဌက ဖြေဆိုအောင်မြင်မှု အခြေအနေများကိုလည်းကောင်း    လျှောက်ထား တင်ပြကြသည်။
အောင်လက်မှတ်များ ဆက်ကပ်
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန် ရှိသူများသည် အဘိဝိနယာစရိယ စာတော်ပြန်ပွဲ စာအောင် အရှင်သူမြတ်များအား အောင်လက်မှတ် များ ဆက်ကပ်ပြီး (ဝဲပုံ) ဘွဲ့နှင်းနာယက ဆရာတော် ကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းကာ    ရန်အောင်မြင်ကျောင်းဦးစီးပဓာန နာယက  ဆရာတော်ဘဒ္ဒန္တခေမာနန္ဒထံမှ အနုမော ဒနာတရား နာကြားကြသည်။
ယနေ့ကျင်းပသော ဆဋ္ဌမအကြိမ်  အဘိဝိနယာ စရိယ စာတော်ပြန်ပွဲကို ဗုဒ္ဓသာသနာတော်မြတ်ကြီး အရှည်တည်တံ့စေရေး  စောင့်ရှောက်ထိန်းသိမ်းရာ တွင် ဝိနယ ဂရုက လဇ္ဇီ ပေသလ သိက္ခာကာမ အရှင် သူမြတ်များစွာ ပေါ်ထွန်းလာစေရန် ရည်ရွယ်ကျင်းပ ခြင်းဖြစ်ပြီး ခက်ခဲနက်နဲသည့် ဝိနည်းအဆုံးအဖြတ် မေးခွန်းများကို ကျမ်းပြုစုရသည့်ပမာ ဖြေဆိုစေခြင်း မှ အောင်မြင်တော်မူခဲ့သော စာအောင်အရှင်သူမြတ် များအား အောင်လက်မှတ် ဆက်ကပ်လှူဒါန်း ဂုဏ ပူဇာအခမ်းအနား၌ ပထမအဆင့်တွင် ရဟန်း ၁၆ ပါး၊ သာမဏေ နှစ်ပါး၊ ဒုတိယအဆင့်တွင် ရဟန်း နှစ်ပါး၊ သာမဏေ တစ်ပါးနှင့်  တတိယအဆင့်တွင် ရဟန်း   တစ်ပါးတို့အား    အောင်လက်မှတ်များ ဆက်ကပ်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်