တရုတ်နိုင်ငံက ဂြိုဟ်တုအသစ်တစ်စင်းကို အာကာသအတွင်းသို့ လွှတ်တင်

ဝင်ချန်း  ဇွန်  ၂၉
တရုတ်နိုင်ငံသည် နိုင်ငံတောင်ပိုင်း ကျွန်းပြည်နယ် ဟိုင်နန်ကမ်းရိုးတန်းရှိ ဝင်ချန်း ဂြိုဟ်တုလွှတ်တင်ရေးနေရာမှ အာကာသအတွင်းသို့ ဂြိုဟ်တု အသစ်တစ်စင်းကို  စနေနေ့တွင် လွှတ်တင်လိုက်ကြောင်း နိုင်ငံတကာ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ 
Zhongxing-3A  အမည်ရှိ အဆိုပါ ဂြိုဟ်တုကို လောင်းမာ့ချ် - ၇ သယ်ဆောင်ရေးဒုံးပျံဖြင့် ပေကျင်းစံတော်ချိန် ည ၇ နာရီ ၅၇ မိနစ်တွင် လွှတ်တင်ခဲ့ခြင်းဖြစ်ပြီး သတ်မှတ်ထားသည့် ဂြိုဟ်ပတ်လမ်းအတွင်းသို့ အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့ကြောင်း သိရသည်။ ဆက်သွယ်ရေးနှင့် ရုပ်သံလွှင့်ဂြိုဟ်တုအဖြစ် ဒီဇိုင်းထုတ်ထားသော Zhongxing-3A သည် အသံ၊ အချက်အလက်၊ ရေဒီယိုနှင့် ရုပ်သံထုတ်လွှင့်မှု စသည့်ဝန်ဆောင်မှု များကို ထောက်ပံ့ပေးသွားမည် ဖြစ်သည်။ 
အဆိုပါ လွှတ်တင်မှုသည် လောင်းမာ့ချ် သယ်ဆောင်ရေးဒုံးပျံများ ၏ (၅၂၆) ကြိမ်မြောက်ဖြစ်ကြောင်း သိရသည်။                           ဆင်ဟွာ