ဂါဇာမှ ကလေးငယ် ၂၁ ဦး ကင်ဆာရောဂါကုသမှုခံယူရန် ထွက်ခွာ

 

ဂါဇာ  ဇွန်  ၂၇
ကင်ဆာရောဂါခံစားနေရသည့်     ဂါဇာဒေသမှ ကလေးငယ် ၂၁ ဦးသည် ရောဂါကုသမှုခံယူရန် ဇွန် ၂၇ ရက်က  ကီရမ်ရှာလွမ်   ဖြတ်သန်းရေးဂိတ်မှ တစ်ဆင့် နိုင်ငံရပ်ခြားသို့ထွက်ခွာခဲ့သည်ဟု ဂါဇာရှိ ကျန်းမာရေးအာဏာပိုင်များက  ပြောသည်။ မေလ အစောပိုင်း   ရာဖာနယ်စပ်   ပိတ်ထားပြီးနောက်မှ စတင်၍   ပထမဆုံးအကြိမ်အဖြစ်  ဆေးကုသရန် ထွက်ခွာခြင်းဖြစ်သည်ဟု သိရသည်။
ကလေး ၂၁ ဦးအနက်အများစုမှာ သွေးကင်ဆာ ခံစားနေရသူများဖြစ်ပြီး ကုသ၍ရနိုင်သော်လည်း ကျန်းမာရေးစောင့်ရှောက်မှုစနစ် ပြတ်လပ်နေသည့် အတွက် အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေ တွင်ရှိသည်။ ထို့ကြောင့် အဆိုပါကလေးငယ်များကို ခရီးသွားလာခွင့်ပြုရန်     ထောက်ခံပေးရခြင်း ဖြစ်သည်ဟု    ဂါဇာကမ်းမြောင်ဒေသ   ဆေးရုံများ ဆိုင်ရာ ညွှန်ကြားရေးမှူးချုပ် မိုဟာမက်ဇာကွတ် က ပြောသည်။    အမေရိကန်ရှိ   ကလေးငယ်များ သက်သာချောင်ချိရေးအဖွဲ့အစည်းနှင့်      ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီးတို့ပူးပေါင်းကာ ကလေးငယ် များ ခရီးသွားလာနိုင်ရေး  ကူညီဆောင်ရွက်ပေးခဲ့ သည်ဟု ၎င်းက ဆက်ပြောကြားသည်။  
နိုင်ငံရပ်ခြားတွင်       သွားရောက်ဆေးကုသမှု ခံယူရန်လိုအပ်သူပေါင်း ၂၅၀၀၀ ကျော်ရှိသည်ဟု ဂါဇာ ကျန်းမာရေးအာဏာပိုင်များက မှတ်တမ်းတင်ထား ပြီး ၎င်းတို့ထဲမှ   ၁၀၂၀၀  မှာ ကင်ဆာရောဂါခံစား နေရသူများ ဖြစ်သည်။  အသက်အန္တရာယ်စိုးရိမ်ရပြီး ပြည်ပထွက်ခွာကုသမှုခံယူရန် ချက်ချင်းလိုအပ်သူ ၂၅၀ ရှိသည်ဟု  မိုဟာမက်ဇာကွတ်က ပြောသည်။  ရာဖာဖြတ်သန်းရေးဂိတ် ပြန်လည်ဖွင့်ပေးရန်နှင့် ဂါဇာမှ လူနာများ ပြည်ပထွက်ခွာခွင့်ရရန်  အပြည် ပြည်ဆိုင်ရာမှ အကူအညီပေးရေးကိုလည်း  ၎င်းက တောင်းဆိုခဲ့သည်။                    
 ဆင်ဟွာ