တို့ကျန်းမာရေး၊ တို့အခွင့်အရေးနဲ့ တို့လိုက်နာရမည့် နေထိုင်မှုပုံစံ

Type
7

 

အောင်မင်း(ကျန်းမာရေးပညာ)
ပြည်သူ့ကျန်းမာရေးဦးစီးဌာန

ကျန်းမာခြင်းဆိုသည်မှာ    ရောဂါဘယ ကင်းရှင်း၍   ခန္ဓာကိုယ်ချို့ယွင်းမှု   မရှိရုံ မျှသာမက ကာယသုခ၊ စိတ္တသုခ၊ မိတ္တ သုခတို့ဖြင့် ပြည့်စုံနေသောအခြေအနေဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး  က (၁၉၄၈)ခုနှစ်တွင်    အဓိပ္ပာယ်ဖွင့်ဆိုခဲ့ပါသည်။ ယနေ့အချိန်အခါတွင် ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏   အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့်အညီ ကျန်းမာသည်ဟု   ဆိုနိုင်ရန်မှာ   အခက် အခဲများ  ကြုံတွေ့နေရပါသည်။  ရာသီ ဥတုနှင့်    ဂေဟစနစ် ပြောင်းလဲလာမှု၊ လူမှုဘဝနေထိုင်မှုပုံစံများ ပြောင်းလဲလာ မှုနှင့်အတူ   ကူးစက်ရောဂါအသစ်များ အသစ်တစ်ဖန်    ပြန်လည်ဖြစ်ပွားလာသောရောဂါများနှင့်   အခြားမကူးစက်နိုင် သောရောဂါများသည်   ကမ္ဘာ့လူသားများ ၏ ကျန်းမာရေးတို့ကို  ခြိမ်းခြောက်လာ လျက်ရှိပါသည်။ ကမ္ဘာအနှံ့လူသန်းပေါင်း များစွာ၏  ကျန်းမာရေးကိုထိခိုက်နေမှု များ နေ့စဉ်နှင့်အမျှ   များပြားလာလျက် ရှိနေပါသည်။ 
အာဟာရပြည့်ဝသော 
အစားအစာရရှိနိုင်ရေး
မည်သူဖြစ်စေ       ကျန်းမာရေး စောင့်ရှောက်မှုများရရှိရေး၊     ပညာ သင်ကြားခွင့်နှင့်  မှန်ကန်သော  သတင်း အချက်အလက်များ ရရှိစေရေးတို့အပြင် သန့်စင်သောလေ၊    လုံခြုံစိတ်ချရသော သောက်သုံးရေနှင့် အာဟာရပြည့်ဝသော အစားအစာတို့      ရရှိနိုင်ရေးအတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက  (၂၀၂၄)ခုနှစ်၊ ကမ္ဘာ့ကျန်းမာရေးနေ့၏ ရည်မှန်း ချက်အဖြစ် My Health, My Right ဟု သတ်မှတ်ပေးခဲ့ပြီး ကျန်းမာရေးဝန်ကြီး ဌာနမှ   “လူတိုင်းလူတိုင်း   ကျန်းမာဖို့၊ ကိုယ်စီပါဝင်ဆောင်ရွက်စို့” ဟု ဘာသာ ပြန်ဆိုထားပါသည်။
မြန်မာနိုင်ငံ၏လူဦးရေ (၇၀) ရာခိုင် နှုန်းကျော်သည်  ကျေးလက်ဒေသတွင် နေထိုင်သူများဖြစ်ကြပြီး   ကျေးလက် ဒေသနှင့်    ဝေးလံခက်ခဲဒေသများတွင် နေထိုင်ကြသူများအပါအဝင်    ပြည်သူ တစ်ဦးတစ်ယောက်မှ   မကျန်ရှိစေဘဲ ထိရောက်သည့် ကျန်းမာရေးစောင့်ရှောက် မှုများ ပေးနိုင်ရေးအတွက် ကျန်းမာရေး ဝန်ကြီးဌာနမှ  စီမံကိန်း၊  စီမံချက်များ ရေးဆွဲပြီး  ဆောင်ရွက်လျက်ရှိပါသည်။ လူတိုင်းသက်တမ်းစေ့ အသက်ရှည်စွာ နေနိုင်ရေးနှင့်     လူတိုင်းရောဂါဘယ ကင်းရှင်းရေးဆိုသည့်    ရည်မှန်းချက် (၂)ရပ်ကို   ချမှတ်၍    ကျေးလက်ဒေသ အောက်ခြေအထိ ကျန်းမာရေးအသိပညာ ပေးခြင်း၊ ရောဂါကာကွယ်တားဆီးခြင်းနှင့် ရောဂါဖြစ်ပွားလာလျှင်   ထိရောက်စွာ ကုသမှုပေးခြင်းဟူသည့် နည်းလမ်း (၃)ရပ်ဖြင့် စနစ်တကျ ကြိုးပမ်းအကောင်အထည်ဖော်လျက်ရှိပါသည်။     ထိုသို့ အကောင်အထည်ဖော်   ဆောင်ရွက်ရာ တွင် ကျေးလက်ဒေသအောက်ခြေအထိ ပြည်သူလူထုအား ကျယ်ပြန့်ထိရောက် စွာ ကျန်းမာရေးအသိပညာမြှင့်တင်ခြင်း သည် အလွန်အရေးကြီးပါသည်။
စနစ်တကျကုသမှု
လူတိုင်းလက်တွေ့လိုက်နာကျင့်သုံး
ကျန်းမာရေးအသိပညာမြှင့်တင်ခြင်း ဆိုသည်မှာ လူတိုင်းကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်များကို လက်လှမ်း မီမီရရှိနိုင်ပြီး ရရှိလာသောသတင်းအချက် အလက်များကို  အသုံးပြု၍  မှန်ကန်သည့် ကျန်းမာရေးဆိုင်ရာ   ဆုံးဖြတ်ချက်များ ချမှတ်နိုင်ခြင်းနှင့်   မိမိနှင့်  မိမိ   မိသားစု ကျန်းမာရေးအား  တိုးတက်ကောင်းမွန် အောင်       ထိန်းသိမ်းထားနိုင်သည့်   လူတစ်ဦးချင်းစီ၏    စွမ်းဆောင်ရည်ကို      မြှင့်တင်ပေးခြင်းဖြစ်သည်။  ကျန်းမာရေး ကိုမြှင့်တင်နိုင်သော၊ ရောဂါဘယများကို ကာကွယ်နိုင်သော၊  ရောဂါဖြစ်ပွားလာ လျှင်  စနစ်တကျကုသမှုခံယူသော   အပြု အမူများကို   လူတိုင်းလက်တွေ့လိုက်နာ    ကျင့်သုံးနိုင်ရေးအတွက်       ကြိုးပမ်း ဆောင်ရွက်ကြရပါသည်။
လူတစ်ဦးတစ်ယောက်      တစ်စုံ တစ်ရာကို   ပြောင်းလဲကျင့်သုံးလာရေး အတွက်   ပြောင်းလဲလိုစိတ်    ခိုင်မာစွာ ချမှတ်ထားခြင်း၊  ရရှိလာမည့်   အကျိုး ကျေးဇူးများမှာ မိမိပေးဆပ်ရသည်ထက် ပိုမိုသာလွန်ကြောင်း     ယုံကြည်ခြင်း၊ ပတ်ဝန်းကျင်မှ တွန်းအားပေးခြင်းများ ရှိခြင်း စသည်ဖြင့် အပြုအမူကို  လွှမ်းမိုး နေသောအကြောင်းအရာများ အမြောက် အမြားရှိပြီး မှန်ကန်တိကျသော ကျန်းမာ ရေးအသိပညာများ လက်လှမ်းမီမီရရှိရေး သည် အလွန်အရေးကြီးသော အကြောင်း အရာဖြစ်ပါသည်။  ကျန်းမာရေးနှင့်ညီညွတ် သည့်   လူနေမှုဘဝပုံစံများ   လိုက်နာ ကျင့်သုံးရေးသည်    ပြည်သူအားလုံးက ကိုယ်တိုင်    လုပ်ဆောင်ကြရမည့်ကိစ္စ ဖြစ်ပါသည်။ 
ကျန်းမာသော        နေထိုင်မှုပုံစံ (Healthy Life Style) ဖြစ်စေရန်အတွက် ပြည်သူလူထုအားလုံး အောက်ပါအချက် များကို  လိုက်နာကျင့်သုံးရန်  လိုအပ်လှ ပါသည်။
(က) အာဟာရမျှတစွာစားသုံးခြင်း
(၁)    နေ့စဉ်စားသုံးသည့်    အကြိမ် တိုင်းတွင် အစာအုပ်စု(၃)စုလုံး ပါဝင်အောင်စားပါ။
(၂)     အသား၊ ငါး၊ ဥ အမျိုးမျိုးတို့နှင့် နို့ထွက်ပစ္စည်းများကို   နေ့စဉ် စားသုံးပါ။
(၃)     ဟင်းသီးဟင်းရွက်နှင့် သစ်သီး ဝလံများကို များများစားသုံးပါ။
(၄)     အိုင်အိုဒင်းဆားကို သုံးစွဲပါ။
(၅)     ရေကို       လုံလောက်အောင် သောက်ပါ။
(၆)     အသင့်စား      အစာများထက် သန့်ရှင်းလတ်ဆတ်၍    ဘေး ဥပါဒ်   အန္တရာယ်ကင်းသော      သဘာဝအစာများကို ရွေးချယ် စားသုံးပါ။
(၇)     အဆီ၊ အချို၊ အငန်နှင့်ဆိုင်သော အစာများကို ဆင်ခြင်၍စားသုံး ပါ။
(၈)     အချိုရည်များကို      ဆင်ခြင် သောက်သုံးပါ။
(၉)     ကိုယ်ဝန်ဆောင်များနှင့်    နို့ တိုက်မိခင်များ     အာဟာရ ပြည့်ဝသော အစားအစာများ ကို စားပါ။   အစားမရှောင်ပါနှင့်။   မွေးစမှ အသက် (၆) လအထိ     မိခင်နို့    တစ်မျိုးတည်းသာ  တိုက်ကျွေးပါ။
(၁၀)     အသက်(၆)လမှ   စတင်၍ အာဟာရပြည့်ဝသော   ဖြည့် စွက်စာအမျိုးမျိုးကို   အသက် အရွယ်အလိုက် စုံလင်အောင် ကျွေးမွေးပါ၊ မိခင်နို့ကို အသက် (၂) နှစ်အထိ      ဆက်လက် တိုက်ကျွေးပါ။
(၁၁)     ကလေးများနှင့် အပျိုဘော်ဝင် အရွယ်များ      အစွမ်းကုန် ကြီးထွားဖွံ့ဖြိုးနိုင်စေရန် ခန္ဓာ ကိုယ်      ကြီးထွားဖွံ့ဖြိုးသော အစားအစာများကို ပိုကျွေးပါ။
(၁၂)     သက်ကြီး  ဘိုးဘွားဘဝတွင် အာဟာရဓာတ်များ ကြွယ်ဝ သည့် အစားအစာများကိုသာ    
       ရွေးချယ်စားသုံးပါ။
(ခ)    သင့်လျော်မှန်ကန်သော  လေ့ကျင့် 
ခန်းများ မှန်မှန်ပြုလုပ်ခြင်း
    l    ကာယလှုပ်ရှားမှုနှင့် အားကစား တွင် ပုံမှန်ပါဝင်ဆောင်ရွက်ခြင်း သည် ဆိုးရွားသော ကျန်းမာရေး ရလဒ်များ၏အန္တရာယ်မှ လျှော့ချ ပေးနိုင်သည်။
    l     ကာယလှုပ်ရှားမှု  အနည်းငယ် ပြုလုပ်ခြင်းသည်ပင်လျှင် လုံးဝ မပြုလုပ်ခြင်းထက်     များစွာ အကျိုးရှိစေပါသည်။
    l     ကာယ     လှုပ်ရှားမှုများသည် အသက်အရွယ်နှင့်       ပင်ကို ကျန်းမာရေးအခြေခံပေါ် မူတည် ၍ ပို၍ထိထိရောက်ရောက်၊ ပို၍ အကြိမ်ရေများများ၊ ပို၍ အချိန် ကြာကြာ ဆောင်ရွက်နိုင်သည် နှင့်အမျှ    ကျန်းမာရေးရလဒ်ကောင်းကျိုးများကို     ပိုမိုရရှိ စေပါသည်။
    l     သွက်သွက်လက်လက်      လမ်း လျှောက်ခြင်းကဲ့သို့သော အတန် အသင့် ပြင်းထန်သည့် ကာယ လှုပ်ရှားမှုမျိုးကို တစ်ပတ်လျှင် အနည်းဆုံး  မိနစ်  (၁၅၀)   ခန့် လုပ်ဆောင်ခြင်းသည် ကျန်းမာ ခြင်းအကျိုးရလဒ်ကို    ထိထိ ရောက်ရောက်   ရရှိစေပါသည်။ ထို့ထက်ပို၍ လုပ်ဆောင်နိုင်လေ ပို၍ အကျိုးရှိလေဖြစ်သည်။
    l     သက်လုံနှင့်  ကြွက်သားကြံ့ခိုင် သန်စွမ်းမှုဆိုင်ရာ ကာယလှုပ်ရှား မှု    နှစ်မျိုးစလုံးက  ကျန်းမာရေး  အတွက်အကျိုးရှိစေသည်။
    l     ကာယလှုပ်ရှားမှုအား   တီးလုံး (Music)နှင့် တွဲဖက်၍   နေ့စဉ် ပုံမှန်လုပ်ဆောင်မှုသည်  လူမျိုး  တိုင်း၊   ဒေသတိုင်းတွင်    ရှိသည့် ကလေးသူငယ်များ၊ ဆယ်ကျော် သက်အရွယ်များ၊ လူငယ်များ၊ လူလတ်ပိုင်းများ၊   သက်ကြီး ပိုင်းများ      အားလုံးအတွက် သက်ရောက်မှုရှိသည်။
    l    ၎င်းအပြင်    ကိုယ်ဝန်ဆောင်၊ မသန်စွမ်းသော    သူများနှင့် နာတာရှည်ရောဂါဝေဒနာ ခံစား နေရသူများပင်လျှင်    ကာယ လှုပ်ရှားမှုကြောင့်  ကျန်းမာရေး အကျိုးရလဒ်များ ခံစားရရှိစေနိုင်  ပါသည်။    
(ဂ) သင့်တင့်လျောက်ပတ်စွာ အနားယူ ခြင်း
စောစောအိပ်ထ ပြုကျင့်က ကင်းပ ဘေးရောဂါ ဆိုသည့်အတိုင်း အိပ်ရေးဝဝ အိပ်ပါ၊ အလုပ်ကို  အချိန်ကြာမြင့်စွာ လုပ်ကိုင်ခြင်း၊ အလွန်ပင်ပန်းစွာ အလုပ် လုပ်ခြင်းကို ရှောင်ကြဉ်ပြီး လုံလောက်စွာ အနားယူပါ။     အတိုင်းအထက်အလွန် ဂိမ်းကစားခြင်းများကဲ့သို့သော အိပ်ရေး အလွန်ပျက်ခံခြင်းများကို ရှောင်ကြဉ်ပါ။
(ဃ) အစာသန့်၊ ရေသန့်၊ အိမ်သာသန့်၊ တစ်ကိုယ်ရေသန့်နှင့်နေထိုင်ခြင်း
(၁)    တစ်ကိုယ်ရေ သန့်ရှင်းရေးဂရု စိုက်ပါ၊  အထူးသဖြင့် လက်ကို စနစ်တကျ ဆေးကြောပါ။
(၂)     ရေကောင်း ရေသန့်သုံးစွဲပါ။
(၃)     သန့်ရှင်းသော  အစားအစာကို ရွေးချယ်စားသုံးပါ။
(၄)     ယင်လုံအိမ်သာ  ဆောက်လုပ် သုံးစွဲထိန်းသိမ်းပါ။
(င) ရှောင်ကြဉ်     သင့်သည်များကို ရှောင်ကြဉ်ခြင်း
(၁)     အရက်၊   ဆေးလိပ်၊    ကွမ်း၊ မူးယစ်ဆေးဝါး သုံးစွဲခြင်းကို ရှောင်ကြဉ်ပါ။
(၂)     လိင်အပျော်အပါး  လိုက်စား ခြင်းကို ရှောင်ကြဉ်ပါ စသည် တို့ကို     ပြည်သူအားလုံးက     လိုက်နာ   လုပ်ဆောင်ကြရပါ မည်။
ကျန်းမာသော    
မျှော်မှန်းသက်တမ်းမြင့်မားရေး
ကျန်းမာရေးဝန်ကြီးဌာနမှ  အရည် အသွေးပြည့်ဝသော      ကျန်းမာရေး စောင့်ရှောက်မှုများကို ပြည်သူအားလုံး လက်လှမ်းမီအောင်      ပေးနေသကဲ့သို့ ပြည်သူတိုင်းကလည်း    ကျန်းမာရေး စောင့်ရှောက်မှုများကို    လိုလိုလားလား ခံယူသုံးစွဲရန် အရေးကြီးပါသည်။ မိမိ ကိုယ်တိုင်      လိုက်နာကျင့်သုံးရမည့် ကျန်းမာရေးအမူအကျင့်ကောင်းများကို လိုက်နာကျင့်သုံးခြင်း၊    ကျန်းမာရေး ဝန်ကြီးဌာန၏ လုပ်ငန်းများတွင် မိမိတို့ ကျရာအခန်းကဏ္ဍမှ  ပြည်သူအားလုံး ပါဝင်ဆောင်ရွက်ခြင်း၊ မိမိတို့ ကျန်းမာ ရေးအတွက်   မိမိတို့သည်သာ  တာဝန် အရှိဆုံးဆိုသည်ကို  အပြည့်အဝခံယူ၍ မိမိတို့၏  ကျန်းမာသော    မျှော်မှန်း သက်တမ်းမြင့်မားရေးအတွက်  ယခုနှစ် ကမ္ဘာ့ကျန်းမာရေးနေ့    ဆောင်ပုဒ်ဖြစ် သော “လူတိုင်း လူတိုင်း ကျန်းမာဖို့၊ ကိုယ်တိုင်ပါဝင်ဆောင်ရွက်စို့” နှင့်အညီ ပြည်သူအားလုံး        ဝိုင်းဝန်းလက်တွဲ ဆောင်ရွက်ကြပါစို့ဟု      တိုက်တွန်း ရေးသားလိုက်ရပါသည်။           ။