ထားဝယ်တပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများ စိတ်ပျော်ရွှင်ကြည်နူးချမ်းမြေ့စေရန်အတွက် ဂုဏ်ပြုဖျော်ဖြေ

 

နေပြည်တော်   မတ်   ၂၁
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ် စစ်ဆင်ရေး  ညွှန်ကြားရေးမှူးရုံး  ကွပ်ကဲမှုအောက်ရှိ      နယ်လှည့် ပြည်သူ့ဆက်ဆံရေး    အဖွဲ့များမှ အရာရှိ၊ စစ်သည်၊ စစ်သမီးများက တိုင်းဒေသကြီးနှင့်        ပြည်နယ် အသီးသီးရှိ တိုင်းရင်းသားပြည်သူ များ စိတ်အေးချမ်းသာစွာ နေထိုင် လုပ်ကိုင် စားသောက်နိုင်ရေးနှင့် အသက်အိုးအိမ်     စည်းစိမ်ဥစ္စာ လုံခြုံမှုရှိစေရေးအတွက်       နိုင်ငံ တော် ကာကွယ်ရေးနှင့်လုံခြုံရေး တာဝန်များကို         စွမ်းစွမ်းတမံ ဆောင်ရွက်လျက်ရှိသော     လုံခြုံ ရေး   တပ်ဖွဲ့ဝင်များနှင့်   တိုင်းစစ် ဌာနချုပ်များအလိုက်    တပ်နယ် များမှ အရာရှိ၊ စစ်သည်၊ မိသားစု များ စိတ်ပျော်ရွှင်ကြည်နူးချမ်းမြေ့ စေရန်အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ ရှေ့တန်းစခန်း များနှင့်       တပ်နယ်များအလိုက် နယ်မြေခံ   တပ်ရင်းဌာနချုပ်များ သို့        အလှည့်ကျသွားရောက်၍ ကိုယ်ချင်းစာစိတ် အပြည့်အဝဖြင့် ဂုဏ်ပြုဖျော်ဖြေလျက်ရှိသည်။
ထိုသို့      သွားရောက်ဂုဏ်ပြု ဖျော်ဖြေလျက်ရှိရာ      ယနေ့တွင် တနင်္သာရီ            တိုင်းဒေသကြီး၊ ထားဝယ်    တပ်နယ်ရှိ    အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ဌာန ဆိုင်ရာဝန်ထမ်းများ  စိတ်ပျော်ရွှင် ကြည်နူး ချမ်းမြေ့စေရန်အတွက် နယ်လှည့်ပြည်သူ့ဆက်ဆံရေးအဖွဲ့ များမှ အရာရှိ၊ စစ်သည်၊  စစ်သမီး များက စစ်ချီတေး၊ စစ်သည်တေး သီချင်းများ၊ ခေတ်ပေါ်နှင့် ခေတ် ဟောင်း      တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေကြရာ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့်  ဌာန ဆိုင်ရာဝန်ထမ်းများက စိတ်လက် ပျော်ရွှင်ကြည်နူး ချမ်းမြေ့စွာဖြင့် ကြည့်ရှုအားပေး၍      လွတ်လပ် ပေါ့ပါးစွာ အတူတကွ ပါဝင်သီဆို ကြသည်။   ထိုကဲ့သို့   လာရောက် သီဆိုဖျော်ဖြေပေးကြသည့် အဖွဲ့ သူ အဖွဲ့သားများကို နယ်မြေခံတပ် များမှ တာဝန်ရှိသူများနှင့် မိသားစု ဝင်များက ဒေသထွက်လက်ဆောင် ပစ္စည်းများပေးအပ်ကြပြီး ဒေသ ထွက်အစားအစာများဖြင့် ဧည့်ခံ ကျွေးမွေးခဲ့ကြကြောင်း သတင်း ရရှိသည်။                  သတင်းစဉ်