“အကြမ်းဖက်သောင်းကျန်းသူများနှင့် PDF အမည်ခံအကြမ်းဖက်သမားများက နည်းလမ်းမျိုးစုံဖြင့် ခြိမ်းခြောက်နှောင့်ယှက်လျက်ရှိသဖြင့် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့် ဆုံးရှုံးခဲ့သူများအတွက် အထူးအစီအစဉ်ဖြင့် ဆောင်ရွက်ပေးမည်”

 

၁။    ၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade 12 ကျောင်းသား၊ ကျောင်းသူများသည် တက္ကသိုလ်ဝင်စာမေးပွဲများကို ၁၁-၃-၂၀၂၄ ရက်နေ့မှစတင်၍  ၁၉-၃-၂၀၂၄  ရက်နေ့ထိ  နိုင်ငံတစ်ဝန်းရှိ  အခြေခံပညာကျောင်းများ၏  စာစစ်ဌာနအသီးသီးတွင် ဖြေဆိုခဲ့ပြီးဖြစ်ပါသည်။ သို့ရာတွင် အကြမ်းဖက်သောင်းကျန်းသူများနှင့် PDF အမည်ခံအကြမ်းဖက်သမားများက နည်းလမ်း မျိုးစုံဖြင့် ခြိမ်းခြောက်နှောင့်ယှက်လျက်ရှိသော ဒေသအချို့ရှိ ကျောင်းသား၊ ကျောင်းသူများသည် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် အခွင့်အရေး ဆုံးရှုံးခဲ့ကြပါသည်။
၂။    သို့ဖြစ်ပါ၍ နိုင်ငံတော်အစိုးရအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ၏ ပညာရေးအခွင့်အလမ်း မဆုံးရှုံးစေရန်အတွက် လုံခြုံရေးအခြေအနေအရ   တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန်   မှတ်ပုံတင်ထားပြီးဖြစ်သော်လည်း   တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့် မရခဲ့ကြသည့် ကျောင်းသား ၊ ကျောင်းသူများအတွက် အထူးအစီအစဉ်တစ်ရပ်ဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရများ၏ ပံ့ပိုးကူညီပေးမှုအရ သတ်မှတ်ထားသည့် အခြေခံပညာကျောင်းများရှိ စာစစ်ဌာနများသို့ ကျောင်းသား၊  ကျောင်းသူများအား စုစည်းခေါ်ယူ၍ စာမေးပွဲဖြေဆိုစေခြင်းတို့ကို ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။ ဖြေဆိုမည့် နေ့ရက်နှင့် စာစစ်ဌာနများအား ထပ်မံထုတ်ပြန်သွားမည် ဖြစ်ပါသည်။
ပညာရေးဝန်ကြီးဌာန