
နေပြည်တော် မတ် ၁၉
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တိုင်းရင်း သားပြည်သူများ စိတ်အေးချမ်းသာစွာ နေထိုင် လုပ်ကိုင်စားသောက်နိုင်ရေးနှင့် အသက်အိုးအိမ် စည်းစိမ်ဥစ္စာ လုံခြုံမှုရှိစေရေးအတွက် နိုင်ငံတော် ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို မိဝေးဖဝေး၊ မိသားစုများနှင့် ဝေးကွာ၍ နေ့မအား ညမနား စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်လျက်ရှိရာမှ တပ်ရင်း ဌာနချုပ်ရှိ မိသားစုဝင်များရှိရာသို့ ပြန်လည်စုဖွဲ့ လေ့ကျင့်လျက်ရှိသော တပ်မတော်သားများ စိတ် ပျော်ရွှင်ကြည်နူးချမ်းမြေ့စေရန်အတွက် ကာကွယ် ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှု အောက်ရှိ နယ်လှည့်ပြည်သူ့ဆက်ဆံရေးအဖွဲ့များမှ အရာရှိ၊ စစ်သည်၊ စစ်သမီးများက တိုင်းစစ်ဌာနချုပ် အသီးသီးရှိ ရှေ့တန်းစခန်းများနှင့် နယ်မြေခံ တပ်ရင်း ဌာနချုပ်များသို့ အလှည့်ကျသွားရောက်၍ ကိုယ်ချင်း စာစိတ် အပြည့်အဝဖြင့် ဂုဏ်ပြုဖျော်ဖြေလျက်ရှိသည်။
ထိုသို့ သွားရောက်ဂုဏ်ပြုသီဆိုကပြ ဖျော်ဖြေ လျက်ရှိရာ ယနေ့တွင် တနင်္သာရီတိုင်းဒေသကြီး ကလိန်အောင်မြို့ရှိ တပ်နယ်ခန်းမ၌ နယ်လှည့် ပြည်သူ့ဆက်ဆံရေးအဖွဲ့များမှ အရာရှိ၊ စစ်သည်၊ စစ်သမီးများက စစ်ချီတေး၊ စစ်သည်တေးသီချင်းများ၊ ခေတ်ပေါ်နှင့် ခေတ်ဟောင်းတေးသီချင်းများဖြင့် သီဆိုကပြ ဖျော်ဖြေကြရာ အောင်ပွဲရ ရှေ့တန်းပြန်တပ်မတော်သားများနှင့် မိသားစုဝင်များက စိတ်လက် ပျော်ရွှင်ကြည်နူးချမ်းမြေ့စွာဖြင့် ကြည့်ရှုအားပေး၍ လွတ်လပ်ပေါ့ပါးစွာဖြင့် အတူတကွ ပါဝင်သီဆိုကြ သည်။ ထိုကဲ့သို့ လာရောက်သီဆိုဖျော်ဖြေပေးကြသည့် အဖွဲ့သူ၊ အဖွဲ့သားများကို နယ်မြေခံတပ်မှ တာဝန်ရှိ သူများနှင့် မိသားစုဝင်များက ဒေသထွက်လက်ဆောင် ပစ္စည်းများ ပေးအပ်ကြပြီး ဒေသထွက် အစားအစာ များဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြကြောင်း သတင်းရရှိ သည်။ သတင်းစဉ်