မတ္တရာမြို့နယ် ရွေးစုကျေးရွာမှ နာရေးကူညီမှုအသင်းရုံးနှင့် ကားများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်ပြီး မီးရှို့ဖျက်ဆီးသွားကြောင်း သတင်းတု၊ သတင်းအမှားများကို မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ

 

နေပြည်တော်   မတ်   ၁၉ 
မန္တလေးတိုင်းဒေသကြီး  မတ္တရာ မြို့နယ်   ရွေးစုကျေးရွာကို   မတ်  ၁၈  ရက်က  လုံခြုံရေးတပ်ဖွဲ့ဝင် များမှ  ကျေးရွာအတွင်း  ပစ်ခတ် ဝင်ရောက်ပြီး      နာရေးကူညီမှု ပရဟိတအသင်းရုံးနှင့်  ကားကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း  မဟုတ် မမှန်       စွပ်စွဲရေးသားထားသည့်  သတင်းတု၊ သတင်းအမှားများကို ပြည်သူများ အထင်အမြင်လွဲမှား စေရန်     တရားမဝင်   ပြည်ဖျက် မီဒီယာများက လူမှုကွန်ရက်ပေါ် တွင် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
အဆိုပါ သတင်းနှင့်ပတ်သက် ၍   မတ္တရာမြို့နယ်မှ   လုံခြုံရေး တာဝန်ရှိသူတစ်ဦး၏ ပြောကြား ချက်အရ  ရွေးစုကျေးရွာမှ  နာရေး ကူညီမှုအသင်းရုံးနှင့်     ကားများ ကို     လုံခြုံရေးတပ်ဖွဲ့ဝင်များက  ပစ်ခတ်ခြင်းနှင့် မီးရှို့ဖျက်ဆီးခြင်း မရှိကြောင်း သိရှိရသည်။ မတ္တရာ မြို့နယ်အတွင်း တည်ငြိမ်အေးချမ်း ရေးနှင့် PDF အမည်ခံအကြမ်းဖက်  သမားများ  ဝင်ရောက်လှုပ်ရှားမှု မရှိစေရန်အတွက် ဒေသခံပြည်သူ များနှင့်လက်တွဲ၍ နယ်မြေလုံခြုံ ရေးဆောင်ရွက်လျက်ရှိရာ  မတ် ၁၈ ရက်က အများပြည်သူအသုံးပြု လျက်ရှိသည့် ရွေးစုကျေးရွာနှင့် လက္ကောင်းကြီး       ကျေးရွာသွား မြေသားလမ်းပေါ်တွင်        PDF အမည်ခံအကြမ်းဖက်သမားများ ထောင်ထားသည့် လက်လုပ်မိုင်း များတွေ့ရှိရသဖြင့်    ပြည်သူများ ထိခိုက်မှုမရှိစေရန်အတွက် စနစ် တကျ      ဖောက်ခွဲဖျက်ဆီးခဲ့ရ ကြောင်း သိရှိရသည်။
တရားမဝင် ပြည်ဖျက်မီဒီယာ များသည်        ပြည်သူများအား ထင်ယောင်ထင်မှား ဖြစ်စေရန်နှင့် လုံခြုံရေး      တပ်ဖွဲ့ဝင်များအပေါ်  အထင်အမြင်       လွဲမှားစေရန် အတွက်     ဖြစ်စဉ်ဖြစ်ရပ်များကို အခြေခံကာ   သတင်းတု၊  သတင်း အမှားများကို တစ်ဖက်သတ်စွပ်စွဲ ရေးသား        ဖြန့်ဝေခြင်းသာဖြစ် ကြောင်း သတင်းရရှိသည်။ 
သတင်းစဉ်