
တပ်ကုန်း မတ် ၁၄
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး ရဲမိုး ဦးစီးသည့် ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့ သည် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေး၊ လုံခြုံ ရေး၊ တရားဥပဒေစိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေး နှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် ယမန်နေ့က နေပြည်တော် တပ်ကုန်းမြို့နယ် အောင်သပြေကျေးရွာအုပ်စု တုံးချိုးကျေးရွာသို့ ရောက်ရှိကြပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်ကြသည်။
နှစ်ရှည်သီးနှံပင်များ စိုက်ပျိုးစေလို
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးစီးသောအဖွဲ့ သည် တုံးချိုးကျေးရွာ သီရိရတနာကျောင်းတိုက်၌ကျေးရွာတာဝန်ခံ၊ ပြည်သူများနှင့် တွေ့ဆုံပြီး နေပြည်တော်ကောင်စီအဖွဲ့ဝင်က ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ရာတွင် နယ်မြေ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးရှိမှ သာ ပညာရေး၊ ကျန်းမာရေးနှင့် လမ်းပန်းဆက်သွယ် ရေးကို တိုးတက်ဖွံ့ဖြိုးအောင် ဆောင်ရွက်ပေးနိုင်မည် ဖြစ်ကြောင်း၊ ယခုဒေသသည် စိုက်ပျိုးရေးကဏ္ဍတွင် များသောအားဖြင့် လယ်ယာသီးနှံများ စိုက်ပျိုးလျက် ရှိသည်ကို တွေ့ရှိရကြောင်း၊ ဒေသနှင့်ကိုက်ညီသည့် နှစ်ရှည်သီးနှံပင်များ စိုက်ပျိုးစေလိုပြီး နှစ်ရှည်သီးနှံ ပင်များ စိုက်ပျိုးပါက အောင်မြင်ဖြစ်ထွန်းအောင် သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်ရန် လိုအပ်ကြောင်း ရှင်းလင်းမှာကြားသည်။
မျိုးစေ့များထောက်ပံ့
ယင်းနောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်နှင့် အဖွဲ့သည် တုံးချိုးကျေးရွာပြည်သူများထံ ဆန်၊ ဆီ၊ ဆေးဝါး၊ ခေါင်းအုံး၊ စောင်၊ ခြင်ထောင်၊ ရှေးဦးသူနာပြု (First Aidx Kid)ဆေးအိတ်၊ ကလေးကစားစရာများ၊ အစားအစာများနှင့် မီးဖိုချောင်သုံး ဟင်းသီးဟင်းရွက် မျိုးစေ့များ ထောက်ပံ့ပေးအပ်ပြီး ဒေသခံ ပြည်သူများက ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက် ပေးစေလိုသည့် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်း ဆက်သွယ်ရေးကောင်းမွန်စေရေးတို့ကို တင်ပြကြရာ ဌာနဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍ အလိုက် ဖြည့်ဆည်းဆောင်ရွက်မည့် အစီအမံများနှင့် စပ်လျဉ်း၍ ပြန်လည်ဆွေးနွေးကြပြီး ကျေးရွာ တာဝန်ခံက ကျေးဇူးတင်စကားပြောကြားကာ နေပြည်တော်ကောင်စီအဖွဲ့ဝင်က နိဂုံးချုပ် အမှာ စကား ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မှ ဒေသခံပြည်သူများအား အသက်အပိုင်းအခြား အလိုက် ကလေးငယ်များအား တိုးချဲ့ကာကွယ်ဆေး၊ သားအိမ်ခေါင်းကာကွယ်ဆေး၊ ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်ပေးခြင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည် သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မွေးစာရင်း၊ အိမ်ထောင်စု လူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်များ ဆောင်ရွက်ပေးခြင်း၊ မြို့နယ်မွေးမြူရေးနှင့် ကုသ ရေးဦးစီးဌာနမှ တောင်သူများ၏ နွားများကို လည်ချောင်းကွဲ ကာကွယ်ဆေး၊ ဝက်များကို ဝက်ဝမ်း ကျ ကာကွယ်ဆေးထိုးနှံခြင်းများ ဆောင်ရွက်ပေး သည်။
ကာကွယ်ဆေးများထိုးနှံပေး
မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီအဖွဲ့ဝင် နှင့်အဖွဲ့သည် ညောင်ပတ်ကျေးရွာ ဘုန်းတော်ကြီး ကျောင်းနှင့် သုံးလမ်းဆုံကျေးရွာ ဘုန်းတော်ကြီး ကျောင်းများသို့ ရောက်ရှိပြီး ကျောင်းထိုင်ဆရာ တော်ထံ ဆွမ်းဆန်တော်၊ ဆီ၊ သင်္ကန်း ဆက်ကပ် လှူဒါန်းပြီး ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ပညာ ရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ သောက်သုံးရေရရှိရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျေးရွာ အတွင်းရှိ ကလေးငယ်များအား တိုးချဲ့ကာကွယ်ဆေး၊ သားအိမ်ခေါင်းကာကွယ်ဆေး၊ ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်ပေးခြင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မွေးစာရင်း၊ အိမ်ထောင်စု လူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်များ ဆောင်ရွက်ပေးခြင်း၊ မြို့နယ်မွေးမြူရေးနှင့် ကုသ ရေးဦးစီးဌာနမှ တောင်သူများ၏ နွားများအား လည်ချောင်းကွဲကာကွယ်ဆေး၊ ဝက်များကို ဝက်ဝမ်းကျကာကွယ်ဆေးများ ထိုးနှံခြင်းများ ဆောင်ရွက်ပေးသည်။
မြို့နယ်(ပြန်/ဆက်)