ရန်ကုန်တိုင်းဒေသကြီးရှိ စာစစ်ဌာန ၇၃ ခုတွင် ပထဝီဝင်ဘာသာရပ်နှင့် ဓာတုဗေဒဘာသာရပ်တို့အား ကျောင်းသား ကျောင်းသူ ၁၈၀၃၄ ဦး စိတ်အေးချမ်းစွာ ဖြေဆို

 

ရန်ကုန်   မတ်   ၁၄


ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စာစစ်ဌာန   ၇၃   ခုတွင် ယနေ့ နံနက် ၉ နာရီက တက္ကသိုလ်ဝင် စာမေးပွဲ   ပထဝီဝင်ဘာသာရပ် နှင့်   ဓာတုဗေဒဘာသာရပ်တို့ကို  ကျောင်းသား    ကျောင်းသူများ စိတ်အေးချမ်းပျော်ရွှင်စွာ  ဖြေဆို ခဲ့ကြသည်။ 
ယနေ့   ဘာသာရပ်နှစ်မျိုး ဖြေဆိုသောနေ့တွင်   ပထဝီဝင် ဘာသာရပ်အား   ကျောင်းသား ကျောင်းသူ ၁၀၂၉ ဦးဖြေဆိုခဲ့ကြ ပြီး     အင်းစိန်အကျဉ်းဦးစီးရှိ အမှတ်(၁၃) အလယ်တန်းကျောင်း စာစစ်ဌာန၌ အကျဉ်းသား ခုနစ်ဦး  ဝိဇ္ဇာတွဲကို    ဖြေဆိုခဲ့ကြသည်။  ဓာတုဗေဒ     ဘာသာရပ်တွင် ကျောင်းသား ကျောင်းသူ  ၁၇၀၀၅  ဦးဖြေဆိုခဲ့ကြပြီး   အမြင်အာရုံ ချို့တဲ့သူ   သုံးဦး၊   ကိုယ်အင်္ဂါ မသန်စွမ်းသူ နှစ်ဦးနှင့် ကမာရွတ် မြို့နယ်၊ တာမွေမြို့နယ်နှင့် ခရမ်း မြို့နယ်တို့မှ ကျောင်းသူသုံးဦးတို့ သည် ဆေးရုံမှ ဖြေဆိုခဲ့သည်။ 


ရန်ကုန်တိုင်းဒေသကြီးအတွင်း ရှိ    စာစစ်ဌာနတို့တွင်    ပထဝီဝင် ဘာသာရပ်နှင့်      ဓာတုဗေဒ ဘာသာရပ်တို့အား ကျောင်းသား ကျောင်းသူ ၁၈၀၃၄  ဦး စိတ်အေးချမ်းသာပျော်ရွှင်စွာဖြင့် ဖြေဆိုခဲ့ ကြသည်။
၂၀၂၄ ခုနှစ်၏ တက္ကသိုလ်ဝင် စာမေးပွဲသည် Grade-12 သင်ရိုး သစ်၊ စနစ်သစ်ဖြင့် ဖြေဆိုရခြင်း ဖြစ်ရာ ကျောင်းသား ကျောင်းသူ များ  သက်ဆိုင်ရာ  ဘာသာရပ် များနှင့်  မေးခွန်းပုံစံများကို  သိရှိ နားလည်စေရန် ဆရာ ဆရာမများ အား သင်တန်းများပို့ချပေးခဲ့သည့် နည်းတူ   ပညာရေးဝန်ကြီးဌာန နှင့် မြန်မာနိုင်ငံစာစစ်ဌာနတို့မှ ထုတ်ဝေသည့် Grade-12 သင်ရိုး သစ်နှင့်ပတ်သက်သည့် ဘာသာ ရပ်အလိုက်   မေးခွန်းပုံစံများကို လည်း ကျောင်းများ၌   လေ့ကျင့် သင်ကြားပေးခဲ့ပြီး     နွေရာသီ ကျောင်းပိတ်ရက်တွင်     လည်း သင်ရိုးသစ်   ဘာသာရပ်များကို ဆရာ   ဆရာမများအား  မွ်းမံ သင်တန်းများအဖြစ်      လေ့ကျင့် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။  

                  
ညိမ်းသူ (သတင်းစဉ်) 
ဓာတ်ပုံ - မောင်သီဟ