လားရှိုးမြို့ အထွေထွေရောဂါကုဆေးရုံကြီးနှင့်  လားရှိုးမြို့ရှိ ကိုဗစ်-၁၉ ကုသရေးစင်တာတို့သို့  ကာကွယ်ရေးပစ္စည်းများ လှူဒါန်း

 

 

နေပြည်တော်    ဇွန်     ၂၈
ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့ အထွေထွေ ရောဂါကုဆေးရုံကြီး (ခုတင်-၅၀၀) ၌ တက်ရောက် ကုသမှုခံယူလျက်ရှိသော COVID-19 ပိုးတွေ့လူနာ များနှင့် ကျန်းမာရေးဝန်ထမ်းများကို ယနေ့နံနက်ပိုင်း တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် အဖွဲ့ဝင်များက    သွားရောက်တွေ့ဆုံ   အမှာစကား ပြောကြားပြီး ရောဂါကာကွယ်ရေးပစ္စည်းများဖြစ် သည့်  Mask  အခုရေ ၅၀၀၀၊  ရေမလိုလက်သန့် ဆေးရည် ၄၈ ဘူး၊ PPE ဝတ်စုံ ၁၀၀ နှင့် စားသောက် ဖွယ်ရာများ  ပေးအပ်ရာ ဆေးရုံအုပ်ကြီးက လက်ခံ ရယူသည်။
ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် လားရှိုး မြို့ရှိ  COVID-19  ကုသရေးစင်တာ (၁) သို့  သွား ရောက်၍ ရောဂါကာကွယ်ရေးပစ္စည်းများဖြစ်သည့် Mask ၅၀၀၀ ခု၊ ရေမလိုလက်သန့်ဆေးရည် ၄၈ ဘူး၊  အရက်ပြန် ၇၂ ဘူး၊ PPE ဝတ်စုံ ၁၀၀၊ GOGGLES မျက်မှန်   ၁၀   လက်၊   လက်အိတ်အစုံ  ၃၀၀  နှင့် တစ်ယောက်အိပ် ခြင်ထောင် ၂၀၀ တို့ကို ပေးအပ် လှူဒါန်းရာ လားရှိုးမြို့ပေါ်ရှိ COVID-19 ပရဟိတ ကွန်ရက်၊ COVID-19 Operation Team နှင့် Free-dom Volunteer ကွန်ရက်များမှ တာဝန်ရှိသူများက လက်ခံရယူကြသည်။
ဆက်လက်၍ စိတ္တသုခလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူများက COVID-19 ကုသရေးစင်တာ (၁)တွင် အသုံးပြုရန်အတွက် OXYGEN CYLINDER ၁၅ လုံး၊    ကလိုရင်းပိုးသတ်ဆေးရည်   ၁၀   လုံးတို့ကို ပေးအပ်လှူဒါန်းရာ တိုင်းမှူးနှင့် တာဝန်ရှိသူများက လက်ခံရယူကြောင်း သတင်းရရှိသည်။
သတင်းစဉ်