နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ဗဟိုအကြံပေးအဖွဲ့ဝင် စောဒန်နီရယ် ရပ်စောက်မြို့နယ်အတွင်းရှိ ယာယီတိုက်ပွဲရှောင်ပြည်သူများနှင့်တွေ့ဆုံ

 

နေပြည်တော်   မတ်    ၈
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ဗဟိုအကြံပေးအဖွဲ့ဝင်  စောဒန်နီ ရယ်သည်    ယနေ့နံနက်ပိုင်းက ရပ်စောက်မြို့နယ်     ယမ်းတွင်း ငကြောင်ကျေးရွာအုပ်စု   ပင်ဖြစ် ကျေးရွာ ပအိုဝ်းအမျိုးသားဘက်စုံ ဖွံ့ဖြိုးရေးရုံး၌   မြို့နယ်အတွင်းရှိ ယာယီတိုက်ပွဲရှောင်ပြည်သူများနှင့် တွေ့ဆုံသည်။ 
ရှေးဦးစွာ       နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၊   ဗဟိုအကြံ ပေးအဖွဲ့ဝင်က  အဖွင့်အမှာစကား ပြောကြားပြီး တက်ရောက်လာကြ သည့် ယာယီတိုက်ပွဲရှောင်ပြည်သူ များက  ပညာရေး၊    ကျန်းမာရေး ကိစ္စရပ်များ၊  လိုအပ်ချက်များကို တင်ပြဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ တောင်ကြီးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့      ဥက္ကဋ္ဌ၊ ရပ်စောက်မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ၊     မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဦးစီးဌာန၊  ကျန်းမာရေးဦးစီးဌာန၊ ပညာရေးဌာနနှင့်    လူမှုဝန်ထမ်း ဦးစီးဌာနတို့မှ  တာဝန်ရှိသူများက ယာယီတိုက်ပွဲရှောင်   ပြည်သူများ ၏      တင်ပြချက်များအပေါ် ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက် ဆောင်ရွက်ပေးမည့်     အစီအမံ များကို         တင်ပြဆွေးနွေးခဲ့ကြ ပြီး    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၊    ဗဟိုအကြံပေးအဖွဲ့ဝင် က    နိဂုံးချုပ်အမှာစကား    ပြော ကြားသည်။
ထို့နောက်     နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၊ ဗဟိုအကြံ ပေးအဖွဲ့ဝင်က  ထောက်ပံ့ပစ္စည်း များပေးအပ်ရာ  ယာယီတိုက်ပွဲ ရှောင်         ပြည်သူများကိုယ်စား ဦးခွန်စံသိန်းနှင့်    ဦးဒန်းဗဟာဒူး တို့က     လက်ခံရယူခဲ့ကြောင်း သိရသည်။     
သတင်းစဉ်