တပ်မတော်ဆေးရုံများနှင့် ယာယီအရေးပေါ်ဆေးရုံများ၌  ယနေ့အထိ ပြင်ပလူနာ  နှစ်သိန်းခြောက်သောင်းကျော် ကုသပေးနိုင်ခဲ့

 

 

နေပြည်တော်   ဇွန်  ၂၈
ပြည်သူလူထုအတွက် အဓိကအကျဆုံးဖြစ်သော ကျန်းမာရေးကဏ္ဍ မြင့်မားရေးအတွက် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများ ဖြင့် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ပြည်သူလူထု၏ အရေးပေါ် ကျန်းမာရေးဆိုင်ရာကုသမှုများ ဆောင်ရွက်ပေးနိုင်ရန် အတွက်  တပ်မတော်ဆေးရုံများနှင့်   ယာယီကုသရေးဆေးရုံများ၌   ကျန်းမာရေးစောင့်ရှောက်မှုများကို   နေ့ညမပြတ်   ဆောင်ရွက်ပေး လျက်ရှိရာ   ဖေဖော်ဝါရီ  ၅ ရက်မှ   ယနေ့အထိ   ပြင်ပလူနာပေါင်း ၂၆၀၀၅၇  ဦးနှင့် အတွင်းလူနာပေါင်း ၇၅၉၅၄ ဦးတို့ကို ကုသပေးနိုင် ခဲ့သည်။
ယင်းလူနာများအနက် အကြီးစား ခွဲစိတ်ကုသရန်လိုအပ်သူ ၁၂၀၇၉ ဦး၊ အသေးစားခွဲစိတ်ကုသရန်လိုအပ်သူ ၆၃၂၀  စုစုပေါင်း ၁၈၃၉၉ ဦး တို့ကို     ခွဲစိတ်ကုသပေးနိုင်ခဲ့သည့်အပြင်    စိုးရိမ်ဖွယ်ရာရှိသည့် လူနာများကိုလည်း ပါရဂူများ၊ ဆေးမှူးများဖြင့် အထူးကြပ်မတ်ကုသပေး လျက်ရှိသည်။ 
ထို့ပြင် ကလေးမီးဖွားလူနာ ၆၁၀၃ ဦးကို ခွဲစိတ်၍လည်းကောင်း၊ ၈၇၄၅ ဦးကို သာမန်ဖြင့်လည်းကောင်း မွေးဖွားပေးနိုင်ခဲ့ခြင်းကြောင့် ယနေ့အထိကလေးငယ် ၁၄၈၄၈ ဦးကို အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ပြီး တပ်မတော်အနေဖြင့် ပြည်သူလူထု၏ ကျန်းမာရေးကဏ္ဍ မြင့်မားရေး တွင် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။
သတင်းစဉ်